Popular Posts

Thursday, November 19, 2009

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်


ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

 ညီညီချမ်း နိုဝင်ဘာ ၁၉ ၊၂၀၀၉။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၀ ခုနှစ်

န အ ဖ စစ်အစိုးရ၏ လမ်းပြမြေပုံအရ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကေက်ပွဲအား ထောက်ခံစေလိုသောရည်ရွယ်ချက်ဖြင့် “ အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည်” ဟူသော ကြေငြာစာတမ်းကိုစစ်အစိုးရပိုင်ကြေးမုံသတင်းစာတွင် ဝေေ၀ဆာဆာ ဖေါ်ပြထားပါသည်။


ထိုကြေငြာစာတမ်းကို ယနေ့ ကမ္ဘာကြီး၏ ပြောင်းလဲမှု ဖြစ်စဉ်နှင့် နှိုင်းယှဉ်အဖြေရှာ ကြည့်ရာ ဗုဒ္ဒမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် အကြောင်းနှင့် အကျိုး နိယာမ သဘောတရားနှင့် ဆန့်ကျင် ခြားနား နေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အကြောင်းကား လုပ်ဆောင် အကောင်အထည်ဖေါ်မှုဖြစ်ပြီး၊ အကျိုးကား ထိုလုပ်ဆောင် အကောင်အထည်ဖေါ်မှုနှင့် စပ်လျှဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲမှု၏ ရလာဒ် ဖြစ်သည်။

ဒါ့အပြင် သဘာဝအလျှောက် ဖြစ်ပေါ် ပြောင်းလဲလေ့ရှိသည့် ရာသီဥတု ဖေါက်ပြန်မှု ဘေးအန္တရာယ်၊ ရောဂါအငတ်ဘေး ကဒ်ဆိုးများသည်လည်း ချို့ယွင်းချက်အရ ရှိနေတတ်ပါသည်။ သို့ရာတွင် များပြားသော သဘာဝဘေးအန္တရာယ် ကဒ်ဆိုး သည်လည်း လူတို့၏ ပြုမူခြင်းကြောင့် ဖြစ်ပေါ်ပြောင်းလဲ နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြမှာပါ။

ဥပမာ --- စည်းမဲ့ကမ်းမဲ့ သစ်ပင်ခုတ်လှဲမှုကြောင့် တောပြုံး၍ ရာသီဥတု ဖေါက်ပြန်ပြီး မိုးသည်း ရေကြီးကာ သဘာဝ ဘေးအန္တရာယ်များ (natural disasters) ပျက်စီး လာစေသကဲ့သို့ လူတို့၏ လူမဆန်သည့် နိုင်ထက်စီးနင်းမှု ကြောင့် အပြစ်မဲ့ လူသားအချို့ တိမ်းရှောင်ထွက်ပြေးရကာ အစာရေစာ ငတ်ပြတ် မွဲတေနေရသော လူသားတို့ ဖန်တီး သည့် ဘေးကဒ်ဆိုးကြီး (man made disasters) ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသည်မှာ လျှစ်လျှူရှုထား၍ မရသည့် အချက်ဖြစ်သည်။ ဤဖြစ်စဉ်ကို သုံးသပ်ကြည့်လျှင် လူသားတို့၏ အဆင်အခြင်မဲ့ လုပ်ရပ် ကြောင့်ဘဲ ဘေးဒုက္ခ ရောက်နေသည်မှာ မဟုတ်ပါလား။

ဟုတ်ပါပြီ ဒါဆိုရင် န အ ဖ ကြွေးကြော် ၀ါဒဖြန့်နေသည့် အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဆိုသော စာတမ်းကို လေ့လာသုံးသပ်ရန် လိုလာသည်။ ထိုကြွေးကြော်သံကို အဖြေရှာကြည့်သည့်အခါ- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုပြီး ပုဒ်မ ၄၀၇ အရ နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံရေးပါတီများ ခေါင်းစဉ်တွင် ကန့်သတ် ပိတ်ပင်ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့အပြင် အခန်း ၁၁ ပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ ၄၁၃ အရ ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံသားများအပေါ် မည်သို့မည်ပုံ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့် အာဏာများ လည်း ပါရှိနေသေးသည်။

