Popular Posts

Thursday, March 19, 2009

Everyone to be awareness!!!!!!

မတ်လ ၁၉ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလူမျိုး လင်မယားထံတွင် အိမ်ဖော်အလုပ်လုပ် ကိုင်နေသော အသက်(၂၀)အရွယ်ရှိ မြန်မာမိန်းခလေးတဦးသည် အလုပ်ရှင်လင်မယား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရ၍ ထွက်ပြေး လာခဲ့သည်။ 
ငွေတိုးချေးစားသူ အလုပ်ရှင်သူဌေးနှင့် ယောက်ျားစိတ်ပေါက်နေသည့် ၎င်း၏ ဇနီးသည်တို့မှ မိမိအားလိင်ပိုင်း ဆိုင်ရာစော်ကားမှုပြုလုပ်သောကြောင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ထိုအမျိုးသမီးငယ်က ပြောသည်။ 
ရေချိုးသည့်အချိန်တွင် အိမ်ရှင်ဇနီးသည်က လိင်စိတ်ကြွလာစေရန် လှုံ့ဆော်ပေးပြီး ယောက်ျားဖြစ်သူနှင့် အိပ်ခိုင်းသည်ဟု သူမက ယခုလိုပြောသည်။ 
“ရေချိုးရင် သူ(ဇနီးသည်)နဲ့အတူတူချိုးရတယ်။ ချိုးရင်လည်း ဟိုဟာကိုင်ဒီဟာကိုင်နဲ့ အကြာကြီး ချိုးရတယ်၊ ကျမကစိတ်ညစ်လို့ ပြောရင်လည်းမရဘူး။ နောက်ပြီး အောကားး (ညစ်ညမ်းခွေ) တွေ ဘာတွေ ပြတယ်။ ပြီးရင်ကျမကို သူ့ဘေးနား ခေါ်ပြီးတော့ အ၀တ်တွေ ဆွဲချွတ်တယ်။ ကျမက ပေးမချွတ်ပဲ ထွက်ပြေးမယ်လုပ်တော့ အခန်းတံခါးကိုပိတ်လိုက်တယ်၊ ကျမထွက်လို့မရတော့ သူလုပ် သမျှပဲခံရတာပေါ့။” 
အိမ်ဖော်လုပ်ရန် ခေါ်ထားသော်လည်း သူဌေးလင်မယား၏ လိင်ဖျော်ဖြေရေးကိစ္စ၌သာ အဓိက ဆောင်ရွက် ပေးနေရသောကြောင့် နောက်ဆုံးမခံနိုင်သဖြင့် အခြားအိမ်ဖော်အမျိုး သမီးနှင့်အတူ ထွက်ပြေးလာခဲ့သည်ဟု သူမက ပြောသည်။ 
မဲဆောက်ရှိ သူမ၏အကိုဖြစ်သူနှင့် မြန်မာပြည်သားပူးတွဲလှုပ်ရှားမှုကော်မတီမှ အဖွဲ့ဝင်များက အကြောင်းကြား သည့်အတွက် မိမိတို့အဖွဲ့မှ ကူညီပေးထားသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (ဘန်ကောက်) တာဝန်ခံ ကိုကျော်သောင်းက ခုလိုပြောသည်။ 
