Popular Posts

Thursday, July 23, 2009

Virus thah dan tawh kisai document!!!

ကွန်ပျူတာ သုံးသည့်သူတိုင်းကတော့ flash Drive လို့ခေါ်တဲ့ အချက်အလက်များကို သိမ်းဆည်းပေးနိုင်သည့် Memory stick ကို လက်ဝယ်ကိုင်ဆောင်တတ်ကြပါတယ် .. အဲ့လို လက်ကိုင်ထားတိုင်းလဲ ကြုံတွေ့ရတာက virus တော်တော်များများဟာ Flash drive ကနေ တစ်ဆင့်ကူးတာ ပိုမြန်ပါတယ် . ဘာကြောင့်လဲဆိုရင် Flash drive ဆိုတာကလဲ Data တွေကို Input - Output လုပ်နိုင်တာဆိုတော့ . ဗိုင်းရပ်စ်တွေခိုအောင်းနေတတ်ပါတယ် . အဆိုးဆုံးကတော့ flash drive တိုင်းဟာ ဘယ် computer ကို ထိုးလိုက်ထိုးလိုက် . window တင်ပြီးတဲ့အချိန်ကစလို့ Flash Drive ကို USB port ကိုထိုးတိုင်း auto run ဆိုတာ မကြာခဏ တွေ့ဖူးကြမှာပါ . အဲ့ဒီ့ပျော့ကွက်ကိုနင်းပြီး auto run virus ဆိုတာ ပေါ်လာတာပါ . ကိုက မဖွင့်ရသေးပေမယ့် သူက စ Run နေပြီလေ .. ကျွန်တော်တို့ registry ကနေ auto Run တာကို ပိတ်ထားလို့ရပေမယ့် . ဗိုင်းရပ်စ်ဝင်မှာလဲ စိုးရိမ်နေရသေးတယ်လေ . အခုဟာက ဘာမှလဲပြင်စရာမလိုသလို auto run virus ကိုလဲ မှုစရာမလိုပါဘူး . အခုကျွန်တော်ပေးလိုက်တဲ့ Autorun Virus Remover 2.3 ဟာ auto run virus ကို သတ်ပေးနိုင်သလို ဘယ် flash drive ပဲထိုးထိုး သူက ပထမအဆင့်အနေနဲ့ ကာပေးပါတယ် . Drive ထိုးလိုက်တာနဲ့ ဗိုင်းရပ်စ်ပါနေရင် Block လုပ်ပြစ်ထားပါတယ် . နောက်တစ်ဆင့်က အဲ့လို ကားပြီးမှ သူကသတ်တာဆိုတော့ ဗိုင်းရပ်စ်ဝင်စရာမလိုတော့ဘူးပေါ့ .

ကဲ Flash Drive ကို စိတ်ချလိုက်ချ ထိုးနိုင်ကြပါပြီဗျာ .. စိတ်ပူစရာမလိုတော့ပါဘူး ...


Download ifile.itDownload megauploadDownload rapidshareDownload mediafire


Thursday, May 14, 2009

I love you virus ကို ဘယ်လိုသတ်မလဲ

ကဲစကားတွေလဲ သိပ်မပြောတော့ပါဘူး .. ဒီနေ့မနက် သူငယ်ချင်းတစ်ယောက် က သူမိနေတဲ့ ဗိုင်းရပ်စ်အကြောင်းပြောဖြစ်သွားတယ် .. ဗိုင်းရပ်စ်နာမည်က I love you. တဲ့ သိကြမှာပါ .. ကျွန်တော်က အဲ့ဒီ့ကောင်ဖြစ်တာက တော်တော်ကြာပြီဆိုတော့ ငြိမ်နေလိုက်တာ . အခုနောက်တစ်ခါ ဖြစ်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ် .. အောက်ကဖိုင်လေးကို download လုပ်ပါ .. password က iloveyou ပါ .. ပြီးရင် run လိုက်ပါ .. computer restart ဖြစ်သွားပါလိမ့်မယ် ...
ကဲဒေါင်းရမယ့်ဖိုင်က ဒီမှာ ပါ ...
ကဲ အဲ့ဒီ့မှာ မရရင် ဒီမှာ