စဉ်စစ်တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ နိုင်ငံသားတို့၏ လုံခြုံ လွတ်လပ်ခွင့်ကို အာမခံအကာအကွယ်ပေးရမည့် အပြင် အုပ်ချုပ်သူ အစိုးရအား အုပ်ချုပ် ပိုင်ခွင့်ကို အကန့်အသတ် အတိုင်းအတာနှင့် ဘောင်ခတ်ထားသည့် အုပ်ချုပ်သူ အစိုးရနှင့် နိုင်ငံသားများ အကြား သဘောတူညီချက် ရယူထားသည့် စာချုပ်ပင်ဖြစ်သည်။ အထက်စာပိုဒ်ပါ တွေ့ရှိချက်အရ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် အုပ်ချုပ်သူ အစိုးရမှ လုပ်ပိုင် ခွင့် အခွင့်အရေးများ ရယူထားကာ နိုင်ငံသား ပြည်သူလူထုကို ဘောင်ခတ် ထားသည်မှာ အထင်အရှားသည်။ ဤအချင်းအရာ သည် ဖွဲ့စည်းပုံ၏ မူရင်း အဓိပ္ပါယ်နှင့် ဆန့်ကျင်နေပါသည်။

ဖွဲ့စည်းပုံပါ - ပုဒ်မ ၄၁၈ (က) (ခ) နှင့် ၄၁၉ တို့အရ တပ်မတော် ကာကွယ်ရေး ဦးချုပ်အား အုပ်ချုပ်ရေး အာဏာ (Executive Power)၊ ဥပဒေပြုရေး အာဏာ (Legislative Power) နှင့် တရားစီရင်ရေးအာဏာ(JudicialPower) တို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ပေးထားသည်။ ဒီမိုကရေစီ နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအလုံးစုံကို မည်သူတဦး တယောက်အား ပေးအပ်ထားခြင်း မရှိပေ။ အာဏာအလွန်အကျွံ မသုံးစွဲနိုင်ရန် စောင့်ကြည့် ထိန်းညှိ (Check and Balance) လုပ်ထားသည်။ န အ ဖ ဖွဲ့စည်းပုံတွင် စစ်တပ် (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အား အာဏာ (၃) ရပ်စလုံး ပေးထားသည်မှာ ဒီမိုကရေစီစနစ်နှင့် သွေဖီနေကြောင်း ထောက်ပြ လိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံသားများကို မျက်လှည့်ထားပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းထားခြင်း ဖြစ်ပေသည်။

“ နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နိုင် ရေး” ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆) အယူအဆသည် - ပုဒ်မ (၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံးသည် ” ဟူသော အဆိုကို အတိအလင်း ဆန့်ကျင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို တပ်မတော်အား အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခွင့်အရေး ပေးထားသည်ကို မတွေ့ရပေ။ သို့ဖြစ်၍ စစ်တပ်အား နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှုကို ဖွဲ့စည်းပုံ ဥပဒေတွင် ပေးထားသည်မှာ ဒီမိုကရေစီလမ်း စဉ်ကို ဦးတည်နေခြင်း မဟုတ်ကြောင်း အထင်အရှား ပြနေပါပြီ။ ဤအယူအဆသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လို့ ကြွေးကြောနေသည့် န အ ဖ သည် ဒီမိုကရေစီကျင့်စဉ် စည်းကမ်းကို ဦးစွာ ချိုးဖေါက်လိုက်ပြီဟု ဆိုရမည်ပင်။

ဒါ့အပြင် န အ ဖ စစ်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် ဒီမိုကရေ စီစနစ် တည်ထောင်ရာတွင် နေ့ချင်း ညချင်း မဖြစ်နိုင်ကြောင်းလည်း ရှိသေးသည်။ ဒီမိုကရေစီသို့ တဖြည်းဖြည်း ချီတက်ရမည်၊ အချိန်ယူပြင်ဆင်ရမည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သည်။ ဒါဆိုရင် ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရှိစေရန် နိုင်ငံရေးပါတီ အားလည်းကောင်း၊ တဦးချင်းဆီအားလည်းကောင်း အယူချိန်ယူ ပြုစု ပျိုးထောင် ပေးရမည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် နိုင်ငံရေး ပါတီများ လှုပ်ရှားမှု မရှိစေရန် ၈၈ မျိုးဆက် ကျောင်းသားများ၊ တိုင်းရင်းသား အင်အားစုများနှင့် NLD ကဲ့သို့သော နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် အရေး ပါသော ပုဂ္ဂိုလ်များအား ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် န အ ဖ မှ ဒီမိုကရေစီသို့ ဦးတည်သွားမည့် အချိန်ယူ ပြင်ဆင် ခြင်းမှု မရှိကြောင်းကို အခိုင်အမာ ပြနေပေသည်။

