|
| မြို့တော်ခန်းမကြီးတ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့ | ||
| |||
Thursday, October 1, 2009
မြို့တော်ခန်းမကြီးတ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်
အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန်ဆို
အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန်ဆို
မြန်မာ့ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ တိုးတက်မှု တစုံတရာ မရရှိဘဲ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် ဆိုပါက အမှား တခုဖြစ်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စု အရှေ့အာရှ နှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့ကမ့်ဘဲလ်က သတိပေး ပြောကြားလိုက်သည်။မစ္စတာ ကာ့ကမ့်ဘဲလ်က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးသန်းဆွေတို့ ပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မစ္စတာ ကာ့ကမ့်ဘဲလ်နှင့် လက်ထောက် စကော့ မာရှယ်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် နယူးယောက်မြို့တွင် ယမန်နေ့က အချိန် ၂ နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မစ္စတာ ကာ့ကမ့်ဘဲလ်က“၂ ဘက် တိုက်ရိုက် တွေ့ဆုံ စကားပြောမှ မြန်မာ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို သိနိုင်မှာ ဖြစ်တယ်၊ ဒါပေမယ့် အခု ဆွေးနွေးပွဲက တစုံတရာ အောင်မြင်မှုတော့ မရခဲ့ပါဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် စစ်အစိုးရအား ၎င်းက တောင်းဆိုလိုက်သည်။
ရိုးသားမှု မရှိသော ကြိုးပမ်းချက်များကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြု ထောက်ခံချက်ကို မရရှိနိုင်ကြောင်း လည်း မစ္စတာ ကာ့ကမ့်ဘဲလ်က စစ်အစိုးရကို သတိပေးလိုက်သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Philip J.Crowley က“ကျနော်တို့ ရပ်တည်ချက်တွေကို အပြန်အလှန် တုံ့ပြန်ဖလှယ်ဖို့ စတင်လိုက်တဲ့ ဆယ်စုနှစ် တခု အတွင်း ပထမဆုံး တွေ့ဆုံပွဲပါ၊ နောက်ထပ် ဆွေးနွေးပွဲတွေ ထပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ မနေ့က ဆွေးနွေး တာတွေကို ကျနော်တို့ ပြန်လည် သုံးသပ်ဖို့ လိုပါတယ်၊ တစုံတရာ သဘောတူညီချက်တော့ မရရှိသေး ပါဘူး” ဟု ပြောသည်။
ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယား-မြန်မာ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရက စိုးရိမ်ပူပန် နေသည့် အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
အမေရိကန် အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက မြန်မာစစ်အစိုးအရ အနေဖြင့် အမေရိကန်နှင့် မဆွေးနွေးမီ လိုက်လျောမှု ပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး မြန်မာ ပြည်သူလူထုကို ဖိနှိပ်နေသည့် ယုတ်မာကောက်ကျစ်သော စစ်အစိုးရ၏ သိက္ခာတရား ပိုမို ကောင်းမွန်လာခြင်း ကို စိုးရွံမိကြောင်း ယမန်နေ့က ဆိုသည်။
ထို့အပြင် မြန်မာပြည်သို့ မကြာသေးမီက လာရောက် လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ကြားနာပွဲတွင် အမေရိကန် အစိုးရ၏ ပြောင်းလဲလိုက်သည့် မူဝါဒကို ချီးကျူးပြောဆိုလိုက် သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်က“မြန်မာပြည်နဲ့ ပတ်သက်ပြီး ကျနော်တို့ ရင်ဆိုင်နေရတဲ့ အနေအထားက နိုင်ငံတနိုင်ငံကို ကမ္ဘာ့ အလယ်က ၀ိုင်းပြီး ပယ်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဥပမာ တခုပါ” ဟုဆိုသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာ့ အရေးနှင့် ပတ်သက်၍ အရေးယူပိတ်ဆို့မှုကို ပြန်လည် ရုပ်သိမ်းပေးပြီး ဖွံ့ဖြိုး တိုးတက်လာသော ဗီယက်နမ်ကို ဥပမာထား ပြောဆိုလေ့ရှိသည်။
စစ်အစိုးရကို ဆန့်ကျင်သူများက “မြန်မာနိုင်ငံသည် ဗီယက်နမ် မဟုတ်” ဟူသော စာတမ်း ပါ အစိမ်းရောင် အကျီများကို ၀တ်ဆင၍် ယင်းကြားနာပွဲသို့ တက်ရောက်ခဲ့ကြသကဲ့သို့ သံဃာတော်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကြားနာပွဲသို့ တက်ရောက်လာသော ဒေါက်တာ သန့်မြင့်ဦးက အရေးယူ ပိတ်ဆို့မှုများသည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် အကောင်းထက် အဆိုးကိုသာ ဦးတည်စေသည်ဟု ပြောကြောင်း သိရသည်။
အင်ဒီယားနား တက္ကသိုလ် ပါမောက္ခ David Williams က မြန်မာပြည်တွင် တိုးတက်မှု တစုံတရာ မရှိဘဲ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပါက အမှားအယွင်း တခု ဖြစ်ကြောင်း၊ စစ်အစိုးရ အပေါ် တရုတ်၏ လွှမ်းမိုးမှုနှင့် အမေရိကန်က နှိုင်းယှဉ်မည် ဆိုပါက တရုတ်ကဲ့သို့ လိုက်လံ မကျင့်သုံးနိုင်သဖြင့် ဆိုးကျိုးသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို တနလာင်္နေ့တွင် ကြေညာခဲ့သည်။ အမေရိကန်၏ မူဝါဒသစ်ကို ထုတ်ပြန် ကြေညာပြီး နောက်တနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကြခြင်း ဖြစ်သည်။
မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။
စစ်ဖြစ်ရာ ဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ
စစ်ဖြစ်ရာ ဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ
လက်နက်ကိုင် ပဋိပက္ခဒေသများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရှုတ်ချ ကန့်ကွက်ကြောင်း အဆိုပြုချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ များက ဗုဒ္ဓဟူးနေ့တွင် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြသည်။အဆိုပါ သဘောတူညီချက်အရ မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးပြုနေမှုများအား တိုက်ဖျက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တဦး ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို့အပြင် အစိုးရအာဏာပိုင်များက အဆိုပါ ရာဇ၀တ်မှု ကျူးလွန်သူများကို အထိရောက်ဆုံး အပြစ်ပေးနိုင်ရေးအတွက် အကြံပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တခု ဖွဲ့စည်းရမည် ဖြစ်သည်။
မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြခြင်းမှာ လူမှုရေးအရ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် ရာဇ၀တ်မှုမြောက်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က အထွေထွေ ညီလာခံတွင် ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။
“ဒီ ပဋိပက္ခတွေကို အဆုံးသတ်သွားဖို့အတွက် ကျမတို့ ချက်ချင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောကြားလိုက်သည်ဟု သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို မသိရသေးသော်လည်း ထိုသို့ဆုံးဖြတ်လိုက်ခြင်းအတွက် ကြိုဆို ထောက်ခံကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) မတင်တင်နွယ်က ပြောသည်။
“လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်” ဟု မတင်တင်နွယ်က ဧရာဝတီကို ပြောသည်။