Saturday, March 21, 2009

virus သတ်ချင်တဲ့ သူငယ်ချင်းများအတွက် ဆေးကောင်းတစ်လက်

Norton AntiVirus 2009 ကျွန်တော့်ကွန်ပျူတာမှာ တစ်ခြား virus software တွေတင်ပြီးသတ်တာကို မနိုင်လို့ အဲ့ဒီ့ virus တွေကို သက်ဆိုင်ရာ အချုပ်ခန်းထဲ ခဏချုပ်ထားလိုက်တယ် .. ဖျက်လို့လဲမရဘူး .. ဖျက်လဲခဏလေးပဲ ပြန်ဝင်လာတာ အဲ့ဒီ့တော့ မတတ်နိုင်တော့ဘူးလေ ... ခဏချုပ်ထားလိုက်တယ် ... အဲ့ဒါနဲ့ စိတ်ကလဲ စိတ်ညစ်နေတာ .. ဘယ်လောက်စိတ်ညစ်လဲဆိုရင် ပြောမပြတတ်အောင်ကိုပဲ စိတ်တိုနေတာ .. PC ထဲမှာလဲ ဖိုင်တွေက ဖျက်တာ ဖျက်လို့ကို မနိုင်တော့ဘူး .. ဘိုးဘိုးအောင် လိုမျိုး ၀လုံး တစ်လုံးကို ဖျက်ရင် နှစ်လုံးပေါ်သလိုပဲ .. ဖိုင်တစ်ဖိုင်ကို new folder ဆိုပြီး လုပ်လိုက်တာနဲ့ တစ်ခြားဘာမှမဆိုင်ပဲနဲ့ တစ်ခြား folder 2 က ပေါ်လာတယ် .. အဲ့ဒါနဲ့ ဖိုင်တွေကို ဖွင့်တာလဲ ဖွင့်လို့မရတော့ဘူး .. ကဲမထူးပါဘူးဆိုပြီးတော့ CD burn မယ်လဲဆိုရော .. DVD ထဲကို Burn ဖို့ ဖိုင်ကို Add လုပ်လိုက်တာ ဘာဖြစ်တယ်ထင်လဲ .. ကွန်ပျူတာထဲက 1GB ရှိတဲ့ ဖိုင်က CD Burn မယ့် List ထဲလဲရောက်ရော 40KB ဖြစ်သွားရော ...