ခြုံငုံသုံးသပ် ကြည့်မည်ဆိုလျှင် စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်သည် လည်းကောင်၊ ကာကွယ်ရေး ဦးစီးချုပ်အား အဏာ အလွန်အကျွံပေး ပေးထား သည်ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများ၏ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆို စည်းရုံးခွင့်အားလုံး ပိတ်ပင်ထားသည်မှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းရန် အကောင်အထည်ဖေါ်နေ ခြင်း မဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ဒီမိုကရေစီကို ဦးတည်နေသည့် ဘောင်လမ်းကြောင်း မဟုတ်ကြောင်း တွေ့ရသည်။

ဒီမိုကရေစီနိုင်ငံတွင် စစ်တပ်မှ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မည်မျှ လျှော့ထားသည်ကို မီးမောင်းထိုးပြရမည် ဆိုလျှင် အမေရိကန် နိုင်ငံတွင် စစ်တပ်ကို အာဏာသိမ်းရန် စမ်းသတ်ခဲ့ပါသေးသည်ဟု စာရေးသူ၏ ရင်းနှီးသော မိတ်ဆွေတဦးမှ ပြောပြချက်အရ သိရသည်။ သို့သော် အရပ်သားပြည်သူ အုပ်ချုပ်သည့် စနစ်ကို အမေရိကန် စစ်တပ်က လေးစားလိုက်နာ၍ စစ်အာဏာ မသိမ်းခဲ့ပေ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တက်ဆင်၏ အာဏာ အလွဲသုံးစား ချယ်လှယ်မှု၊ အကတိလိုက်စားမှု၊ ဥပဒေ ချိုးဖေါက်မှုတို့ကို အဆုံးသတ်ရန် ၂၀၀၆ နှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်း ခဲ့သည်ကိုပင် နိုင်ငံတကာမှ အထောက်အပံ့များ ရုပ်သိမ်းခြင်းနှင့် ရှုတ်ချမှုများကို ချက်ချင်း ဆိုသလို အလူးအလဲ ခံလိုက် ရသည်။

အချုပ်ဆိုရသော် န အ ဖ ရေးဆွဲ အတည်ပြုထားသည့် နာဂစ်ဖွဲ့စည်းပုံကို နားလည်လွယ်အောင် ပြောရမည်ဆိုလျှင် “နွားမွေးရင် ကျွဲမဖြစ်၊ အရှေ့ဘက် သွားရင် အနောက်အရပ် မရောက်” သကဲ့သို့ပင် စစ်အာဏာရှင်စနစ်ကို ဦးတည်နေသည့် ဖွဲ့စည်းပုံသည် အဘယ်ကဲ့သို့ ဒီမိုကရေစီ ရနိုင်မည်နည်း။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ်သို့ သက်ဆိုင်သူအားလုံး ပါဝင် ပြန်လည်ပြင်ဆင် ဖြည့်စွက်မှသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ညီညီချမ်း

http://www.kaowao.org/b/art09-nov19.php

“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”



“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”  