“မဲဆောက်က ဒေါ်ယုဇနရယ်၊ ကာယကံရှင် ကောင်မလေးရဲ့ အကိုတစ်ယောက်ရယ် ပြီးတော့ ဒီက ကောင်မလေးရယ် ကျနော့်ကိုဖုန်းဆက်ပြီးတော့ အကူညီတောင်းလာတယ်။ သူထွက်ပြေးလာတဲ့ အတွက် အဲဒီ ပွဲစားမနှစ်ယောက်ကလည်းလိုက်ရှာနေတယ်၊ ဒီကောင် မလေးတည်းခိုတဲ့ နေရာက လည်း အဆင်ကမပြေဘူး အန္တရာယ်ကပိုများလာတယ်။ ဒါကြောင့် (၁၇) ရက်နေ့လည် တစ်နာရီ လောက်မှာ ကျနော်သွားခေါ်ပြီး ကူညီပေးထားတယ်။” 
သူမအားရှာဖွေရန် အိမ်ရှင်လင်မယားမှ မြန်မာပွဲစားများကို စေခိုင်းနေပြီး ရှာမရပါက သူမ၏ မိခင်ကိုဓါးစာခံအဖြစ် ခေါ်ဆောင်လာရန်ပြောသည်ဟု ၎င်းကဆက်ပြောသည်။ 
“ကျမအိမ်ကို တခုခုလုပ်မှာစိုးလို့  ကယ်ရီတွေကို ဖုန်းဆက်ကြည့်တော့ သူတို့ကပြောလာ တယ်။ နင်ထွက်ပြေးသွားတဲ့အတွက် နင့်အမေကို သွားခေါ်ပေးရမယ်လို့ သူဌေးကငါတို့ကို ပြောတယ်တဲ့၊ အဲခါကျမကပြန်ပြောလိုက်တယ်လေ၊ အဲတာတော့လက်မခံနိုင်ဘူးလို့ သူယုတ်မာလို့ပြေးခဲ့တာပဲလို့ ဒဏ်တွေမခံနိုင်ဘူး၊ ကြာရင်သေသွားလိမ့်မယ်လို့ တစ်လပဲ ရှိသေးတယ်။ အဲဒီကို ရောက်တာလူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလို့ ကျမ မနေနိုင်ဘူးလို့ ပြီးတော့ နှစ်ယောက် ဒဏ်ကြီးခံရတာလို့ အဲတာ ကြောင့်မို့ပြေးခဲ့တယ်လို့ သူတို့ (ပွဲစား) ကို ပြောလိုက်တယ်။” 
သူမအနေနှင့် မဲဆောက်သို့ပြန်ရန်ဆန္ဒရှိသော်လည်း ပွဲစားများ၏ဖမ်းဆီးခြင်းခံရပါက ဆိုးဝါးလှသည့် ဘ၀ထဲသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်နေပြီး သူမ၏မိခင်အတွက် လည်းပူပန်နေရကာ ဗန်ကောက်ရှိ အထည်ချုပ် စက်ရုံတခုတွင် ၀င်ရောက်အလုပ်လုပ်ကိုင် မည်ဟု ၎င်းကပြောသည်။ 
တရုတ်၊ ထိုင်း နှင့် မလေးရှား နိုင်ငံတို့တွင် အိမ်ဖော်လုပ်ငန်းလုပ်ကိုင်နေကြသော ငယ်ရွယ်သူမြန်မာ အမျိုးသမီး များသည် အိမ်ရှင်ယောက်ျားများ၏လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု များကို မကြာခဏကြုံတွေ့ကြရသည်ဟု အလုပ်သမားအရေးနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောသည်။