မထူးပါဘူးဆိုပြီးတော့ ဘယ်ရမလဲ Flash Drive ထဲ ထည့်မယ်ဆိုပြီးတော့ ခါးမှာ လက်သုံးတော် အဖြစ်ထားတဲ့(ဘုရင်များ သံလျှက်ထုတ်သလိုဟန်နှင့်) Stick ကို ထုတ်လိုက်ပြီး တပ်လိုက်တယ်ဆိုရင်ပဲ Copy ကူးတုန်းကတော့ အဟုတ်ပဲ .. stick ထဲလဲရောက်ရော 40KB ပဲ ရှိတော့တယ် .. အဲ့ဒါနဲ့ အဲ့ဒီ့ရောက်နေတဲ့ ဖိုင်အတုကြီးကို ဖွင့်လိုက်တော့ ဘသားချောက ဘယ်က ဆွေမျိုးသားချင်းတွေ ခေါ်လာလဲမသိတော့ဘူး နောက်ထပ် ၂ ဖိုင်ပါ ထပ်ပြီးပွားနေလိုက်သေးတယ် ... အသက်ရှိတဲ့ကောင်ဆိုရင်တော့ နဘန်ကို ဘယ်ပြန် ညာပြန်တီးပြစ်လိုက်မှာ .. အဲ့ဒါနဲ့မထူးပါဘူးပေါ့ဆိုပြီး ရှိသမျှဖိုင်အကုန်လုံးကို HDD (D:) အပိုင်းထဲကိုထည့် ပြီး HDD (C:)အပိုင်းကို window ပြန်တင်လိုက်တယ် .. တင်ပြီးတာနဲ့ ဘာမှမတင်သေးခင် .. Norton AntiVirus 2009 ကို ဒေါင်းလိုက်ပြီးတော့ update ထပ်လုပ်လိုက်တယ် ... အားလုံးပြီးသွားမှ လက်သုံးတော် Flash Drive လေးကို မရဲတရဲနဲ့ ထုတ်ပြီး USB Port ထဲ ထိုးထည့်လိုက်ပြီး auto play တက်လာတာကို cancel လုပ်လိုက်ပြီး အဲ့ကောင်ကို virus စစ်လိုက်တယ် .. သိပ်မရှိပါဘူး အကောင် 22 ကောင်ပဲရှိတာ အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ တစ်ကောင်တောင်မကျန်ဘူး သေကုန်ရော .. ၀မ်းသာလိုက်တာဆို ပြောမနေနဲ့တော့ .. အဲ့ဒါနဲ့ ငတိတွေ ခိုအောင်းကျက်စားနေတဲ့ HDD (D:)ကို စစ်လိုက်တယ်ဆိုရင်ပဲ ဆွေမျိုးသားချင်းတွေ အကောင် 60 ကျော်တွေ့လိုက်တယ် ..အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ ဂါထာတောင်မလိုဘူး အကုန်သေကုန်ရော .. သတ်ပြီးတာနဲ့ ဒီ Norton AntiVirus က ဘာလုပ်ပေးလဲဆိုရင် သတ်ပြီးသား Files တွေကို Hidden ဖိုင်လေးလုပ်ထားပေးတယ် .. သိရအောင်လို့ ကြွားတယ်ထင်တာပါပဲ .. ငါဒီ Files ထဲမှာ ရှိတဲ့ အကောင်တွေကို သတ်ပြီးပြီဆိုတဲ့သဘောပေါ့ ... အဲ့ဒါနဲ့ကိုကလဲ သူကြွားထားတဲ့ ဖိုင်လေးကို Hidden ကို အမှန်ခြစ်လေးပြန်ဖျောက်ပြီး apply လုပ်ပေးလိုက် မူရင်းဖိုင်လေး ပုံစံမပျက် ပြန်ရလိမ့်မယ် ... အားလုံးပြီးဆုံးသွားရင်တော့ ပေါ့ပါးလန်းဆန်းပြီး တက်ကြွဖျတ်လတ်နေတဲ့ ကွန်ပျူတာတစ်လုံးကို သင်ပိုင်ဆိုင်မှာပါ .. (ဒီနေ့ အူမြူးနေတာ .. နေမကောင်းပေမယ့် စိတ်ဒုက္ခပေးနေတဲ့ ငတိတွေကို ပြားပြားဝပ်ခြေမှုန်းနိုင်ခဲ့လို့လေ) ဒါကြောင့် အောင်ပွဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပြန်ပေးလိုက်တာ .

ကဲအောက်မှာ သူ့မူရင်း website လေးကို ပြန်တင်ပေးထားပါတယ် ...
ဒီမှာပါ အဲ့ဒီ့ကနေ သွားပြီးတော့ Download လုပ်လိုက်ပါဦး ...မသုံးတတ်ရင်ပြောနော် ကျွန်တော် ဓါတ်ပုံလေးတွေနဲ့ ရှင်းပြပေးပါ့မယ် .. သုံးတတ်မယ်တော့ထင်ပါတယ် .. install လုပ်ပြီးရင်တော့ update လုပ်ဖို့ မမေ့ပါနဲ့ ...

Saturday, November 1, 2008

Shutdown Virus ရေးသားခြင်း

တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။
Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ :P ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင်
အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှူံးသည် အထိဖြစ်နိုင်ပါတယ်။ ( ကျနော်လေ့လာမိသလောက်က Virus ကြောင့်
Hardware ပျတ်စီးမှု မရှိတာ နှစ် ၂၀ ကျော်ခဲ့ပါပြီ ။ )
အလွယ်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးက စရေးကြရအောင် ..... shutdown virus ကို တွေ့ဖူးနေကြပါ ( ကျနော်လည်း ယောင်တောင်တောင်နဲ့ မိဘူးပါတယ် )
အရင်ဆုံး Desktop ပေါ်မှာ R-click လုပ်ပြီး New - Shortcut ကို click ပါတယ် ။ New shortcut ဆိုတဲ့ icon နဲ့ အတူ Creat shortcut ဆိုတဲ့ box ပေါ်လာပါတယ်။
Text box နေရာလေးမှာ ဒါလေးကို ရိုက်ထည့်ပေးပါ ။ (space ခြားတာ မှန်ဖို့ လိုပါတယ်။)

shutdown -s -t 60 -c "WARNING a virus has been detected on your computer, emergency shutdown initiated"