Wednesday, November 18, 2009
စိုးနေလင်း




မြန်မာနိုင်ငံအကြောင်း စဉ်းစားလိုက်တိုင်း ကိုယ်ကိုယ်တိုင် အပါအ၀င်ဖြစ်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ တခြားဒီ ထက်ပိုပြီး အခြေအနေဆိုးဝါးတဲ့ နိုင်ငံအနည်းအကျဉ်းက လွဲရင် အတော်ကြီး ကံအကြောင်းမလှခဲ့ဖြစ်ခဲ့ရ၊ ဖြစ်နေရ တယ်လို့ ပြောရမှာပါပဲ။ လွတ်လပ်ရေးဆိုတဲ့အရသာကို အ မြည်းသဘောလောက်ပဲ ခံစားခွင့်ရခဲ့ကြသူတွေ ဖြစ်ခဲ့ကြ ပါတယ်။ တကယ်တန်းပြောရရင် မြန်မာနိုင်ငံရဲ့ အင်အာ အများဆုံးလူတန်းစားဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမား လူတန်းစား ဆင်းရဲသားကျောမွဲ ပြည်သူလူထုအများစုဟာ ဘယ်တုံးကမှ လွတ်လပ်ရေးအရသာကို မခံစားကြရသေး ပါဘူး။ နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန် နယ်ချဲ့အင်္ဂလိပ် အုပ်စိုးမင်းမူမှုတွေက လွတ်မြောက်ပြီး ဒီမိုကရေစီအ ညှောက်ကလေး ထွက်ပေါက်လာကာစမှာပဲ စစ်အာဏာရှင်တွေရဲ့ ကျေးကျွန်ပြန်ဖြစ်ခဲ့ကြရတာပါ။ စကားလုံးရွေးချယ်သုံးနှုန်းရရင် တော့ အမျိုးသား စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ ကျွန်သဘောက်တွေ ဖြစ်ခဲ့ကြရတာပါ။ ခုချိန်မထိလည်း စစ်အာဏာ ရှင်စနစ်အောက်က ကျေးကျွန်တွေဖြစ်နေဆဲပါပဲ။ နှစ်နဲ့တွက်ချက်ရရင်တော့ ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရသက်တမ်းကိုပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် ရာစုနှစ်ဝက် အနှစ် ၅၀ ပြည့်လုလု ဖြစ်နေပါပြီ။

စစ်အာဏာရှင်စနစ်ကတော့ သူ့ရဲ့စရိုက်သဘာဝအတိုင်း ပြည်သူလူထုကိုဖိနှိပ်မယ်၊ ညှင်းပမ်းနှိပ်စက်မယ်၊ ပြည်သူလူထုတွေပိုင်ဆိုင် တဲ့ တိုင်းပြည်ရဲ့သဘာဝ သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးစီးပွားအဖြစ် သုံးစွဲမယ် ရယူစုဆောင်းမယ်။ သူတို့ရဲ့ အာဏာနဲ့ကိုယ် ကျိုးစီးပွားကို ထိပါးလာမယ်ဆိုရင် ဘယ်သူကိုမဆိုခြေမှုန်းနှိမ်နှင်းမယ်၊ လိုအပ်ရင် သတ်ဖြတ်အပြတ်ရှင်းပစ်မယ်။ အဲဒီသဘာဝဟာ ခု ထိလည်း မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ပြည်သူလူထုကြီးတရပ်လုံးဟာလည်း ဆင်းရဲတွင်း ငရဲတွင်းထဲမှာ နစ်မွန်းနေဆဲပါပဲ။ ကမ္ဘာကြီး တခုလုံးရဲ့ ဖွံဖြိုးတိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာ ဆက်သွယ်ရေးနည်းပညာတွေရဲ့ ဝေစုရှယ်ယာအရ အနည်းအကျဉ်းပြောင်းလဲတိုး တက်လာတာမျိုးကလွဲရင် နှိင်းယှဉ်မှုအရ အိမ်နီးချင်းနိုင်ငံ အများစုအပါအ၀င် တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ဘာမှမဆိုင်အောင် အောက် တန်းကျနေဆဲဖြစ်ပါတယ်။ တရားခံကိုတခြားရှည်ရှည်ဝေးဝေး ရှာနေစရာမလိုဘူးဆိုတာကိုသာမန်အသိတရား အဆင့်ရှိကြသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။ တိုင်းပြည်နဲ့ပြည်သူလူထုကြီးတရပ်လုံး ဆင်းရဲမွဲပြာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ အ ခြေအနေကနေ လွတ်မြေက်ဖို့ဆိုရင် ကျနော်တို့တိုင်းပြည်မှာ စိုးမိုးအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းပစ်မှ သာ ဖြစ်နိုင်မယ်ဆိုတာကို သူ့ရဲ့လုပ်ရပ်တွေကပြသခဲ့ ပြသနေဆဲဖြစ်ပါတယ်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရဲ့ လုပ်ရပ်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲလွန်ကာလအထိ အကျဉ်းချထားရေးကြိုးပမ်းအားထုတ်မှု နောက်ပိုင်းကစပြီး လိပ်ခဲတင်းတင်း ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ နိုင်ငံတွေအပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ ကြောင့် နည်းနည်းစပြီးလှုပ်လာတာကို သတိပြုမိကြမယ်ထင်ပါတယ်။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီးတဲ့ နောက်မှာ စစ်အစိုးရက သူမရဲ့တောင်းဆိုမှုတချို့ကို လိုက်လျှောခွင့်ပြုခဲ့လို့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ဆက်ဆံရေးဟာ အေးခဲနေရာကစပြီး အရည်ပျော်စပြုလာပုံရတယ်လို့ အကဲခတ်လာကြတာ ကိုလည်း သတိပြုမိကြပြီးဖြစ်ပါလိမ့်မယ်။