လက်နက်ကိုင် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသော နိုင်ငံမှာ ကွန်ဂိုနိုင်ငံဖြစ်သည်ဟု သိရသည်။ နေ့စဉ်နေ့တိုင်း အမျိုးသမီး ၃၆ ဦး မတော်မတရား ပြုကျင့်ခံနေရသည်ဟု သိရသည်။ အာဖရိက၊ အာရှ နှင့် ဥရောပနိုင်ငံများတွင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။
၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်၊ ရ၀မ်ဒါနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု စစ်ပွဲများအတွင်း အမျိုးသမီး ငါးသိန်းကျော် မတရားကျင့်ခံခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဥရောပတိုက် အရှေ့တောင်ဘက်ရှိ ဘော်လကန်ဒေသ စစ်ပွဲတွင် မုဒိမ်းကျင့်ခံရသူပေါင်း ခြောက်သောင်းဝန်းကျင် ရှိသည်။ အာဖရိကတိုက်ရှိ ဆီယာလီယွန်နိုင်ငံတွင် ၁၉၉၁ မှ ၂၀၀၁ ခုနှစ်အတွင်း စစ်ပွဲကြောင့် ပေါ်ပေါက်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ခြောက်သောင်းကျော် ရှိခဲ့သည်။
ရာဇ၀တ်မှု ကျူးလွန်သူ အများအပြားမှာ အပြစ်ပေး အရေးယူခံရခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို လက်နက်တခုသဖွယ် အသုံးပြုနေကြောင်း အမျိုးသမီးအဖွဲ့များက ထောက်ပြထားသည်။
၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသမီး အစည်းအရုံး၏ အစီရင်ခံစာတွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်း ပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
မကြာသေးမီက စစ်အစိုးရတပ်များ ကိုးကန့်ဒေသသို့ ၀င်ရောက် တိုက်ခိုက်စဉ်အတွင်း မုဒိမ်းမှုများ ဖြစ်ပွားသည့် သတင်းများ ကြားရသည်ဟု ကိုးကန့်ဒေသ ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်က ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ပြောသည်။
ရခိုင်ပြည်နယ်စပ်တွင် လှေမှောက်၍ လူ ၁၁ ဦးသေဆုံး
ရခိုင်ပြည်နယ်စပ်တွင် လှေမှောက်၍ လူ ၁၁ ဦးသေဆုံး
ရခိုင်ပြည်နယ် မောင်းတော နယ်စပ်မှ နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာသေးခင် ရက်ပိုင်းက ခိုးဝင်သော လှေတစင်း နစ်မြုပ်သွားသဖြင့် လူ (၁၁) ဦး သေဆုံးသွားကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်ဘက်သို့ ညပိုင်း လှေ ၂ စင်း ခိုးဝင်စဉ် ယခု တစင်း နစ်မြုပ်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။
လှေမြုပ်သွားရသည့် အကြောင်းအရင်းကို မသိရှိရသော်လည်း နောက်မှ လိုက်ပါလာသော လှေတစင်းသည် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာကြောင်း မျက်မြင်များက ပြောပြသည်ဟုလည်း ၎င်းက ဆိုသည်။
သေဆုံးသွားသူများထဲမှ အမျိုးသမီး အလောင်း၂ လောင်းကို အင်္ဂါနေ့တွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မြစ်ကမ်းနား ၌ တွေ့ရှိခဲ့ပြီး ကျန်သည့်အလောင်းများကို မြန်မာဘက်ကမ်းခြေတွင် ဒေသခံများက တွေ့ရှိခဲ့၍ အာဏာပိုင်များထံ သတင်း ပေးခဲ့ခြင်းဖြစ်သည်ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။ အမျိုးသမီး တဦး၏ အလောင်းကိုမူ ယခုအချိန် အထိ မတွေ့ရှိရသေးကြောင်း ဆိုသည်။
ယခု လှေနစ်မြုပ်၍ သေဆုံးသူများမှာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၈ ဦးဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တော မြို့တွင် နေထိုင်သည့် ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း သိရသည်။
ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်
| ဗကသ က အဝါရောင် လှုပ်ရှားမှု စတင် | | |
| ဖနိဒါ |
| ကြာသပတေးနေ့၊ အောက်တိုဘာလ 01 ရက် 2009 ခုနှစ် 20 နာရီ 04 မိနစ် |
| မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။ ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေး၊ သီရိမင်္ဂလာဈေး၊ တာမွေဈေး၊ တောင်ဥက္ကလာဈေး၊ မြောက်ဥက္ကလာဈေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ “ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ သံဃာတွေနဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့က လပြည့်နေ့အတွက် ကုသိုလ် ယူတာပါလို့ ပြောပြီးတော့ ဈေးထဲသွားဝေပြီး အမြန်ပြန်ထွက်လာလိုက်တယ်။ တီရှပ် အဝါရောင် ဗြောင်ပဲ။ အားလုံး ၂၀၀ လောက် ဝေလို့ရတယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။ သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်သည်ကို နအဖ စစ်တပ်က ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်၍ သေနတ်ဒင်ဖြင့် ထုခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းဖြင့် စော်ကားခဲ့သောကြောင့် ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင် ခဲ့ကြသည်။ လာမည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မိန့်ကြားသည်။ “ကံမြောက်မှာပါ။ ၃ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှာ ဦးဇင်းတို့က သိမ်တခုထဲမှာ သွားပြီးတော့ ကမ္မဝါစာ ပြုတဲ့အချိန်မှာ သံဃာတွေက သမဂ္ဂီဖြစ်နေတာ။ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ဖြစ်နေချိန်မှာ ကမ္မဝါ ညှပ်တယ်ဆိုတော့ ကံမြောက်နိုင်တယ်။ လူတွေ ထင်နေတာက အရင်စက်တင်ဘာလို လုပ်မယ်လို့ ထင်နေကြတယ်။ အဲဒီပုံစံတော့ မဟုတ်ဘူး” ဟု ဦးဓမ္မဝံသက မဇ္ဈိမကို မိန့်သည်။ သံဃာတော် အနည်းဆုံး ၄ ပါးခန့်က သိမ်ကျောင်းဆောင်အတွင်း၌ ကမ္မဝါ စာရွတ်ဆိုပြီး တမ္ဘာလုံးရှိ သံဃာတော်များ အား အကြောင်းကြား လိုက်လျှင် သံဃာများက ပြုသည့်ကံ ဖြစ်သောကြောင့် သံဃာမှန်သမျှ လေးစားလိုက်နာ ရကြောင်းနှင့် မလိုက်နာပါက သံဃာဝိနည်း၊ မြတ်စွာဘုရား၏ ဝိနည်းတော်ကို ချိုးဖောက်ရာကျကြောင်း သံဃာတော်များက မိန့်သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ပွဲ နှစ်ပတ်လည် ကာလတွင် သံဃာတော် များ၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရန် စစ်အစိုးရက ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။ ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ပြောဆိုသည်။ ယမန်နေ့ကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ထန်းတောကျေးရွာမှ သက်တော် ၅၀ နှစ် အရွယ်များ ဖြစ်ကြသည့် ဇေယျသီရိန် ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒနှင့် ဇေယျာသိမ် ကျောင်းတိုက်မှ ဦးဇင်း ဦးအဂ္ဂတို့အား မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ အပါအဝင် အထူးရဲ သတင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ထန်းတောကျေးရွာ ဒေသခံတဦးက ပြောသည်။ “နှစ်ပါးစလုံးကို ကမ္ဘာအေး ဘုရားမှာ ထားတယ်လို့ ပြောတယ်။ ဒီနေ့ ကွမ်းခြံကုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးကို အရှင်ဦးအဂ္ဂက ဖုန်းဆက်လာတယ်လို့ ပြောတယ်။ ပြန်လွတ်လာ မလားတော့ မသိသေးဘူး” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။ အဆိုပါ သံဃာတော် နှစ်ပါးသည် မန္တလေးမြို့စာသင်တိုက်များတွင် ဘာသာရေးဆိုင်ရာ ဆည်းပူး ခဲ့ဖူးသူများဖြစ်ပြီး ၂၀၀၇ စက်တင်ဘာလအတွင်း သံဃာတော်များ မေတ္တာပို့ ဆုတောင်းရာတွင် ပါဝင်ခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ သံဃာတပါးက မိန့်သည်။ |
နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရ ဖိအားပေးမှု တိုးလာနေ
နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရ ဖိအားပေးမှု တိုးလာနေ
နယ်ခြားစောင့်တပ် ပြောင်းလဲရေး အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့နှင့် မြောက်ပိုင်းတိုင်းတိုင်မှူး ဗိုလ်ချုပ်စိုးဝင်းတို့ မြစ်ကြီးနားမြို့တွင် တွေဆုံဆွေးနွေး ခဲ့သော်လည်း သဘောတူညီမှု တစုံတရာမရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနေရာတွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Steve Winter / National Geographic Image Collection)
“နအဖက ဘာမှညှိလို့မရဘူး၊နဂိုကတည်း နယ်ခြားစောင့်တပ်လုပ်ဖို့စီစဉ်ထားပြီးသားပဲ၊ ဒီတွေ့ဆုံပွဲ ဆိုတာလည်း KIAက စစ်ကိုရှောင်ချင်လို့ တမင်သက်သက် အချိန်ဆွဲတဲ့သဘောပါ”ဟု လဖိုင် နော်ဒင်း က ပြောဆိုသည်။
KIA မှ လက်ရှိ ကချင်လူထုအတွက် ဖွင့်လှစ်ထားသော သစ်တောထိန်းသိမ်းရေးဌာန၊ ပညာရေးနှင့် ကျန်းမာရေးဌာနတို့ လည်း ဆွေးနွေးမှုတွင်ပါဝင်ကြောင်း၊ယခင်ကလည်း အာဏာသုံးရပ်ဖြစ်သော အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ တရားစီရင်မှုတို့ နှင့် ပတ်သက်၍ ပါဝင်ခွင့်ပြုရန်အတွက် စစ်အစိုးရကို တောင်းဆိုခဲ့ကြောင်း၊ အဆိုပါကိစ္စများသည် စစ်အစိုးရက တုံ့ပြန်မှု မပြုခဲ့သည့် အကြောင်းအရာများသာဖြစ်ကြောင်း ၎င်းကဆိုသည်။
“နအဖကတော့ KIO ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတခုလိုပဲ မြင်ထားတာ၊ ဒါကို လက်နက်ကိုင်တပ်ဖွဲ့မဟုတ်ဘူး၊ အစိုးရအဖွဲ့အစည်းလိုမျိုး ပညာရေး၊ ကျန်းမာရေး၊ တရားရေးတို့နဲ့ဖွဲ့ထားတာလို့ မြင်အောင်လုပ်တာပါ”ဟု လဖိုင်နော်ဒင်း ကပြောသည်။
စစ်အစိုးရရည်ရွယ်ချက်မှာ လက်နက်ကိုင်တပ်ကိုသာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးဖြစ်ပြီး၊ အခြားအရပ် ဖက် အဖွဲ့အစည်းများပြောင်းလဲ ဖွဲ့စည်းရေးသည် အဓိကမဟုတ်ကြောင်းလည်း လဖိုင် နော်ဒင်း ကသုံးသပ်သည်။
ယခုပြုလုပ်ခဲ့သော ဆွေးနွေးပွဲကို KIAဘက်မှ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး KIA အနေဖြင့် စစ်အစိုးရနှင့် တင်းမာမှု လျော့ပါးရေးအတွက် ဆောင်ရွက်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း ၊ သို့သော်စစ်ရေးအရ အသင့်ပြင်ဆင်ထားဟု ဆို သည်။
အလားတူ အခြားအပစ်ရပ်အဖွဲ့တခုဖြစ်သော ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)အဖွဲ့အနေဖြင့်လည်း နယ် ခြားစောင့်တပ်ဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရနှင့် အကြိတ်အနယ်ဆွေးနွေးနေကြောင်း သိရသည်။
အဆိုပါ နယ်ခြားစောင့်တပ်ကိစ္စကို ရွေးကောက်ပွဲအပြီး အနိုင်ရသော အစိုးရနှင့်သာ ဆွေးနွေး၍ နောက်ဆုံး လက် နက်ချသင့်လျှင်ချမည်ဖြစ်သည်ဟု ၀ခေါင်းဆောင်ပိုင်းက ပြောကြောင်း ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်အယ်ဒီတာ ဦးစိန်ကြည်က ပြောဆိုသည်။
သို့သော် စစ်အစိုးရထံမည်သည့်အခါမျှ လက်နက်မချဟု ကြွေးကြော်ခဲ့သော ဘိန်းဘုရင် ဦးခွန်ဆာ ခေါင်းဆောင်သည့် မောင်ထိုင်းတပ် မတော်(MTA) ကို ထောက်ပြပြောဆိုကာ ၀တပ်ဖွဲ့သည်လည်း စစ်အစိုးရထံသို့ လက်နက်မချဟု တထစ်ချမပြောနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ယခုအခါ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို ငြင်းပယ်ထားသော အပစ်ရပ်အဖွဲ့များအား စစ်အစိုးရက နည်း လမ်းပေါင်းစုံဖြင့် ဖိအားပေးလာကြောင်း၊ ထို့အတွက် စစ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်သည့် နည်းကို မရွေးချယ်ဘဲ နယ် ခြား စောင့် တပ်ဖွဲ့စည်းရေးကို သဘောတူညီပြီး တဘက်မှလည်း ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ပြည်နယ်မှ ၀င်ရောက် ယဉ်ပြိုင်သည့်နည်းကို သုံးလာနိုင်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇောကလည်း ပြောသည်။
“အပြတ်အသတ်တိုက်တဲ့နည်းကိုသုံးမှာ မဟုတ်ဘူး၊ ရင်ဆိုင်တိုက်ရင်လည်း ကိုးကန့်လိုဖြစ်မယ်၊ အင်အားအရ မယှဉ်သာ ဘူး၊ လူထုကလည်းသိပ်မရှိသေးတော့ ထိပ်တိုက်မရင်ဆိုင်ဘဲနဲ့ နည်းပရိယာယ် ပျော့ပျော့ပြောင်းပြောင်းနဲ့ အချိန်ကို ရနိုင် သမျှ ဆွဲကြည့်နေတာ”ဟု ၎င်းက ပြောဆိုသည်။
Monday, September 28, 2009
စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန့်ခွန်းပြောမည်
Monday, September 28, 2009 3:36 PM
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းနေတဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဒီကနေ့ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ ၁၄ နှစ်အတွင်းမှာ မြန်မာနိုင်ငံက အဆင့်အမြင့်တာဝန်ရှိသူတယောက်က ခုလို ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံကို လာတက်ပြီး မိန့်ခွန်းပြောမှာဟာ ထူးခြားတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင် တယောက် ကုလသမဂ္ဂမှာ လာပြီးမိန့် ခွန်းပြောမဲ့ ကိစ္စအပေါ် မြန်မာ့အရေး လေ့လာနေသူတွေကလဲ တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။ ဒီအကြောင်းကို သတင်းယူဖို့  ဝိုင်းတော်သူ မစုမြတ်မွန်ကလဲ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ ရောက်နေပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မိန့်ခွန်း ပြောမယ့် အခြေအနေကို မစုမြတ်မွန်ကို မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောမှာက နယူးယောက်မြို့ရဲ့ စက်တင်ဘာ၂၈ နေ့ မှာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သိရသလောက်ကတော့  ဗိုလ်ချုပ်ကြီးသိန်းစိန် ဒီနေ့ မနက်ပိုင်းကပဲ နယူးယောက် မြို့ ကို ရောက်ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်။ တနင်္လာနေ့ မှာ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့  အစီအစဉ်အတိုင်း ဆိုရင်တော့  နယူးယောက်မြို့ ဒေသစံတော်ချိန် မနက်ပိုင်း လောက်မှာ ပြောပါလိမ့် မယ်။ သူဟာ ၁၄ နှစ်အတွင်းမှာ အထွေထွေ ညီလာခံကို မိန့်ခွန်းပြောမယ့် စစ်အစိုးရရဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အရင်နှစ်တွေက အထွေထွေ ညီလာခံကို စစ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ပဲတက်တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဝန်ကြီးချုပ်က တက်ရောက် မိန့် ခွန်းပြောမှာဟာ တော်တော်လေး ထူးခြားနေပါတယ်။ သူဘာပြောမယ်ဆိုတာကို အတိအကျ ကြိုပြောနိုင်ဖို့ ကတော့ ခက်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းရတာကတော့ ရှေ့နှစ် ၂၀၁၀ မှာ စစ်အစိုးရ လုပ်တော့မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ ဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်မယ့် အစီအစဉ် နဲ့ အချိန်ကိုက်ပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ထောင်ချီကို ပြန်လွှတ်ပေး ထားတာလဲ ရှိတော့ ဒီကိစ္စကို ထောက်ပြပြီး စစ်အစိုးရဟာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်ဖို့၊ ဒီမိုကရေစီစနစ်ဆီ ပြုပြင်ပြောင်းလဲဖို့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ပြနေပါတယ် ဆိုတာမျိုးလဲ ပြောနိုင်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon မြန်မာနိုင်ငံကို ဇူလိုင်လမှာ မြန်မာနိုင်ငံ သွားတုန်းက ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့အစည်း အားလုံးပါဝင် နိုင်အောင် ဒီမိုကရေစီနည်းလမ်းကျလုပ်ပါလို့ တိုက်တွန်းထားတာလဲရှိပါတယ်။ ဒါကြောင့် မြန်မာဝန်ကြီးချုပ် ဘာတွေပြောမလဲ ဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြမှာ မလွဲပါဘူး။ အထူးသဖြင့်တော့ မြန်မာအပေါ်ထားတဲ့ မူကို အိုဘားမားအစိုးရက အသစ်ပြောင်းဖို့ စဉ်းစားနေတဲ့ အချိန်လဲဖြစ်လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ မူဝါဒ အပြောင်းအလဲအတွက် သက်ရောက်စေမယ့် အချက် ဘာများပါမလဲဆိုတာကိုလည်း မြန်မာ့အရေး လေ့လာသူတွေ စိတ်ဝင် စားနေကြပါတယ်။ (ဆက်ဖတ်ရန်)
ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့
| ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့ | ||
| |||
ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး
| ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို | ||
| |||
တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား
|
| တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ | ||
| |||
တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း
|
| တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း | ||
| |||
ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး
ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး
ကိုးကန့်တိုက်ပွဲများ အတွင်း စစ်အစိုးရတပ်များက တရုတ်လူမျိုးများအပေါ် ကြမ်းတမ်းစွာ ပြုမူ ဆက်ဆံခဲ့ပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စစ်အစိုးရကို သတိပေးပြောကြားလိုက်ကြောင်းသိရသည်။ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲများအတွင်း စစ်အစိုးရတပ်များ၏ ဒေသတွင်းရှိ တရုတ်လူမျိုးများ အပေါ် နစ်နာစေရန်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး ဥပဒေအရအရေးယူဆောင်ရွက်ရန် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ တဦးကို ခေါ်ယူပြီး ပြောကြားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသို့ သတိပေးပြောကြားခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောဆိုသည်။
“ဒါအမေရိကန်နဲ့မြန်မာဆက်ဆံရေး အပြောင်းအလဲကြောင့် လည်းပါမှာပေါ့၊ တရုတ်နိုင်ငံထဲမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ကိုင်တွယ်ပုံကို မကျေနပ်ကြဘူး”ဟု ၎င်းက ပြောသည်။
ကိုးကန့်ဒေသတိုက်ပွဲများ အတွင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သောကြောင့်၊ တရုတ်လူမျိုး တဦးသေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တရုတ်လူမျိုးပိုင် စတိုးဆိုင်များနှင့် ကုန်တိုက်ကြီးများ လုယက်ခံခဲ့ရ သည်ဟု သိရသည်။
အလားတူ ၂၀၀၀ပြည့်နှစ် မုန်းကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် မုန်ဆာလ နှင့် လီနမင် တို့၏ အာဏာပြိုင်ဆိုင်မှုတွင်လည်း စစ် အစိုးရတပ်များက တရုတ်နိုင်ငံသားအများအပြားကို သတ်ဖြတ်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ယခုကိုးကန့် ပြဿနာ ကဲ့သို့ ဒုက္ခသည်အများအပြား တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“လီနမင်တို့ကို ပစ်သတ်တုန်းကလည်း တရုတ်ကြေးစားစစ်သားတွေရော၊ ကုန်သည်တွေပါသေကုန်တာပဲ၊ အဲ့သည်တုန်းက လည်း တရုတ်အစိုးရက မကန့်ကွက်ခဲ့ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက် နှင့် ၂၅ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့တွင်လည်းကောင်း၊ ယနေ့တွင်လည်း ရှမ်းပြည်နယ်ကွတ် ခိုင်မြို့၌ နှစ်နိုင်ငံ စစ်ဖက်အရာရှိများ နယ်စပ်ဒေသအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများကို ပြုလုပ်နေကြောင်း သိရသည်။
တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက“ဒါကတော့ တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေ အရိုက်အနှက် အဖမ်းအဆီးခံရလို့ တာဝန်ရှိတဲ့အတိုင်း ခေါ်ပြီး သတိပေးတယ်လို့မြင်တယ်” ဟုပြောသည်။
၁၉၆၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံး၏ ပုံပါရင်ထိုး တံဆိပ်ချိတ်ဆွဲ မှုနှင့် ရန်ကုန်မြို့တွင် တရုတ် မြန်မာ အရေးအခင်းများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ထိုအရေးအခင်း နှင့် ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်တွင် နှစ်နိုင်ငံ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်း သခင်ချန်ထွန်းကဆိုသည်။
“အဲ့သည်တုန်းကတော့ အခုလိုသတိပေးတာမျိုးတော့ မလုပ်ဘူး၊ နယ်စပ်မှာ တိုက်ပွဲတွေအကြီး အကျယ်ဖြစ်ကြတာပဲ၊ သံတမန်တွေတောင် တဖက်နဲ့ တဖက် ပြန်ခေါ် ကြတာပဲ”ဟု ၎င်းက ပြောသည်။
၁၉၈၈ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအလွန် ကောင်းမွန်လာခဲ့ပြီး၊ နယ်စပ်ဒေသ တွင် ယခုကဲ့သို့ ပြဿနာများမရှိကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တောင်းဆိုခြင်းသည် လုပ်ရိုးလုပ်စဉ် ပြလုပ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော အပြောင်းအလဲများဖြစ်လာမည် မထင်ကြောင်း ဦးအောင်ကျော်ဇော က သုံးသပ်သည်။
၁၉၆၇ခုနှစ် ၁၉၆၈ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စများမှာ တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားသော ပြဿနာများ ဖြစ်ပြီး၊ ယခုဖြစ်သော ကိုးကန့်ပြဿနာသည် ပြောပလောက်သော ပြဿနာ မဟုတ်ကြောင်း မကြာခင် ပြေလည်မှုများ ပြန်လည်ရရှိမည်ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။
လေယာဉ်မောင်း သင်တန်း တက်နိုင်မည်
| လေယာဉ်မောင်း သင်တန်း တက်နိုင်မည် | | |
| ဖိုးဇော် |
| တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 18 နာရီ 44 မိနစ် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ ငွေကြေး ချမ်းသာသူ မြန်မာ နိုင်ငံသားများ အနေဖြင့် အမေရိကန် ဒေါ်လာ ၃ သောင်းခွဲ အကုန်ကျ ခံ၍ ဖိလစ်ပိုင် နိုင်ငံတွင် လေယာဉ်မောင်း သင်တန်း တက်ရောက်နိုင်ပြီ ဖြစ်သည်။ တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင် ထားပြီး အချိန်တိုတို အတွင်း လေယာဉ်မှူး တဦး ဖြစ်လိုသူများ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ လူဇုံ Lyzon မြို့ရှိ Cyclone Flying ကျောင်းတွင် သင်တန်း တက်နိုင်ပြီ ဖြစ်ကြောင်း ကျောင်းနှင့် ဆက်စပ် နိုင်ရေး ဝန်ဆောင်မှု ပေးနေသော ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ Myanmar Golden Bridge Co.,Ltd မှ တာဝန်ရှိသူ တဦးက ပြောဆိုခြင်း ဖြစ်သည်။ “အဓိက အဆုတ်ကောင်း ရမယ်။ လေယာဉ်က အမြင့်ကို တက်ရတဲ့ အတွက် အဲဒီလို အမြင့်ကို တက်တဲ့ အချိန်မှာ အဆုတ် မကောင်းတဲ့ လူဆို ခံနိုင်ရည် မရှိဘူး။ ကာလာ ဘလိုင်း (အရောင် မခွဲခြားနိုင်သူ) လက်မခံဘူး။ အစ်မ တို့က ဟိုဘက် သင်တန်းကျောင်းနဲ့ ချိတ်ပေးရုံ ပါပဲ။ လေဆိပ်မှာ လူလာကြိုဖို့၊ သင်တန်းကျောင်းကို သွားဖို့၊ သင်တန်း ကျောင်း ကို ငွေသွင်းဖို့၊ အဲဒီ ဝန်ဆောင်မှု တွေကိုပဲ အဓိက လုပ်ဆောင်ပေးပါတယ်” ဟု ကုမ္ပဏီ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ သင်တန်း နည်းပြများမှာ ဖိလစ်ပိုင် နိုင်ငံသား လေယာဉ်မှူးဟောင်း များဖြစ်ပြီး သင်တန်း ကာလမှာ ၇ လမှ ၁၀ လ အထိ ကြာမြင့်မည်ဖြစ်ကာ၊ စာတွေ့ သင်ကြားပြီးလျှင် မြေပြင်နှင့် ဝေဟင် နာရီ ၂၀၀ လက်တွေ့ မောင်းနှင် ရမည် ဖြစ်သည်။ သင်တန်းကြေး အမေရိကန် ဒေါ်လာ ၃ သောင်းခွဲ (နေစရိတ်ငြိမ်း) ကို သုံးကြိမ်ခွဲ ပေးရမည်ဖြစ်ကာ၊ သင်တန်းကာလ အတွင်း ကုန်ကျမည့် စားစရိတ် ဒေါ်လာ ၅၀၀၀ ခန့်ကို သင်တန်းသားက ကုန်ကျ ခံရမည်။ သင်တန်းပြီးပါက ပြည်တွင်း ကုန်တင် လေယာဉ်နှင့် အသေးစား လေယာဉ်များ မောင်းနှင်ရန် အဆင်သင့် ဖြစ်ကြောင်း နှင့် သို့ရာတွင် လေယာဉ်ကြီးများ မောင်းနိုင်ရန်မှာမူ နာရီ ၁၅၀၀မောင်းနှင်မှု မှတ်တမ်း လိုအပ်နေသေးမည် ဖြစ်ကြောင်း သိရသည်။ Myanmar Golden Bridge Co.,Ltd ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင် ထူထောင် ထားခဲ့ပြီး၊ ယခုအချိန်ထိ ဖိလစ်ပိုင် လေယာဉ်မောင်း သင်တန်းသို့ ၃ ဦးသာ တက်ရောက် နိုင်သေးကြောင်း သိရသည်။ |
၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို
၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို
၅၀၀၀ ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေသုံးစွဲမည့် စစ်အစိုးရ၏ အစီအစဉ်ကို မြန်မာပြည်သူ အများစုက တိုင်းပြည် စီးပွားရေး ယခုထက် ပိုမို ယိုယွင်းပျက်စီးမည့် အရိပ်လက္ခဏာ အဖြစ် ရှုမြင်နေကြကြောင်း လေ့လာ သိရှိရသည်။
(ဓာတ်ပုံ - The Voice Journal)
ကျပ် ၅၀၀၀ တန် ထွက်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရ၀န်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပျံကျဈေးသည်များနှင့် နေ့စားပျံကျ လုပ်သားများ၏ အမြင်များကို တွေ့ဆုံမေးမြန်းရာ အများစုမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်၊ ငွေ အကြွေ ပိုမို ရှားပါးလာမည်၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည် စသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာမည်ဟု ထင်မြင်ချက် ပေးကြသည်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးများ ကျဆင်းပြီး မြန်မာငွေ တန်ဖိုး ပြန်လည်မြင့်တက် တည်ငြိမ်လာချိန်တွင် ကျပ် ၅၀၀၀ တန် ထုတ်ဝေ ခြင်းသည် မှားယွင်းသော လုပ်ရပ် ဖြစ်သည် ဟု ရန်ကုန်ရှိ စီးပွားရေးပညာရှင် တဦးက ပြောသည်။
“စီးပွားရေး အကျပ်အတည်းမှာ မြန်မာငွေတန်ဖိုး မာလာတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေကြားမှာ ရွှေတို့၊ ဒေါ်လာတို့ထက် မြန်မာငွေပဲ စုထား၊ ကိုင်ထားတဲ့အထိ တန်ဖိုးတက်ခဲ့တယ်။ ရွှေဈေးတွေထိုးကျ၊ အမေရိကန်ဒေါ်လာ မတည်မငြိမ်ဖြစ်နေလို့ ကျပ်ငွေအပေါ် ယုံကြည်မှု တိုးနေချိန်မှာ မြန်မာငွေတန်ဖိုးက တည်ငြိမ်နေတာကို ဆက်ထိန်းသင့်တယ်” ဟု ထိုစီးပွားရေးပညာရှင်က ဆိုသည်။
ဘဏ်စနစ်နှင့် ချက်လက်မှတ် အသုံးပြုမှု မတွင်ကျယ်ခြင်းကြောင့် လက်ငင်း ငွေသားပေးချေစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေစက္ကူ အမြောက်အမြား ကိုင်တွယ်ရခြင်းမှ သက်သာ သွားနိုင် သော်လည်း ၅၀၀၀ ကျပ်တန် ထွက် ပေါ်လာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များပြားကြောင်း စီးပွားရေးပညာရှင် တချို့က သုံးသပ်သည်။
ယခုအခြေအနေတွင်ပင် အကြွေရှားပါးမှုပြဿနာ အကြီးအကျယ်ကြုံတွေ့နေရပြီး ၅၀၀၀ ကျပ်တန် ထွက်ရှိလာချိန်တွင် ပိုမိုအခက်ကြုံနိုင်သည်ဟုလည်း စီးပွားရေး ကျွမ်းကျင်သူများက ဆိုကြသည်။
“အခုတောင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေ ရှားနေတာ ၅၀၀၀ တန်ထွက်လာ ရင် ၅၀၀ နဲ့ ၁၀၀၀ တန် ထပ်ရှားသွားမယ်။ အကြွေရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်း တက်မယ်။ ဥပမာ - ၂၅၀ တန် ပစ္စည်းတခုကို အကြွေရှားလို့ ၃၀၀ နဲ့ တင်ရောင်းတယ်။ ၄၀၀ တန်ကိုလည်း အကြွေရှားလို့ ၅၀၀ တင်ရောင်းတယ်။ ဒီလိုနဲ့ နောက်ဆုံး ကုန်ပစ္စည်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက ၅၀၀ ဖြစ်လာလိမ့်မယ်။ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် ပစ္စည်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်” ဟု ဒဂုံတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဆရာတဦးက ဆိုသည်။
၅၀၀၀ ကျပ်တန်များ ထုတ်ဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရအနေနှင့် အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
“နေပြည်တော်ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက်လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရတာဆိုတာ ထင်ရှားပါတယ်” ဟု ရန်ကုန် စီးပွားရေးပညာရှင်တဦးက ပြောသည်။
၅၀၀၀ ကျပ်တန် ထွက်ရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ပြီး ချက်ချင်းလက်ငင်း ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ဘဲ တဖြည်းဖြည်း ခြောက်လမှ တနှစ်အကြား ငွေကြေး ဖောင်းပွမှု ပြဿနာများ ကြုံတွေ့ရမည်မှာ သေချာသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။
“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေးဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်း
ကျမှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင်တာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သုတေသီတဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် အများစုမှာ ၅၀၀၀ ကျပ်တန်ထွက်ရှိမည့်အပေါ် ဆိုးကျိုးသာ များသည်ဟု ထောက်ပြနေချိန်တွင် သာမန် မြန်မာပြည်သူများ အကြားတွင်လည်း ၅၀၀၀ ကျပ်တန် ထွက်ပေါ်လာမည့် အရေးကို စိုးရိမ်လျက် ရှိသည်။
၅၀၀၀ ကျပ်တန်ကြောင့် လုပ်ငန်းရှင်များအကြားတွင် မြန်မာငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ငွေအစား ခိုင်မာမှုရှိသော အရာများကို ပြောင်းလဲ စုဆောင်းရန် စဉ်းစားနေကြကြောင်း ကြားသိရသည်။
“လုပ်ငန်းရှင်က သူပိုင်ဆိုင်မှုလျော့သွားမှာ ကြောက်တယ်။ ဒီတော့ ကျပ်ငွေအစား ခိုင်မာတဲ့ ပိုင်ဆိုင်မှုကို ပြောင်းလဲချင်တယ်။ ရွှေ၊ ဒေါ်လာ၊ အိမ်၊ ခြံမြေ၊ တိုက်တာ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာ လိမ့်မယ်” ဟု ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။
၅၀၀၀ ကျပ်တန်ထွက်ရှိလာခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာတည်မြဲရေး ယတြာလည်း ဖြစ်နိုင်သည် ဟု သုံးသပ်သူများ ရှိနေသည်။