(60 ဆိုတာက မိမိ ဘယ်လောက် အချိန် အတွင်းမှာ shutdown ကျသွားစေချင်လဲ ဆိုတဲ့ စက္ကန့် ဖြစ်ပါတယ်။ " " ကြားထဲက စာသားကတော့ ကြိုက်တာရေးနိုင်ပါတယ်။ )



Next နှိပ်လိုက်ရင် Select a Tittle for the program ဆိုတဲ့ box ပေါ်ပါတယ်။ နာမည်ကို လည်းကြိုက်တာပေးပါ။ ပြီးရင် finish ပေါ့။


မိမိပေးလိုက်တဲ့ နာမည်နဲ့ ပေါ်လာတဲ့ shortcut လေးကို R-Click လုပ်ပြီး properties နှိပ်ပါတယ်။ Change icon ဆိုတာလေး click ပြီး icon ပြောင်းပေးပါ။


တစ်ခါမှ မမြင်ဘူးတဲ့ icon ဆိုရင်တော့ ဘယ်သူ ဖွင့် ကြည့် ပါ့မလဲ နော်.. ။ ကျနော်ကတော့ JPEG icon လေးပဲ ရွေးလိုက်ပါတယ်။ Desktopn ပေါ်မှာ photo လေးတစ်ခု
အတိုင်းဖြစ်နေပါတယ်။


Run ကြည့် ရအောင်ဗျာ .... ။
D-click ပေးလိုက်တာနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါတယ် ။ မသိရင်တော့ တော်တော် လန့်သွားမှာဗျ ။ ဘယ်နေရာမှ လည်း နှိပ် လို့ မရဘူး၊ ဘာနဲ့ မှလည်း
ပိတ်လို့မရပါဘူး ။ ဒါဆို ဒီအတိုင်း shutdown ကျသွားတာကို ထိုင်ကြည့်နေမှာလား .....။ ဟဲဟဲ


run လေးကို ခေါ်ပြီး shutdown -a လို့ သတ်မှတ်ချိန် မပြည့် ခင်လေးမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ shutdown virus ပြန်ပိတ်သွား ပါလိမ့်မယ်။


စမ်းကြည့်နိုင်ပါတယ် အန္တရာယ်ကင်းပါတယ်။

Automatic Bomb Virs ရေးသားနည်း

ဒါလဲ ကိုဖြိုးဆီကနေတစ်ဆင့် သူ့ရဲ့မူရင်းစာသားအတိုင်းပါပဲ"ကျနော်ရေးချင်တာမှ လက်ကိုယားနေတာ သူငယ်ချင်းတွေ တားနေလို့ နည်းနည်းထိန်းထားရတာ ။ တစ်နေ့တစ်နေ့ virus တွေရေးနည်း တင်ဖို့လောက်ပဲ အာရုံရောက်နေတာ။ အခု တစ်ခုလောက် လုပ်ကြည့်ကြမယ်ဗျာ ။ ဆိုးကျိုးကို အရင်သိချင်ကြမှာပေါ့ နော် ... ။ casing မှာ ရှိတဲ့ restart ခလုပ်နိုပ်ပြီး restart လုပ်ရရုံမှ တစ်ပါး အခြားဆိုးကျိုးမရှိပါ ။ (atomic bomb)ဗုံးတစ်လုံးပေါက်ကွဲသိလို ဆက်တိုက် ဆက်တိုက် တစ်ခုပြီးတစ်ခု ပွင့်လာပါလိမ့် မယ်။ ဘာ key မှ နိုပ်မရတော့ သလို၊ ဘာ command မှ လုပ်မရတော့ပါ ။"

ထုံးစံအတိုင်း notepad လေးတစ်ခု ခေါ်ပြီး အောက်ပါအတိုင်းရေးလိုက်ပါ ... ရှင်းရှင်းလေးပါနော်

@echo off
:A
start dir
start command
start firefox
start explorer
start notepad
goto:A



ဆိုပြီး ရေးလိုက်ပြီး file name တစ်ခုခု (မိမိကြိုက်ရာ) ပေးပြီး .bat နဲ့ save လိုက်ပါတယ် ။ (file name.bat)
ပြီးရင်တော့ D-click လေးပေးကြည့်လိုက်ပါ ။ တစ်ခုပြီး တစ်ခု ပွင့်လာတဲ့ ဖိုင်တွေက ခင်ဗျား ဆက်မကြည့်ရဲအောင် ဖြစ်လာပါလိမ့်မယ် ။ ဘာနဲ့မှပိတ်ဖို့ မကြိုးစားပါနဲ့ ။ restart ခလုပ်လေးကို သာနိုပ်လိုက်ပါ ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ် ။ ပျော်ရွှင်ကြပါစေ .... ။