ကျနော်တို့သတိထားရမှာကတော့ ဘယ်သူတွေဘာပြောပြော အပြောထက် အလုပ်ကိုကြည့်တတ်ဖို့ပါပဲ။ အမေရိကန်အစိုးရက မြန်မာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်တဲ့နည်းဟာ အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့အတွက် ပြန်လည်သုံးသပ်ပြောင်းလဲခဲ့တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် မြန်မာနိင်ငံအစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဘာမှတိုးတက်အောင်လုပ်မပြပဲ အရေးယူပိတ်ဆို့ မှုတွေကို ရုတ်သိမ်းမပေးနိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အခြေအနေကောင်းတွေ ဖန်တည်းပေးဖို့တွေကိုတောင်းဆိုထား ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေနဲ့ တွေ့ဆုံပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေငြာချက်မှာ တောင်းဆိုထားတဲ့အချက်တွေအတိုင်း တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး၊ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရေး၊ တပြည်လုံးမှာ အပိတ်ခံထားရဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုဖို့ဆက်လက်တောင်းဆိုနေပါတယ်။ နောက်ဆုံးအမေရိကန်အစိုးရရဲ့ ကိုယ်စ လှယ်တွေကိုလည်း အဲဒီတောင်းဆိုချက်တွေ ရရှိရေးအတွက်ပဲ အဓိကထားဆွေးနွေးခဲ့ပါတယ်။

စစ်အစိုးရကထုံးစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘာတခုမှတုန့်ပြန်ပြောကြားမလုပ်ခဲ့ပါ ဘူး၊ မသိချင်ယောင်အဖက်မတန်သယောင် လုပ်ထားခဲ့ပါတယ်။ အမေရိကန်အစိုးရကိုတော့ နိုင်ငံရေးအကျဉ်းသားအနည်းစုလေးနဲ့ တ ခြားရာဇ၀တ်အကျဉ်းသားအများစုကြီးကို လွှတ်ပြပြီးသူတို့ရဲ့ နည်းဟောင်းကြီးဖြစ်တဲ့ ဖမ်းလွှတ်ဖမ်းကစားနည်းကို ကစားပြလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားအရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လှုပ်ရှားသူတွေကိုလွှတ်မပေးဘဲ ဆက် လက်ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သူတို့အာဏာတည်မြဲရေးကို ထိပါးမလာနိုင်လောက်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ တောင်းဆိုချက်တွေကို လိုက်လျှောခွင့်ပြုပေးခဲ့ပါတယ်။ တခြားဘာတောင်းဆိုချက်ကိုမှ ခုချိန်ထိ လိုက်လျှောခွင့်ပြုတာမရှိခဲ့သေးပါ ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်ကြွလှုပ်ရှားသူ လူကြီးလူငယ်တွေ တခြားဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး နည်းနည်းမသင်ကာတာနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူအပြစ်ပေးမှုတွေကို ဆက်တိုက်ပြုလုပ်နေပါ တယ်။ သူတို့မွေးမြူထားတဲ့ လူထုသစ္စာဖောက်တွေကို လူထုအုံကြွမှုခြေမှုန်းတိုက်ဖျက်ရေးသင်တန်းတွေ လက်သိပ်ထိုး ပေးလာတာ မျိုးတွေတွေ့လာရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရှေ့ရှုတဲ့ ခြေခြေမြစ်မြစ် လမ်းဖွင့်ပြုပြင်ပြောင်းလဲပေးတာမျိုးတွေကိုလုံး ၀မတွေ့ရသေးပါဘူး။ ဒါဟာလောလောဆယ် အမေရိကန်နဲ့နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေတာတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတောင်းဆို လုပ်ဆောင်နေတာတွေနဲ့ စစ်အစိုးရရဲ့အပြော၊ အပြ၊ အလုပ်တွေပဲဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ အမေရိကန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလုံး လွှတ်ပေးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ ရွှေဂုံတိုင်ကြေငြာချက်ပါတောင်းဆိုချက်တွေကို စစ်အစိုးရက လိုက် လျှောခွင့်ပြုလာနိုင်ခြေ ရှိပါသလား။ စစ်အစိုးရဖက်က အခြေအနေအ၀န်းအ၀ိုင်းအားလုံးကို အသာစီးအခြေအနေနဲ့ စီးနင်းပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှုပ်လို့မရအောင်လုပ်၊ နိုင်ငံတကာကိုလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ် လပ်တရားမျှတအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါတယ်လို့ ဟန်ပြသဘောလုပ်ထားတွေနဲ့ လှည့်စားအယုံသွင်းပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလိုက်နိုင်တယ်လို့ပဲထား။ မြန်မာနိုင်ငံ ပြည်သူလူထုကြီးတ ရပ်လုံး လိုလားတောင့်တနေတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအာမခံတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ကို တ ကယ်တန်းလိုက်လျှောခွင့်ပြုနိုင်ခြေ ရှိပါ့မလား။