“ဦးနေ၀င်း လက်ထက်ကလည်း ၉ ဂဏန်း ယတြာသဘောနဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ထုတ်တယ်။ ခုလည်း ငါးထောင်တန် ထုတ်တယ်ဆိုတာက ငါထောင်တယ်၊ ငါမလဲဘူး ဆိုတဲ့ အတိတ်နမိတ်တဘောင်နဲ့ ထုတ်တာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
စစ်အစိုးရ သက်တမ်းတလျှောက် ခြင်္သေ့ပုံကိုသာ ငွေစက္ကူများတွင် ထည့်သွင်းရိုက်နှိပ်ခဲ့ရာမှ အသစ် ထွက်ရှိမည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူ တော်ပုံ ပြောင်းလဲ ရိုက်နှိပ်ခြင်းမှာ ယတြာသဘောဖြစ်သည်ဟု
ဗေဒင်ဆရာတဦးက ပြောသည်။
“တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ ဘုန်းတန်ခိုးကြီးမားလာရင် ဆင်ဖြူတော်ပေါ်တယ်။ ဒါမှမဟုတ် ဆင်ဖြူတော် ကို တခြားတိုင်းပြည်တွေက ဆက်သရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ဘုန်းတန်ခိုးကြီးတဲ့ မင်းတပါး အဖြစ် ယတြာချေတဲ့အနေနဲ့ ဆင်ဖြူတော်ပုံကို တမင် ငွေစက္ကူမှာရိုက်တာ။ ဗေဒင်သဘောတွေ၊ ဓာတ်ဆင် ဓာတ်ရိုက်သဘော တွေအများကြီး ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံများတွင် ငွေစက္ကူ ရိုက်နှိပ်ရာ၌ ငွေစက္ကူထုတ်လုပ်မည့် သက်ဆိုင်ရာ နိုင်ငံအလိုက် အထင်ကရ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး သူရဲကောင်းများ၊ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြား အသိအမှတ်ပြု ခံရသော ယဉ်ကျေးမှု အမွေအနှစ်နေရာ များ၏ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလေ့ ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိရစ္ဆာန်ရုပ်ပုံများကို ငွေစက္ကူတွင် ရိုက်နှိပ်အသုံးပြုသည့်နိုင်ငံ ရှားပါး လှသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင်တဦးက ရှင်းပြသည်။
“ကျနော် ကမ္ဘာပတ်လာတာ ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်” ဟု သင်္ဘော ကပ္ပတိန် တဦးက ပြောသည်။
ငွေစက္ကူများပေါ်တွင် တိရစ္ဆာန်ပုံများရိုက်နှိပ်သုံးစွဲခြင်းသည် ငွေကြေးအပေါ် ယုံကြည်မှု လျော့နည်း စေနိုင်သည်ဟုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တဦးက ရှင်းပြသည်။
“ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို လူတွေ တန်ဖိုးထားသိမ်းကြတယ်။ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်ပုံ မြင်လိုက်ကတည်းက ပိုက်ဆံအပေါ် ယုံကြည်မှုရှိတယ်။ ပိုက်ဆံကို လူတွေ တန်ဖိုး ထားဖို့ဆိုရင် ပိုက်ဆံ မှာလည်း လူတွေ တန်ဖိုး ထားနိုင်လောက်တဲ့ အရာတွေ၊ ပုံ သဏ္ဌာန်တွေရှိရမယ်” ဟု သူက ဆိုသည်။
ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို
| ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို | | |
| နန်းဒေဝီ |
| တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 20 နာရီ 14 မိနစ် |
| နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့မြောက် သံလွင်မြစ် အနောက်ဘက်တွင် တည်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း ဒုက္ခသည် စခန်းများ တည်ဆောက် နေခြင်းသည် ပြင်းထန်သည့် ပြည်တွင်းစစ်များ ထပ်မံ ဖြစ်ပွားမည့် လက္ခဏာ ဖြစ်နိုင်ကြောင်း ထိုင်းအခြေစိုက် စစ်ရေး ကျွမ်းကျင်သူ တချို့က ပြောဆိုလိုက်ကြသည်။ “ဆောက်တာ တကယ် သေချာတယ် ဆိုရင်၊ ဒါက ထူးခြား ဖြစ်စဉ်လို့ ပြောလို့ ရပါတယ်။ တရုတ်က တရားဝင် ကြိုတင် ဒုက္ခသည်စခန်း ဆောက်နေတယ် ဆိုတော့ နောက်ထပ် ပြင်းထန်တဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာမယ့် အရိပ်လက္ခဏာ လို့ ပြောလို့ရပါတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့ စစ်ရေးကျွမ်းကျင်သူ ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။ ဦးဌေးအောင်က “တရုတ်အစိုးရက အောက်ခြေကနေ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တိတ်တဆိတ် ညှိနှိုင်းပေး နေတာ ရလဒ်က အောင်မြင်မှု မရတဲ့ သဘောမှာ ရှိတယ်” ဟု ပြောသည်။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်ကို လာမည့် လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန် ကြားရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။ “ကိုးကန့်တွေက အမာခံ နေတော့ ကျန်တဲ့ ဝ' နဲ့ မိုင်းလား တို့ကလည်း သူတို့ဂုဏ်သိက္ခာအရ ဆက်ပြီး တောင့်ခံမယ့် သဘောဆိုတော့ နယ်ခြားစောင့်တပ်ကို လက်ခံမှာ မဟုတ်ဘူး။ အဲဒီမှာတင် တင်းမာနိုင်တယ်” ဟု ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။ ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တရုတ်အစိုးရ အကူအညီဖြင့် မြန်မာဘက်ခြမ်း မုန်းကိုး ဒေသနှင့် ကပ်လျက်တည်ရှိ သည့် ယူနန်ပြည်နယ် အတွင်း ဒုက္ခသည်စခန်း ၃ နေရာသတ်မှတ်၍ တည်ဆောက် နေကြောင်း ထိုင်းအခြေစိုက် ကချင် သတင်းဌာန KNG က ယခုလ ၂၅ ရက်နေ့တွင် မုန်းကိုး ဒေသခံ ဒုက္ခသည် အေဂျင်စီ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။ မုန်းကိုး ဒေသသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက် ရေး တပ်မတော် KIA တပ်မဟာနယ်မြေ အမှတ် ၄ နှင့် သံလွင်အရှေ့ဘက်ခြမ်းရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ အခြေစိုက်ထားသည့် ဒေသများအကြား တည်ရှိသည်။ စစ်အစိုးရက ထိုးစစ် ဆင်လာပါက စုပေါင်းကာကွယ်ရန် ရည်ရွယ်၍ အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA စသည့် အဖွဲ့များက မဟာမိတ်များ အဖြစ် ဖွဲ့စည်းခဲ့သည်။ ဦးခွန်ဆိုင်းက “ဒီတခါ စစ်ပွဲ ဖြစ်ရင်တော့ ပိုပြင်းထန် လာနိုင်တယ်။ မိုင်းလားအဖွဲ့ကို တိုက်ရင်းနဲ့ ဝ' တွေကို ပိတ်ညှပ်မယ့် သဘောရှိတယ်” ဟု ပြောသည်။ နအဖ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင်တချို့ အဖွဲ့မှ နုတ်ထွက် ခဲ့သော်လည်း၊ KIO က စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကို လက်မခံဘဲ ကချင်လူမျိုးကို ကိုယ်စားပြုမည့် ကချင်ဒေသလုံခြုံရေးတပ် KRGF ကို ဖွဲ့စည်းရန် ရည်ရွယ်ထားသည်။ “ကချင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ သံလွင်အနောက်မှာ ဒုက္ခသည်စခန်း ဆောက်နေတော့ ဒီဘက်ခြမ်းက ဝ' ၊ ကိုးကန့်-တရုတ်တွေနဲ့ အခါတွေ ထွက်ပြေးလာရင် အဆင်သင့် ခိုနိုင်အောင်လို့ ဆောက်နေတယ်လို့ ယူဆတယ်” ဟု KNG အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။ ဆောက်လုပ်နေသည့် ဒုက္ခသည်စခန်း ၃ ခုကို ပလပ်စတစ် အထူစားဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး၊ စခန်းတခုလျှင် ဒုက္ခသည် ၃၀၀၀ မှ ၆၀၀၀ အထိ လက်ခံနိုင်မည့် အဆောက်အဦးများ ဖြစ်ကြောင်း KNG က ဆိုသည်။ ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း စစ်တပ်က ထိုးစစ်ဆင်သဖြင့် မြန်မာ ဘက်မှ ကိုးကန့် စစ်ပြေးဒုက္ခသည် ၃၀၀၀၀ ခန့် တရုတ်နယ်စပ် ဒေသတွင်း ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ စစ်အစိုးရထုတ် သတင်းစာများက လောက်ကိုင်ဒေသ ပုံမှန်အခြေအနေ ရောက်သွားပြီဟု ပြောဆိုနေသော်လည်း စခန်းများမှ ပြန်လည်ရောက်ရှိလာသူများ မရှိသလောက် နည်းပါးကြောင်း တရုတ်နယ်စပ်တွင် ရောက်ရှိနေသည့် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။ သူက “အိမ်ပြန်တယ် ဆိုတာက အိမ်ကို သွားကြည့်ကြတာ။ တယောက်၊ နှစ်ယောက် ပြန်ကြတာ။ ပြီးတော့ ပြန်လာကြတယ်။ ကြောက်နေကြတုန်းပဲ။ ဘယ်သူမှ မနေရဲကြဘူး” ဟု ပြောသည်။ သို့သော် တရုတ်နယ်စပ်တွင် ခိုလှုံနေကြသည့် ကိုးကန့်-တရုတ် လူမျိုးများ အနေဖြင့် လာမည့်လ လဆန်းပိုင်းတွင် နေရပ်သို့ ပြန်ကြရန် စီစဉ်နေကြောင်း သိရသည်။ “တရုတ် တည်ထောင်တဲ့ နှစ် ၆၀ ပြည့်နဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်အပြီး ၇ ရက် နောက်ပိုင်းမှ ပြန်လာကြမယ်လို့ သိရတယ်” ဟု တရုတ်နိုင်ငံ နယ်စပ်မြို့ ရွှေလီတွင် နေထိုင်သူ မြန်မာကုန်သည် ဦးစိုင်းအိုက်မောင်းက ပြောသည်။ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်က တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ |
ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသားပေးပို့
ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသားပေးပို့
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။ယင်းစာကို ဦးဉာဏ်ဝင်းက ပြုစုခဲ့ပြီး အတည်ပြုချက် ရယူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ နေ့လယ် ၂း၃၀ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုဆိုသည်။
အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ပတ်သက်၍ ရေးသားထားကြောင်း သိရသည်။
“ဒေါ်အောင်ဆန်း စုကြည်က အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်သစ်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးချင်တယ်လို့ ပြောလို့ အဲဒီစာကို ကျနော်ပြုစုတယ်၊ ဒီနေ့ သွားအတည်ပြုတယ်၊ သဘော တူတယ်၊ လက်မှတ်ထိုး ပြီးပြီ၊ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ဖို့နည်းလမ်း တွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်တဲ့ဟာတွေကို အကျိုး အကြောင်းရေးတဲ့စာပါ၊ ကျနော် ဒီနေ့ သွားယူတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
စာတွင်ရေးသားထားသည့် အသေးစိတ် အကြောင်းအရာများကို မပြောဆိုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အချိန် ၂နာရီ နီးပါး တွေ့ဆုံဆွေးနွေးခဲ့သဖြင့် ပြန်လည် ရောက်ရှိသည့် အချိန်တွင် အဆိုပါစာကို ပေးပို့ရန် အချိန်မမီတော့ကြောင်း၊ သို့သော်လည်း အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။
၎င်းစာတွင် အရေးယူပိတ်ဆို့မှုရုတ်သိမ်းရေး အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရေး စသော အကြောင်းအရာများကိုလည်း ထည့်သွင်း ရေးသားထားနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။
၂၀၀၇ ခုနှစ်ကလည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုကမ်းလှမ်းခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဒီမိုကရေစီရေး ဖိနှိပ်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေနှင့် သမ္မတ ကလင်တန် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများကို တားမြစ်ပိတ်ပင်ခြင်း၊၂၀၀၃ ခုနှစ် သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေး ဥပဒေ ပြဌာန်း၍ မြန်မာပြည်မှ အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းခွင့်နှင့် စစ်ခေါင်းဆောင်များ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ၂၀၀၈ ခုနှစ်တွင် လွှတ်တော် အမတ် တွမ်လန်းတို့စ်၏(Tom Lantos Block Burmese JADE Act 2008) အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်ခြင်း စသည့် ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။
ဥရောပသမဂ္ဂကလည်း ၁၉၉၆ခုနှစ်မှ စတင်၍ မြန်မာစစ်ခေါင်းဆောင် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ မြန်မာပြည်အား လက်နက်ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံရန် အာဏာပိုင်များကို မကြာသေးမီက တောင်းဆိုထားကြောင်းလည်း သံတမန် အသိုင်းအ၀န်း၏ အဆိုရ သိရသည်။
ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိရကြောင်း ဦးဉာဏ်ဝင်းက ငြင်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထိုအပြစ်ဒဏ်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ကြားနာမည်ဟု ဆိုကာ ထပ်မံ ရုံးချိန်းပေးခဲ့သည်။
၅၀၀၀ ကျပ်တန် ထုတ်သည်မှာ ယတြာ ချေခြင်းဟု ပညာရှင် ပြောဆို
| ၅၀၀၀ ကျပ်တန် ထုတ်သည်မှာ ယတြာ ချေခြင်းဟု ပညာရှင် ပြောဆို | | |
| ကျော်ခ |
| တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 19 နာရီ 19 မိနစ် |
| မဇ္ဈိမ (ချင်းမိုင်)။ ။ ငွေစက္ကူ ကျပ် ၅၀၀၀ တန်ကို လာမည့်လ ၁ ရက်နေ့တွင် စတင် ဖြန့်ဝေခြင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ချုပ်များ အာဏာ တည်မြဲစေရန် ဗေဒင် ကိန်းဂဏန်းများဖြင့် တွက်ချက်ထုတ်ဝေခြင်း ဖြစ်သည်ဟု ဗေဒင်နှင့် ယတြာ ပညာရှင်တဦးက ပြောသည်။ ငွေစက္ကူ ဖြန့်ဝေမည့် လသည် ဆယ် (၁၀) လပိုင်းဖြစ်၍ “ဆယ်မခြင်း” ဆောင်ပြီး သီတင်းကျွတ်လ ဖြစ်သည့် အ လျောက် အလှူဒါနများ ပြုလုပ် သည့် လတွင် အလှူအတန်း ငွေများထဲ ပါသွားစေရန် အချိန်ကိုက် ပြုလုပ်၍ ယတြာ ချေခြင်း ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ (ဗေဒင်နှင့် ယတြာ) ဆရာ ဦးလွင်မောင်သန်းက ပြောဆိုခြင်း ဖြစ်သည်။ “သူတို့ ဗိုလ်ချုပ်မှူးကြီးတွေ အာဏာ တည်မြဲဖို့အတွက် ယတြာ ချေတာပါပဲ။ ဘုရင် ခေတ်ကနေ အခု အချိန်အထိ သူတို့က ယတြာနဲ့ပဲ သွားတာ ကိုး။ ယတြာ ဆိုတာကတော့ သူတို့ ဘယ်လိုမှ ငြင်းစရာ မရှိပါဘူး။ ငါးထောင် (၅၀၀၀) ဆိုပြီးတော့ ကိုးနဝင်းပေါ့ဗျာ။ ‘င ရေးချ ဝိစနှစ်လုံးပေါက် ငါး၊ သဝေထိုး ထဆင်ထူး ရေးချ ငသတ်ထောင် ငါး ထောင်’ ဆိုပြီးတော့ သူက တနင်္လာ (၂) နဲ့ စနေ (၇) နဲ့ကို တွဲပြီးတော့ ကျပ်ဆိုတဲ့ စာလုံးကို သူက အောက်မှာ ထားတာကို တွေ့ရတယ်။ ကိုးနဝင်းခံ လုပ်တာပေါ့” ဟု ဆရာ ဦးလွင်မောင်သန်းက မဇ္ဈိမကို ပြောသည်။ ကိုးနဝင်း ဆိုသည်မှာ ဗုဒ္ဓဘုရား ဟောကြားတော်မူသည့် လောကီ အကျိုးစီးပွား ဖြစ်ထွန်းစေသော ဂုဏ်တော် ၉ ပါးကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ ငွေစက္ကူ၏ ရှေ့ဘက်တွင် ဆင်ဖြူတော်နှင့် နောက်ကျော ဘက်တွင် လွှတ်တော် အဆောက်အဦးကို ဖော်ပြ သဖြင့် အများပြည်သူများ ဝေဖန် နေကြသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသည် ဘုရင်စနစ်ဖြင့် အာဏာကို ဆက်လက် တည်မြဲစေရန် ဆုပ်ကိုင်ချင်သည့် သဘောကို ဆောင်ကြောင်း သူက ဆက်ပြောသည်။ “ဆင်ဖြူရဲ့ သဘော သဘာဝအရ ဆိုလို့ ရှိရင်တော့ ရာသီဥတုတွေ ကောင်းမယ်၊ ဆန်၊ ရေ၊ စပါးတွေ ပေါများမယ် ဆိုတဲ့သဘော ကတော့ ကျနော်တို့ ပြည်သူတွေ အတွက်ကတော့ ကောင်းပါတယ်။ သို့သော် ဆင်ဖြူကို သူက တလွဲ အသုံးချ ပြီးတော့ ပြည်သူတွေကို နင်းချေ သတ်ဖြတ် မယ် ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု ဦးလွင်မောင်သန်းက ဆိုသည်။ ငွေစက္ကူ တရွက်လုံး၏ ပေါ်လွင်သော အရောင်သည် အနီရောင် ဖြစ်သည်။ အနီရောင်သည် မကောင်းသည့် အတိတ်နမိတ် လက္ခဏာ ဆောင်သည်ဟု ယူဆနိုင်ပြီး၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ပုံအား ဖယ်ထုတ်ကာ တိရစ္ဆာန်များကို အစားထိုး လာခြင်းသည် ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် လက္ခဏာ ဆောင်ကြောင်း ဦးလွင်မောင်သန်းက ပြောသည်။ “ကျနော်တို့ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားသလို အခု သူတို့က တိရစ္ဆာန်ပုံတွေကို ထားပြီးတော့ သူတို့အနေနဲ့ အထွဋ်အမြတ် ထားစရာ လူမရှိဘူး ပေါ့ဗျာ။ ဒါ ကျနော်တို့ မြန်မာ ပိုက်ဆံရဲ့ သဘော သဘာဝကိုက ဆုတ်ယုတ်တဲ့ သဘောပဲ။ ငွေကြေး ဖောင်းပွ လာသလို တိရစ္ဆာန် အဆင့်လောက်ဆိုတော့ တဖြည်းဖြည်း တန်ဖိုးက ကျသွားမှာပါပဲ။ ဒီ ၅၀၀၀ တန်လည်း တဖြည်းဖြည်းနဲ့ ကျသွား ပြီးတော့ ဒီတရွက်ကလည်း နောက်ဆို လက်ဖက်ရည် တခွက်လောက်ပဲ ရတော့မယ့် သဘော ရှိပါတယ်” ဟု သူက ပြောသည်။ စစ်အစိုးရများ လက်ထက်တွင် လူပုံများအစား ယခင်က ခြင်္သေ့ပုံနှင့် အစားထိုး လာရာမှ ယခုတဖန် ဆင်ဖြူတော်ပုံနှင့် အစားထိုး ထုတ်ဝေခြင်း များ ပြုလုပ်လာသည်။ ကေသရာဇာ ခြင်္သေ့မင်းသည် တိုက်စစ် အသွင်ဆောင်ပြီး ဆင်ဖြူတော် သည် ခံစစ်ကို အသွင်ဆောင် ကြောင်း သိရသည်။ “သူတို့ကောင်းဖို့ အတွက်ကို ယတြာ ချေသော်လည်းပဲ၊ တဖက်က ပြန်ကြည့်ရင်၊ ခါတိုင်းလို ခြင်္သေ့ မသုံးဘဲ ဆင် သုံး တယ်ဆိုတဲ့ အတွက်ကြောင့် သူတို့မှာလည်း တိုက်စစ် အနေအထားတော့ မရှိတော့ပါဘူး။ ခံစစ် အနေအထားကို ရောက်နေပါပြီ။ သူကတော့ ဘုရင်စနစ်ကိုတော့ တည်မြဲချင် တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ အရင်လိုတော့ မောက်မောက် မာမာတော့ မရှိနိုင် တော့ဘူးပေါ့ဗျာ။ ခံစစ်အနေအထားကို ပြောင်းသွားပါပြီ” ဟု ဆရာ ဦးလွင်မောင်သန်းက ပြော သည်။ ငွေစက္ကူ ၅၀၀၀ ကျပ် တန်သည် လာမည့် ၁၀ လပိုင်း ၁ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်သော်လည်း မြန်မာ့ ရုပ်မြင်သံကြားနှင့် အစိုးရ အာဘော် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ဖော်ပြခဲ့သည့် နေ့တွင် ရွှေနှင့် ဒေါ်လာဈေး အပြင် စားသုံးကုန် ဈေးများ သိသာစွာ ထိုးတက်သွားခဲ့ပြီး ယခုအခါ မူလဈေးဆီသို့ တရိပ်ရိပ် ပြန်လည် လျောကျလာနေသည်။ |
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ
| နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ | | |
| ဖနိဒါ |
| တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 23 နာရီ 57 မိနစ် |
| မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင် သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။ ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။ ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။ မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။ |
ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံ သံအမတ်များနှင့် တွေ့ခွင့်တောင်း
ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံ သံအမတ်များနှင့် တွေ့ခွင့်တောင်း

ယမန်နေ့က ပြုလုပ်သည့် NLD အခမ်းအနားတွင် တွေ့ရသည့် အဖွဲ့ဝင် လူငယ်များ (ဓာတ်ပုံ - အေပီ)
၎င်းစာထဲ၌ “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ အားလုံးကို သိရှိနားလည် စေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ သံမှူးကြီး၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်သံအမတ်ကြီး၊ သြစတေးလျနိုင်ငံ သံအမတ်ကြီး တို့နှင့် တွေ့ဆုံဆွေးနွေး ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ရေးသား ထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းခွင့်ပြုရန်လည်း စာတွင် တောင်းဆိုထားသည်။
ထို့အပြင် ယမန်နေ့၊ တနင်္ဂနွေနေ့က ကျင်းပခဲ့သော NLD ပါတီဖွဲ့စည်းထူ ထောင်ခဲ့သည့် (၂၁) နှစ်မြောက် အခမ်းအနား၌ သဘာပတိမိန့်ခွန်းအဖြစ် ပါတီဥက္ကဌ ဦးအောင်ရွှေက တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အမျိုးသားပြန်လည် သင့်မြတ်ရေး ပေါ်ပေါက်လာနိုင်ရန် ကိုယ်စွမ်း ဉာဏ် စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်လျှက် ရှိသည်ဟု ပြောကြား ခဲ့သည်။
အခမ်းအနားသို့ လုံခြုံရေးတင်းကျပ်ထားသည့် ကြားမှ NLD အဖွဲ့ဝင်များ အပါဝင် သံတမန်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
NLD ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် နေအိမ်အကျယ်ချုပ် ထပ်မံ အကျ ခံနေရသော အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
ဦးအောင်ရွှေကလည်း ၎င်း၏ မိန့်ခွန်းထဲတွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ အပါဝင် တနိုင်ငံလုံးရှိ စည်းရုံး လှုပ်ရှားမှုတွေကို ထပ်မံ နှိပ်ကွပ်လာခဲ့ပါတယ်။ အဖွဲ့ချုပ်ကို အားပေးကြတဲ့ အရပ်သူအရပ်သားများ၊ ဒီမိုကရေစီ အင်အားစု အများအပြား ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ကြရပါတယ်” ဟု ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက မန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေချိန်၌ တိုင်းရင်းသား များ အရေးနှင့် ဆက်စပ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လည်း ထည့်သွင်း ပြောဆို သွားသည်။
NLD ၏ ယမန်နေ့ ထုတ်ပြန်ချက်ထဲတွင် ခေတ္တခဏ ဟု ဆိုကာ (၆) နှစ်ကြာ ချိတ်ပိတ်ထားသော NLD ၏ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ရုံးခွဲများကို အမြန်ဆုံး ပြန်ဖွင့်ခွင့်ပေးရန်နှင့် ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင် ခွင့်ပေးကာ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးရန်တို့ကို တောင်းဆိုထားသည်။
စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အဖွဲ့ချုပ်က မဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးခြင်း၊ ရွေးကောက်ခံရ သူများကို အာဏာလွှဲအပ်ခြင်းများ မပြုခဲ့ပေ။
သြဂုတ်လ ၁၃ ရက်နေ့က လုံခြုံရေးကောင်စီမှ မြန်မာ့အရေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ကိုလည်း NLD ထုတ်ပြန်ချက်တွင် ပြန်လည်ဖော်ပြထားသည်။
“လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများက မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းကိုး မှတ်သားထားပြီး စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်စေရန်း အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အင်အားစုးများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စေနိုင်ရန် လိုအပ်တဲ့အခြေအနေများ ဖန်တီးပေးဖို့ တိုက်တွန်းလိုက်သည်” ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်းတို့ တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြားခဲ့သည်။


တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် လမ်းကြောင်းမှတဆင့် မြန်မာပြည်ထဲသို့ တင်သွင်းမည့် တရုတ်နိုင်ငံလုပ် ဘတ်စ်များ ကျယ်ဂေါင်မြို့သို့ ယနေ့ရောက်ရှိလာသည်။