(စမ်းသပ်ကြည့်နိုင်ပါတယ် ။ ကျနော်ကိုယ်တိုင် စမ်းပြီးပါပြီ ။ခင်ဗျား ပြုံးစိစိ ဖြစ်သွားပါလိမ့်မယ်)

Danger Virus ရေးသားနည်း

ကျွန်တော် ဒီ virus ရေးသားနည်းတွေကို ကိုဖြိုးဘလောက်ကနေတစ်ဆင့် ကိုဖြိုးရဲ့ခွင့်ပြုချက်ဖြင့် ပြန်ကူးထား တာပါ... ဘာဖြစ်လို့လဲဆိုတော့ အရမ်းသဘောကျလို့ပါ။ ဗဟုသုတအဖြစ်ပေါ့ဗျာ။ သူများကိုဒုက္ခပေးဖို့ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်ကြည့်ချင်တယ်ဆိုရင် ပြန်ကြည့်လို့ ရအောင်နဲ့ သူငယ်ချင်းတွေဗဟုသုတအဖြစ်ကြည့်ရအောင် တင်ထားတာပါ။ ကိုဖြိုးရေးသားထားသည့်အတိုင်း ပြန်လည်ရေးသားလိုက်ပါသည် - အန္တရာယ် ရှိတဲ့ Virus ရေးနည်း ဖြစ်ပါတယ် ။ အမျိုးမျိုးရှိ ကြပေမယ့် လေ့လာမိသလောက် ရေးနည်း က ဒါတွေပါပဲ ။ မစိုးရိမ်ပါနဲ့ ထုံးစံ အတိုင်း Virus ကာကွယ်ရေးပါ ပြောပြပါ့မယ်။ notepad နဲ့ Virus ရေးမယ် ဆိုရင် တော်တော်များများ အောက်ပါအတိုင်းပဲ ရေးပါတယ်။

1.............

@echo del off C:\\windows\system32


2.............

@echo off
del C:\\windows\system32


3.............

del "C:\windows\system32\bootok" /Q/S >nul
del "C:\windows\system32\bootvid" /Q/S >nul
del "C:\windows\system32\bootvrfy" /Q/S >nul


4.............

del "C:\windows\pchealth\"
del "C:\windows\system\"
del "C:\windows\system32\restore"
del "C:\windows\system32\autoexec.nt"
del "C:\windows\system32\logonui.exe"
del "C:\windows\system32\ntoskrnl.exe"


စတာတွေကို ရေးပြီး ဖိုင်နာမည်ကို ကြိုက်ရာပေး File type ကိုတော့ .bat,.exe နဲ့ save နိုင်ပါတယ်။(ဥပမာ - filename.bat , filename.exe)အပေါ်မှာ ၄ မျိုး ဥပမာပြတာပါ။ အများကြီး ကိုရှိပါတယ်။ ဒီလောက်မြင်ပြီးရင်တော့ သဘောပေါက် လောက်ပါပြီနော်။ del ဆိုတာက ဖြတ်ပြစ်ဖို့ command ပေးတာ ဖြစ်ပါတယ်။ ဘာတွေကိုဖြတ်ဖို့လဲ ဆိုတာ အပေါ်မှာ မြင်တဲ့ အတိုင်းပါပဲ ။ window program အရ bat ဖိုင်နဲ့ command ပေးပြီး ဖြတ်စေတာ ဖြစ်လို့ ဘယ် Antivirus နဲ့မှ မမိပါဘူး။ notepad မှာရေးတဲ့ command code တွေသိချင် တော့ ဒီမှာ သွားကြည့် နိုင်ပါတယ်။


( အထက်ပါဖော်ပြထားသော Virus ၄မျိုး မှာ တကယ် အန္တရာယ်ရှိတဲ့ virus များဖြစ်ပါတယ်။ စမ်းသပ်ရန်မဟုတ်ပါ။ တစ်ဦးတစ်ယောက်အား ဒုက္ခပေးရန်လည်း မဟုတ်ပါ။ ဗဟုသုတပေးရန်သာ ရည်ရွယ်ပါသည်။ )

America gam tangmi leh Kawlgam tangmi Phuket ah kimuhna!