အဲဒီစဉ်းစားချက်တွေကို ကြောင်းကျိုးယုတ္တိရှိရှိ ချဉ်းကပ်စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေအလွန့်အလွန်နည်းပါးတယ်လို့ ယူ ဆရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွေ့ကြုံရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေအားလုံးဟာ လုံးဝ အောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားလို့မရနိုင်စရာ မရှိပါဘူး။ အားလုံးကိုအောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားနိုင်ပါတယ်။

အဲဒီအတွက် အရေးအကြီးဆုံးလိုအပ်ချက်ကတော့ စစ်အစိုးရရဲ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားတဲ့ စေတနာပါပဲ။ အဲဒီ စေတနာ သာ စစ်အစိုးရမှာတကယ်တန်းရှိခဲ့ရင် ဘယ်ကုလသမဂ္ဂ ရဲ့အထူးကိုယ်စလှယ် ဘယ်နိုင်ငံရဲ့ကိုယ်စလှယ်တွေမှ ကြားဝင်ဆွေးနွေး ပေးစရာ၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် လွတ်လွတ်လပ်လပ် တိုက်ရိုက်တွေ့ဆုံပြောဆိုလို့ရရဲ့နဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဘာလုပ်ပိုင် ခွင့်မှမရှိတဲ့ ၀န်ကြီးတယောက်ကိုလည်း ရုပ်ပြခန့်ထားဖို့မလိုပါဘူး။ ကျနော်တို့ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီ နိုင်ငံတခု အဖြစ် အချိန်မရွေးပြောင်းလဲသွားအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအဓိက အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ “တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ” ဆိုတာ စစ်အစိုးရဆီမှာ စကတည်းကိုက လုံးဝမရှိခဲ့တဲ့အရာတခု ဖြစ်ပါတယ်။ ဒါကိုကြောင်း ကျိုးမဲ့ အခြေအမြစ်မဲ့ ပြောနေတာမဟုတ်ပါဘူး။ စစ်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ စာမျက်နှာအထပ်ထပ်ပေါ်မှာ အ ထင်အရှားမြင်သာထင်ရှား ရှိနေခဲ့ပြီးဖြစ်ပါတယ်။ အထူးသက်သေပြနေစရာ မလိုအောင်ကိုအခိုင်အမာရှိနေပါတယ်။