To be considered before wedding!!!!!!!!!!!!!!!!

Written by မောင်ဝဏ္ဏ   

ဖြစ်ပုံများ ပြောမပြော ချင်တော့ပါဘူးဗျာ။ မပြောချင်ဘူး ဆိုကတည်းက ပြောချင်နေလို့ပေါ့လေ။ ဒါမျိုးက ပြောလိုက်ရမှ စိတ်ထဲ နေသာထိုင်သာ ရှိသကိုးဗျ။ အတင်း ဆိုပါတော့ဗျာ။ အတင်း ဆိုကတည်းက ဟုတ်တာရော၊ မဟုတ်တာရော ပါတာပေါ့။ သူများ အကြောင်း အတင်းပြောမှာ မဟုတ်ဘူး။ ကိုယ့်အတင်းကို ကိုယ်ပြန်ပြောရမှာ။

ကျွန်တော်နဲ့ ကျွန်တော့ ဇနီး အိမ်ထောင်ကျခဲ့တာ ဒီနှစ်ဆို သုံးဆယ့် သုံးနှစ် ရောက်ပြီပေါ့ဗျာ။ စကားစပ်မိလို့ ပြောရဦးမယ်။ ကျွန်တော့် ဘော်ဒါကြီး ကိုတင်ထွန်း (မန္တလေး) တစ်ချိန်တုန်းက ပြောဖူးတယ်ဗျ။ အဲဒီ ပုဂ္ဂိုလ်က ခပ်ထွေထွေနဲ့ မှတ်သားလောက်ဖွယ် မိန့်ဆိုတာက "မိန်းမ တစ်ယောက်ကို ငါးနှစ်လောက် ပေါင်းနိုင်တဲ့ ယောက်ျားဟာ တကယ် သည်းခံနိုင်တဲ့ လူပဲ၊ ချီးကျူးဖို့ ကောင်းတဲ့ လူပေါ့"တဲ့။ ဒါဆို ကျွန်တော့်လို မိန်းမတစ်ယောက်ကို သုံးဆယ်နဲ့မှ သုံးနှစ်ကြီးများတောင် ပေါင်းသင်းနိုင်ခဲ့တဲ့မို့ဟာ ဧရာမ ချီးကျူးဖွယ် ပုဂ္ဂိုလ် ဖြစ်ကရောပေါ့၊ ဟုတ်ဖူးလား။
အမှန်တော့ မိန်းမတစ်ယောက်ကလည်း ယောက်ျား တစ်ယောက်ကို နှစ်ရှည်လများ သည်းခံပေါင်းရတာ လွယ်မှတ်လို့။ ခန္တီစိတ် ရှိမှဖြစ်တာ။ ထားပါတော့လေ။ ကျွန်တော်တို့ အိမ်ထောင်သက် ၃၃ နှစ် ရှိပြီပေါ့။

ဇာတ်ကြောင်း ပြန်လှန်ရရင် ကျွန်တော့် အသက် သုံးဆယ်လောက်မှာ ခု ကျွန်တော့် ဇနီး ဖြစ်နေရှာတဲ့ မချိုရီကို တွေ့ခဲ့တာဗျ။ သူငယ်ငယ်ကတော့ ကျွန်တော့် မျက်စိထဲ တော်တော် လှတာပဲဗျာ။ ဆံပင်က တံကောက်ကွေးထိ ရောက်တယ်။ ကျစ်ဆံမြီး ကျစ်ထားရင်တောင် ခါးလယ်ကျော်ကျော် ဆံပင်ကောင်းသဗျ။ မိန်းမတို့ရဲ့ ကောင်းခြင်းငါးဖြာမှာ ဆံပင်၏ ကောင်းခြင်း ဆိုတာ ပါမဟုတ်လားဗျာ။ (ခုတော့ ဆံပင်ကျွတ်၊ ဆံပင်ဖြူမို့ ကုပ်ဝဲဖြတ်ထားတယ်) ရုပ်ချောတယ်၊ မချောဘူး ဆိုတာတော့ ကိုယ်ထင်ခုတင် ရွှေနန်းပဲ။ အဲ ညားကြရော ဆိုပါတော့ဗျာ။ ဒါလည်း ကျွန်တော့် အစွမ်းအစ သိပ်မပါ ပါဘူး။ သူ့အစ်မတွေနဲ့ သူ့ သူငယ်ချင်းတွေက ကျွန်တော့်ဘက်က ဘေးတီးပေးလို့ ကျွန်တော့်ကို ပြန်ကြိုက် လိုက်တယ် ဆိုတာပဲ။ (ဒါက အိမ်ထောင်ကျပြီးမှ သိရတာ)