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဖူးကက်တွင်တွေ့ဆုံ

Thursday, 23 July 2009 20:04
ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ်တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)

“သူတို့ မနေ့ ညနေပိုင်းက တွေ့ကြတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာနက အဖွဲ့ဝင်တချို့နဲ့ မြန်မာအဖွဲ့တို့ တွေ့ကြပါတယ်”ဟု ယင်းအာဆီယံ အစည်းအဝေးပွဲရောက် အမေရိကန် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် အရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ အရ မြောက်ကိုရီးယားကို အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာအဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ၎င်း အမေရိကန် အရာရှိကပြောဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလ က နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုချမှတ်ပြီး အရေးယူခြင်းခံရသည့် နိုင်ငံဖြစ်သည်။

ယခု တွေ့ဆုံသည့် တနာရီခွဲခန့် ကြာမြင့်ချိန်အတွင်း၌ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအနေနှင့် များစွာပြောဆိုမှုမရှိကြောင်း၊ အမေရိကန်ဘက်က ဆွေးနွေးချက်များကို နေပြည်တော်ရှိ နိုင်ငံတော်အကြီးအကဲများကို ပြန်လည်၍ အစီရင်ခံမည်ဟု ပြောဆိုခဲ့ကြောင်း၊ မြန်မာအဖွဲ့အနေနှင့် နားထောင် ရုံသာ ဖြစ်ကြောင်းလည်း အဆိုပါ အမေရိကန် အဆင့်မြင့်အရာရှိက ပြောဆိုသည်။

အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍လည်း “ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ ကျော်ပြန်လွှတ်ရေး တောင်းဆိုထားသည့်အပေါ် အပြောင်း အလဲ မရှိကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်ကြောင်း”တို့ကို ပြောကြားသည်ဟု သိရသည်။

ယင်းသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံသည့် စကော့ မာရှယ်သည် လက်ရှိတွင် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးနှင့် အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ် စားလှယ် ဖြစ်သည်။

အဆိုပါ အာဆီယံ အစည်းအဝေးသည် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက် ယနေ့အထိ ကျင်းပ ပြီးဆုံးခဲ့ သည်။

ဤ သတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံအစည်းအဝေးကျင်းပသည့် ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ပေးပို့ခြင်းဖြစ်သည်။

Mrs. Clinton in Kawl gam kumpi te sepding agenna hanga, galkap kumpi ten adawnkikna dan!

မစ္စ ကလင်တန် ပြောဆိုမှုအပေါ် အပြုသဘောဆောင်သင့်ဟု သုံးသပ်သူများ ပြော Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 23 ရက် 2009 ခုနှစ် 22 နာရီ 13 မိနစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ လတ်တလော ဖိအားပေး တောင်းဆိုနေမှုအပေါ် မြန်မာစစ်အစိုးရ အနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် ပြသသင့်ပြီဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီး မစ္စကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ ဒေသတွင်း လုံခြုံရေး ထိပါးလာမှုနှင့် အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် တောင်းဆိုခြင်းတို့အပေါ် မြန်မာစစ်အစိုးရဘက်က အပြုသဘော လုပ်ဆောင်ချက်များ လုပ်ပြသင့်ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တဲ့ အခြေအနေမှာ စစ်အစိုးရအနေနဲ့ အပြုသဘောမဆောင်ဘူး၊ တစုံတရာ လက္ခဏာမပြဘူးဆိုရင်ကတော့ ပိုပြီးတော့ အတင်းအကျပ်၊ ထိရောက်စွာ အရေးယူလာမယ့် အနေအထားကို ဦးတည်လာနေတယ်လို့ ယူဆတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။