မရှိတဲ့အရာတခုကိုတောင်းနေရင် ရဖို့မျှော်လင့်နေတယ်ဆိုရင် မှန်၏ မမှန်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ ဆိုတာကတော့ ကလေးတ ယောက်ကိုမေးခွန်းထုတ်ရင်တောင် အလွယ်တကူအဖြေပေးနိုင်ပါလိမ့်မယ်။

စစ်အစိုးရကတော့ သူ့မှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက်မျိုးစုံ ကောက်ကျစ်စဉ်းလဲမှု ကလိန်ကညစ်ကျမှု ယုတ်မာရိုင်းစိုင်းမှု ရက်စက်မှုတွေ အားလုံးကို အရှက်မဲ့ အသုံးချပြီး နိုင်ငံတကာကို အယုံသွင်းမျက်လှည့်ပြနေအုံးမှာဖြစ်သလို မြန်မာနိုင်ငံက ပြည်သူလူထုကိုလည်း လူ သားတွေအဖြစ်သဘောမထားပဲ ဆက်ပြီးဖိနှိပ်ညှင်းပမ်း ကျွန်ပြုအုပ်ချုပ်သွားဖို့ ကြိုးစားနေအုံးမှာပဲဖြစ်ပါတယ်။

ကျနော်တို့က ကျနော်တို့ပြည်သူလူထုကြီးရဲ့ လိုလားတောင့်တမှုကို ရယူပေးဖို့ကိုပဲ အလေးဂရုပြုကြရပါလိမ့်မယ်။ မဝေးတော့တဲ့အ ချိန်မှာ အဓမ္မစစ်ဝါဒီတွေကို ကျနော်တို့ ခြေမှုန်းအနိုင်ယူနိုင်တော့မှာပါ။

ဒေးဗစ်နဲ့ ဂေါလိယက် ကို ပြန်အမှတ်ရကြည့်လိုက်ပါ။ ။




စိုးနေလင်း

http://www.naytthit.com/articals/nov09/snl-nov18.html

အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” ဆိုတာ ဘာတွေလဲ

အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” ဆိုတာ ဘာတွေလဲ


ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေရော၊ တချို့နိုင်ငံတွေရဲ့ အပြုသဘော ဆက်ဆံရေးတွေကြောင့်ပါ မြန်မာပြည်သူတွေရဲ့ဘ၀ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံနေပါတယ်။ ဒီမိုကရေစီရေးရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု မရှိသေးသမျှ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်နေဦးမှာပဲလို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။


US policy on Myanmarကျနော်တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွဝသော၊ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းကို ဦးတည်လာခဲ့ရင် အမရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။ (အိုဘားမား၏ အာရှ ၄ နိုင်ငံခရီးစဉ် ဂျပန်နိုင်ငံတွင် ပြောကြားချက်)

အမေရိကန် အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု” ဆိုတာ ဘာတွေလဲ။

“ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” များကို အောက်ပါအချက်များဖြင့် သတ်မှတ်တိုင်းတာနိုင်ပါသလော။

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် စတင် အာဏာတည်ခြင်း မရှိသေးသောကြောင့် ပြန်လည်သုံးသပ်နိုင်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မိမိတို့ကိုယ်တိုင် ပြဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့်အညီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊

(ခ) မိမိနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုကြောင့် နေအိမ်များတွင် ထိန်းသိမ်းခြင်းခံနေကြရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံတော်၏ လိုအပ်ချက်အရ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(ဂ) တိုင်းရင်းသားလူမျိုးစုများ မပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်သောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသားခေါင်းဆောင်များအား နှစ်ရှည်လများ ပြစ်ဒဏ်ကျခံနေရခြင်းမ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ 

(ဃ) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများ ခံနေကြရသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအင်အားစုများ စသည့် နိုင်ငံရေးအကျဉ်းသား အားလုံးတို့ကို ကန့်သတ်ချက်များမရှိဘဲ ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(င) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခြင်းခံနေကြရသော မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(စ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင် ရပ်တည်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့ရုံးများကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ခေတ္တဟုဆိုပြီး ယနေ့အထိ ငါးနှစ်ကျော်သည့်တိုင် ကာလရှည်ကြာစွာ ချိတ်ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပေးရန်၊

(ဆ) ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဖျက်သိမ်းခြင်းခံထားကြရသော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်များ ပေးရန်။