ယောက်ျား ဆိုတဲ့ ငနဲ တွေဟာ မိန်းမတစ်ယောက်ကို ကြိုက်ပြီဆိုရင် ယောက်ျား တံခွန် လူရည်ချွန်က မိုးစွန် တမွတ်ကြယ်ကို ဆွတ်မယ့် စိတ်မျိုးထားပြီး ကြားဖူးနားဝနဲ့ တတ်ကျွမ်းသမျှ နည်းအမျိုးမျိုး သုံးပြီး ကြံကြ ဖန်ကြတာ မဟုတ်လား။ ကျွန်တော်လည်း အဲသလိုပဲ နည်းပေါင်းစုံ သုံးပြီး လူပျိုလှည့်၊ ရည်းစားစာ ပေး စသည်ဖြင့်တွေ လုပ်ခဲ့တာပေါ့။ (မဟာဗျူဟာ၊ နည်းဗျူဟာ အစုံပေါ့လေ။)

ယောက်ျားတွေ ဆိုတာ မညားခင်က အဲဒီ မိန်းမမှ လှတယ်၊ တခြား မိန်းမတွေ မလှဘူးလို့ ထင်ပေမယ့် ညားလည်းပြီရော ကိုယ့်မိန်းမက လွဲရင် တခြား မိန်းမတွေ အားလုံး လှတယ်လို့ ထင်လေ့ ရှိကြသကိုး။ (ဆက်ဖတ်ရန်

Tuesday, March 17, 2009

လွတ်လပ်ရေး သရုပ်မှန်
Written by ရော်ဆမ်း, March 17, 2009
မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် အသက်စွန့်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးက လွတ်လပ်ရေးတွေ ဆုံးရှုံးခံပြီး အကျယ်ချုပ် ကျနေတဲ့ အချိန်မှာ သမိုင်းမှာ ဘယ်ကောင်းကွက်ကနေမှ မပါခဲ့ဘူးတဲ့ ဗိုလ်ချုပ်တွေက လွတ်လပ်ရေး ညစာစားပွဲတွေလုပ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေ သမိုင်းကနေ ပျောက်သွားအောင်ဖျက်၊ ဒါတွေပဲ လုပ်နေကြတယ်။ ဒီလိုလုပ်လေ ဗိုလ်ချုပ်ကို လူတွေက ချစ်လေ ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက လေးစားလေပါပဲ။ အနိုင်ကျင့်ခံရတဲ့ လူတွေဘက်ကနေ ရပ်တည်ကြတာဟာ လူ့သဘာဝပါပဲ။ 

နိုင်ငံတကာမှာလည်း လူများတွေက နှိမ်လို့ မဟုတ်ဘူး၊ ဒီစစ် အစိုးရရဲ့ အရှက်မရှိ လုပ်ရပ်တွေကြောင့် ဗမာဆိုရင် အလိုလို နေရင်း သိမ်ငယ်နေရတယ်။ နိုင်ငံတကာ အဆင့် ဆွေးနွေးပွဲတွေ တက်ခဲ့ရတဲ့ အစိုးရ ကိုယ်စားလှယ်တွေ အပြောအရ ဆိုရင် ဆွေးနွေးပွဲတွေမှာ သူတို့ကို လူတွေက မျက်နှာကို တံတွေးနဲ့ မထွေးရုံတမယ် ဆက်ဆံခံရတယ်၊ အားလပ်ချိန်တွေမှာ ဘယ်သူကမှ အဖက်မလုပ်လို့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ချောင်တစ်ချောင်မှာ စုပြီး မုန့်စားရတယ်၊ ဆွေးနွေးတုန်း ဆိုရင်လည်း လက်ညှိုး ငေါက်ငေါက်ထိုး စားပွဲလက်သီးနဲ့ထိုး ခုံတွေ ဆောင့်ကန်ပြီး တုန့်ပြန်ကြတယ်လို့ ညည်းကြပါတယ်။ 

ဒါတွေကို သိက္ခာရှိရှိနဲ့ ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင် လွှတ်ပြလိုက်ပါ။ နိုင်ငံတကာရဲ့ တုန့်ပြန်ချက်က ချက်ခြင်း ပြောင်းသွားပါလိမ့်မယ်။ စီးပွားရေးကို ဆက်ပြီး ပိတ်ဆို့ထားပါဦးလို့ ခြေသလုံးဖက် တောင်းပန်ရင်တောင် ပိတ်ဆို့ထားတာကို ရုပ်ပေးသွားမှာပါ။ ပိတ်ဆို့ရေး ဆန့်ကျင်ရေး ဆရာကြီးတွေ ဒီအချက်ကို စစ်အစိုးရ သဘောပေါက်သွားအောင် အရင်ရေးပြလိုက်ပါ၊ ပြီးမှ ပိတ်ဆို့ရေးကို ဆန့်ကျင်ပါ။ ဒါမှ သဘာဝ ကျမယ်။ ကိုယ်ကလည်း မဟုတ်တာ လုပ်သေးတယ်၊ သူများကြောင့်ပါလို့ အော်နေတာ မှားတယ်ဆိုတာ လူတိုင်းနားလည်နိုင်ပါတယ်၊ ပညာတတ်စရာတောင် မလိုပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းဟာ ရှိသမျှ ပြသနာ အရပ်ရပ်ရဲ့ အရှုပ်ထုတ်ကို ဖြေဖို့အတွက် ကြိုးစ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ စစ်အစိုးရ ကျဆုံးပါစေ။

Sunday, March 15, 2009

What are they looking? Why do some clapping?

who is she?????????? Can any body answer?

Leitung ah thu tuamtuam leh kawl gam sunga thupiang natheih nopaleh

Please email your desired user name and password to myochitmyanmar@gmail.com.
16th Mar 2009, 12:36 PM
ကိုကို: လက်ဖက်ရောင်းလျှင် ဆိုးဆေးကင်းကြောင်း ထောက်ခံချက်လို http://www.khitpyaing.org/news/march_09/16-3-09b.php
16th Mar 2009, 12:35 PM
ကိုကို: ဆရာစံအကျဉ်းစခန်းခွဲ မီးလောင်သိန်း (၉၀) ခန့်ဆုံးရှုံး http://www.khitpyaing.org/news/march_09/16-3-09a.php
16th Mar 2009, 12:34 PM
ကိုကို: SBY urged to ask Myanmar to speed up democratization http://www.thejakartapost.com/news/2009/03/16/sby-urged-ask-myanmar-speed-democratization.html
16th Mar 2009, 12:33 PM
ကိုကို: မှတ်ပုံတင် လုပ်ပေးမည့် ၀န်ထမ်းများ UWSA နယ်မြေ အတွင်း ၀င်ခွင့်မရသေး http://www.mongloi.org/burmese/index.php?option=com_content&view=article&id=367:--uwsa-&catid=96:2008-08-03-06-49-23&Itemid=282
16th Mar 2009, 12:33 PM
ကိုကို: Signatures Wanted to Help Free Burmese http://www.scoop.co.nz/stories/WO0903/S00293.htm
16th Mar 2009, 12:33 PM
ကိုကို: Burmese Generals Exact Revenge http://www.scoop.co.nz/stories/WO0903/S00294.htm
16th Mar 2009, 12:32 PM
ကိုကို: Four escape from detention camp http://www.nst.com.my/Current_News/NST/Monday/National/2506103/Article/index_html
16th Mar 2009, 12:32 PM
ကိုကို: တာဝန် ကျေပွန်ကြပါဟု အရှင် ဂမ္ဘီရ မှာကြား တိုက်တွန်း http://burmese.dvb.no/news.php?id=7108
16th Mar 2009, 12:31 PM
ကိုကို: ကလေးစစ်သား စုဆောင်းအသုံးပြုမှု တားဆီးမိန့် ၊ ချင်းအမျိုးသား တပ်မတော်တွင်း ထုတ်ပြန် http://www.voanews.com/burmese/2009-03-15-voa6.cfm
16th Mar 2009, 12:31 PM
ကိုကို: Refugee Agency Set To Bolster Aid Work In Myanmar http://www.scoop.co.nz/stories/WO0903/S00283.htm