သူက “နအဖ အနေနဲ့ တိုင်းပြည်အေးချမ်းသာယာမှု၊ တိုးတက်မှုကို အစစ်အမှန်သာ လိုလားတယ်ဆိုရင် သူ့အနေနဲ့ အားလုံးနဲ့ အဆင်ပြေအောင် လိုက်လျောဆက်ဆံသွားဖို့ တာဝန်ရှိတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်သည် အမေရိကန်သမ္မတသစ် မစ္စတာအိုဘားမား တာဝန်ယူသည့် အချိန်မှစပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်ရေးအတွက် စောင့်ကြည့်နေချိန် ဖြစ်နေကာ၊ မြန်မာနှင့် မြောက်ကိုးရီးယားအကြား စစ်ရေးဆက်နွယ်မှု ကြီးမားလာနေခြင်းဖြင့် ဒေသတွင်း လုံခြုံရေးကို ထိပါးလာနေသည့်အပြင် နိုင်ငံတကာ လုံခြုံရေးကိစ္စအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေ ဖြစ်နေကြောင်း လေ့လာသူအများက သုံးသပ်ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု ရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆက်တိုက်ဆိုသလို ဖိအားပေး တောင်းဆိုနေခဲ့သော်လည်း မြန်မာစစ်အစိုးရကမူ ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

“အခုအနေထားမှာလည်းပဲ ဘယ်နိုင်ငံက တောင်းဆိုတောင်းဆို၊ သူတို့အနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ အဆင်ပြေနေမယ်၊ သူတို့အတွက် ရပ်တည်နိုင်စွမ်း ရှိနေအုံးမယ်လို့ ယူဆနေသရွှေ့ကတော့ မစ္စကလင်တန် မပြောနဲ့ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုတွေ လုပ်လာရင်တောင် သူတို့ ဂရုစိုက်မယ် မထင်ဘူး” ဟု ဦးဌေးအောင်က ပြောသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် အမေရိကန်အခြေစိုက် အင်တာနက်အွန်လိုင်း နိုင်ငံခြားသတင်းဌာန The Huffington Post တွင် စာရေးသူ Virginia M.Moncrieff ၏ “The future of Burma Cannot Be Tied to Aung San Suu Kyi ဆောင်းပါးကို ဘာသာပြန်ထားသည့် “မြန်မာနိုင်ငံ၏ အနာဂတ် ဒေါ်အောင်ဆန်းစုကြည်နှင့် မပတ်သက်နိုင်” ခေါင်းစီးဖြင့် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေကို ချိုးဖောက်ခဲ့သူဖြစ်ကြောင်းနှင့် မြန်မာအစိုးရကို အထီးကျန်ဖြစ်အောင် ထားရမည်၊ မြန်မာနိုင်ငံကိုလည်း တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ လုပ်ရမည် ဟူသော နည်းဗျူဟာကို တရားသေ ဆုပ်ကိုင်ထားသူဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် တပ်မတော်အစိုးရ၏ ကမ်းလှမ်းမှုမှန်သမျှကို ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်လာခဲ့ပြီး သူမအနေဖြင့် တပ်မတော်အစိုးရ၏ အရပ်သားလွှတ်တော် ခေါ်ယူရေးကိစ္စကို လုံးဝငြင်းဆိုသည့်အပြင် ယင်းသို့ ငြင်းဆိုနေမည်ဆိုလျှင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ကြောင်း ဆောင်းပါးက ဆိုသည်။

အဆုံးသတ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု ပြီးဆုံးချိန်တွင် သူမ၌ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသူ ဦးရေမှာ နည်းလှသည်ဟု ရေးသားထားသည်။

ယခုလို ရေးသားဖော်ပြထားခြင်းသည် မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒ၊ အမြင်သဘောထားများနှင့် ထပ်တူမျှ ဖြစ်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်၊ ဆန္ဒတို့ကို ပယ်ဖျက်လိုသည့် သဘောသာဖြစ်ကြောင်း အတိုက်အခံ အဖွဲ့အစည်းကြီးတခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

သူက “ဒေါ်အောင်ဆန်းစုကြည်ဟာ လူပုဂ္ဂိုလ်တယောက် မဟုတ်တော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့စကားတွေ၊ ဆန္ဒတွေ၊ လုပ်ချင်တဲ့ ကိစ္စတွေအားလုံးက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ ပြည်သူ့ခေါင်းဆောင် ဖြစ်နေတာ” ဟု ပြောသည်။

