ဘုရားဓာတ်လှေကား မတော်တဆပြုတ်ကျ၍ ၈ ဦး ဒဏ်ရာရ
Friday 05, June, 2009.ထင်ရှားသော အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ခ) ရဝေနွယ် (အင်းမ)၊ မုံရွာ ဗောဓိတထောင် ဆရာတော်နှင့် ဘုရားဖူး ၅ ဦးတို့သည် မုံရွာဗောဓိ တထောင်ဘုရားတွင် မတော်တဆ ဓာတ်လှေကား ပြုတ်ကျမှုကြောင့် မန္တလေး အထွေထွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ယမန်နေ့ညနေ ၆နာရီ ၃၀ခန့်က ဤကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် ဆရာတော်အရှင်ဆန္ဒာဓိကမှာ ခြေကျင်းဝတ် အရိုးအက်သွားသဖြင့် ခွဲစိတ်ကုသခံရကာ၊ ဆရာတော်အရှင်ရာဇိန္ဒ (ခ)ရဝေနွယ်(အင်းမ)မှာလည်း ခြေထောက် အရိုးကျိုးသွားပြီး ခွဲစိတ်ကုသခံရဖွယ်ရှိကြောင်း၊ ဗောဓိတထောင် ဆရာတော်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း မန္တလေးရှိ ဂျာနယ် သတင်းထောက် တဦး က ပြောပြသည်။
ယခုဓာတ်လှေကား မတော်တဆ ဖြစ်မှုမှာ လျှပ်စစ်မီးချွတ်ယွင်းချက်ကြောင့် ဗောဓိတထောင် ဘုရားရှိ ရပ်တော်မှု ဆင်းတုတော် ၏ ၃၁ ထပ် မှ ၂၆ ထပ်အထိ ဓာတ်လှေကားပြုတ်ကျခြင်းကြောင့် ဖြစ်ကြောင်း လည်းသိရသည်။
ဗောဓိတထောင်ဘုရားသည် မုံရွာမြို့တွင် ရှိပြီး ၂၀၀၇ ခုနှစ် က တည်ဆောက်ပြီးစီးခဲ့သော ၁၃၀ မီတာ အမြင့်ရှိ သည့် ဗုဒ္ဓဆင်းတုတော်ကြောင့် ထင်ရှားကျော်ကြားသည်။
အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)နှင့် ရှင်ရာဇိန္ဒတို့သည် ၎င်းတို့ရေးသားထုတ်ဝေသော စာအုပ်များကြောင့် မြန်မာပြည်တွင် လူသိများထင်ရှားသည်။
သက်သေများကိစ္စ ရုံးချိန်းသတ်မှတ်
Friday 05, June, 2009.ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်းတွင် လာမည့် ဇွန်လ ၉ ရက်နေ့သို့ တရားရုံးက ရက်ချိန်း သတ်မှတ်လိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ ညနေ ၃ နာရီ တွင် တရားခံပြသက်သေ ၃ ဦးပယ်သည့်အမိန့် ပြင်ဆင်ရန်တင်ပြချက်အား၂ ဘက်လျှောက် လဲချက်များကို ကြားနား၍ လာမည့် ဇွန်လ ၉ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးကချိန်းဆိုလိုက်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောဆိုသည်။
“ကျနော်တို့ တင်ထားတဲ့ သက်သေ ၃ ဦး ကိစ္စ ပြင်ဆင်မှုနဲ့ ပတ်သက်ရင် တိုင်းတရားသူကြီးဆီမှာ ကျနော်တို့ ဘက်ရော တရားလိုဘက်ရော ၂ ဘက် လျှောက်လဲချက်ကို ဒီညနေ ၃ နာရီမှာ ပေးခဲ့ပါတယ်၊ လျှောက်လဲချက် ပေးပြီးတော့ တိုင်းတရားသူကြီးက ဒီပြင်ဆင်မှုနဲ့ပတ်သက်ပြီး အမိန့်ချဖို့ ၉ ရက်နေ့ ၃ နာရီကို ချိန်းပါတယ်၊ ဒီနေ့ က ကြားနာရုံသက်သက်ပါ”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်းကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန်ချိန်းဆိုထားသည့် မူလခရိုင်တရားရုံးသို့သွားရောက် ရာတွင် တိုင်းတရားရုံးက ပြင်ဆင်ချက်ရှိနေသည့်အတွက် အပြီးသတ်လျှောက်လဲရန်နှင့်ပတ်သက်ပြီး ရက်ချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုလိုက်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“တိုင်းရုံးက ပြင်ဆင်မှုရှိနေတဲ့အတွက် ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရက်ချိန်းကို ၁၂ ရက် ၆ လ ကို ရွှေ့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒါကလည်း အပြီးသတ်လျှောက်လဲချက်အတွက် မဟုတ်သေးဘူး၊ ဒါက ဒီမှာ ကျင့်သုံးတဲ့ မူအရ တိုင်းရုံးကအဖြေတခုခုရမှသာ အောက်ရုံးက ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ အဲဒီတော့ အခု ချိန်းတယ်ဆိုတာက အခြေအနေတင်ပြရုံ ရက်ချိန်း၊ အဲဒါက မူလအမှု”ဟု ဦးဉာဏ်ဝင်း က ရှင်းပြသည်။
တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက်လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ ၅ ရက်သို့ ချိန်းဆိုထားခြင်းဖြစ်သည်။
ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် တရားရုံးတွင် တွေ့ဆုံရာ၌ အမှုအတွက်ဆွေးနွေး၍ ၎င်းလိုအပ်သော စာအုပ် များကို လုံခြုံရေးမှတဆင့်ပေးအပ်ခဲ့ကြောင်း၊ သို့သော် သတင်းနားထောင်ခွင့်မရသေးကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။
၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။
သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။
ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။
စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း
Friday, 05 June 2009 16:00 အောင်သက်ဝိုင်း
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျမှုမှာ ဆောက်လုပ်ရေးပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး လူနှစ်ဦး သေဆုံး၍ ၃၄ ဦးဒဏ်ရာရရှိသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာမှ ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဒလ ဒေသခံများနှင့် ဓနုတ် စံပြကျေးရွာသားများက ပြောသည်။

ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
“ဘုရားကြီးပြိုတဲ့ နေ့ကတောင် ပွဲချင်းပြီးဆုံးတာ လေးဦး၊ ဆေးရုံကိုပို့တဲ့ လမ်းမှာတင် ဆုံးတာ နှစ်ဦးနဲ့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာဆုံးတာတွေ၊ ဘုရားကြီး လှိုဏ်ဂူထဲမှာ ပိတ်မိပြီး ဆုံးတာတွေ အားလုံး ပေါင်းရင် အနည်းဆုံး နှစ်ဆယ် ကျော်တယ်၊ နှစ်ဦးဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဓနုတ်စံပြ ကျေးရွာသား တဦးက ပြောသည်။
သတင်းစာတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။
“ဘုရားပြိုတာ မေ ၃၀ ရက်နေ့က ပြိုတယ်။ ဒါပေမယ့် အစိုးရက ဇွန်လ ၄ ရက်နေ့မှ တရားဝင်သတင်းထုတ်ပြန် တယ်။ ဒီလိုသတင်းထုတ်ပြန်တာကလည်း သတင်းကို ဖုံးလို့ဖိလို့ မရတော့လို့ သတင်းထုတ်ပြန်တာ။ သတင်း ထုတ်ပြန်တော့လည်း အချက်အလက်တွေလွဲမှားတယ်။ အခုဘုရားကြီးကို သတင်းထောက်တွေနဲ့ ဘုရားဖူး ပြည်သူတွေ သွားရောက်ကြည့် ရှုလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်”ဟု ရန်ကုန်မြို့မှ သတင်းသမား တဦးက ပြောသည်။
ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံးအနီကြီး များ ဖြတ်သန်းခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး ၏အရိပ် ထီးတော်မပါဘဲ ကောင်းကင် တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့ မည်ဟု ဟောကိန်းထုတ်ထားသည်။
“ဘုရားပြိုတယ်ဆိုတာ မကောင်းပါဘူး၊ ဒါပေမယ့် လူတွေက သူတို့ပြင်တဲ့ဘုရားအဲဒီလိုပြိုသွားတော့ ဗိုလ်ချုပ်မှူး ကြီးမိသားစုကို ဘုရားရိုက်တော့မယ်ဆိုပြီး ၀မ်းသာကြတယ်။ သူတို့ရဲ့အကုသိုလ်တွေ အကျိုးပေးတော့မယ် ဆိုပြီး လည်း ပြောဆိုနေကြတယ်။ အစိုးရ၀န်ထမ်းတွေတောင် အဲဒီလိုမျိုးပြောကြဆိုကြတယ်။ ဘုရားက တန်ခိုးကြီး တယ်၊ သွားဖူးချင်ကြတယ်။ ဒါပေမယ့် အစိုးရက သွားခွင့်ပိတ်ထားတော့ စိတ်မှန်းနဲ့ပဲဖူးနေကြတယ်”ဟု ရန်ကုန် မြို့ မှ အစိုးရ၀န်ထမ်းတဦးက ဆိုသည်။
ယင်း ဓနုတ်ဘုရားကြီးပြိုကျမှုကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် အင်တာနက် သတင်း စာမျက်နှာ များတွင် ချက်ချင်းဆိုသလို သတင်းများထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအတွင်း၌ ဘုရားပြိုကျ၍ လူအများ သေဆုံး ပြီး ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အစိုးရဘုရားရိုက်တော့မည်ဆိုသော ပြောဆိုမှုများလည်း လူအများကြား တွင်ပျံ့နှံ့ နေခဲ့သည်။
ဓနုတ်စေတီတော်မြတ်ကြီးကို သာသနသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ပြီး စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တဦး ကရှင်းပြသည်။
ဓနုတ်စေတီတော်မြတ်ကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် က ပြောသည်။
အဆိုပါ ဘုရားပြိုသည့် သတင်းကို အစိုးရသတင်းစာများတွင် မထင်မရှားဖော်ပြသော်လည်း ပုဂ္ဂလိက သတင်း ဂျာနယ်များတွင် စာပေစိစစ်ရေးက လုံးဝဖော်ပြခွင့်မပြုကြောင်း ပြည်တွင်းသတင်းမီဒီယာအသိုင်းဝန်းမှ သိရှိရသည်။
Zani nipini 7/6/2009 ni kawl gam tan 10 laivuan na zong kithei khin ta hi.
Chin State, Tedim gam sung Thuklai khua pan mi 100 laivuan na sungpan in mi 12 takin gual zawhna ngah hi,
hih pen lungdam huai takpi mah hilo hiam? A ong(pass) lo mitampi tak sungpan gualzawhna ngah ihih manin, Topa' tungah lungdamkoh ding longal thudang omsa keng.
Mi pawl khat te' tan 10 gualzawh ding ngengen in, ama ngaihsut banga Distinction khawng angahlotak ciangin, hehsuak sak zaw lai thei hi, Onn zong aki onglo thei ahih lam tel siam hileng, Pasian thu um atate adingin apiang nakhempeuh ah lungdamkoh ding mah thupi masa pen hi.
No comments:
Post a Comment