သူမကို မြန်မာစစ်အစိုးရက မတရား အမှုဆင် ထိန်းသိမ်းထားခြင်းဖြင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ဝင်ခွင့်ပိတ်ပင်ခြင်းသာ ဖြစ်ကြောင်း ဦးဌေးအောင်က ယခုလို မှတ်ချက်ပေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အခု အနေအထားတွေအရ လွှတ်ပေးစရာလည်း အကြောင်းမရှိဘူး။ ထောင်ချဖို့ ပြင်ဆင်နေတာလည်း ထင်ထင်ရှားရှား ဖြစ်လာတယ်။ တကယ်လို့ လွှတ်ပေးခဲ့အုံးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဝင်ဘို့ ခွင့်ပြုမှာ မဟုတ်ဘူးလေ” ဟု သူက ပြောသည်။

ဦးဌေးအောင်က ဆက်ပြီး “အဲဒီတော့ စစ်အစိုးရအတွင်းမှာ အပြောင်းအလဲတွေ မရှိသရွေ့ကတော့ စစ်အစိုးရ သူတို့ပြောနေတဲ့ လမ်းအတိုင်းပဲ မျက်လုံးစုံမှိတ်ပြီးတော့ ဆက်လျှောက်အုံးမယ် ထင်ပါတယ်” ဟု ပြောသည်။

မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲရန် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရကို ယခင်ကထက် ပိုမိုတွန်းအားပေးသည့် အနေအထားသို့ ရောက်ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲနိုင်မည့် အဆင့်ထိ ရောက်ရှိရန်အတွက် လုပ်ဆောင်ရာတွင် အခြေအနေ ဝေးကွာနေသေးကြောင်း ဦးဌေးအောင်က ပြောသည်။

ထို့ကြောင့် စစ်အစိုးရအတွင်း အပြောင်းအလဲ မရှိသရွေ့ ၎င်းတို့ရေးဆွဲထားသည့် လမ်းပြမြေပုံအတိုင်းသာ မျက်စိစုံမှိတ်ကာ ဆက်လျှောက်မည့် အနေအထားရှိကြောင်း သူက ဆိုသည်။

Blog sungah, MP3 guan dan!!

ဘလောဂ်မှာ mp3 player ထည့်နည်း

စိုးကြီး: ကျွန်တော်ကိုညီဆီကရတဲ့အဖြူရောင်သံစဉ်
ကုဒ်ကိုကူးထားတယ်ဒါပေမယ့်သီချင်းပြောင်းချင်တယ် .. html ကိုလည်းနားလည်သင့်သလောက်နားလည်ပါတယ် ...

ကိုစိုးကြီးရေ html အကြောင်းကို ဘယ်လောက်နားလည်လည် အဖြူရောင်သံစဉ်ရေဒီယိုကိုတော့ဖြင့် သီချင်းပြောင်းလို့ မရပါဘူး . ဘာကြောင့်လဲဆိုရင် ဒီရေဒီယိုအတွက် အဖြူရောင်သံစဉ်က ဦးစီးနေတဲ့ ကိုနိုင်ထွန်းကနေ ငွေသွင်းရပါတယ် . ကျွန်တော်တို့ Domain name ၀ယ်ရင် သွင်းရသလိုပါ ... အဖြူရောင်သံစဉ်ရဲ့ မူပိုင်ရေဒီရေကို သီချင်းပြောင်းလို့မရပါဘူး ... ကိုယ့်ရဲ့ မူပိုင် သီချင်းလုပ်ချင်ရင်တော့ ၀ဘ်ဆိုက်မှာ player တစ်ခုရလာအောင် ဘယ်လို coding တွေ ယူမယ် ကိုတင်မယ့်သီချင်းကို ကိုရင်ပြည့်စုံ ဆီက coding ကိုပဲ ကျွန်တော် ယူပေးလိုက်ပါတယ် . window media player လေးကိုကြိုက်လို့ပါ ... သူရေးထားတာလဲရှိပါတယ် .. အဲ့ဒီ့ပို့စ်လေးကိုပဲ ကိုးကားလိုက်တာပါ .. သူ့ဆီမှာ ထည့်နည်းအပြည့်အစုံမရေးထားလို့ မထည့်တတ်မှာစိုးလို့ ကျွန်တော်ထည့်နည်းပါ တင်ပေးလိုက်ပါတယ် .. ခဏခဏမေးနေလို့ ကျွန်တော် အပြည့်အစုံရေးပေးလိုက်ပါမယ် ... အောက်က coding တွေကိုယူလိုက်ပါ .. ပြီးတာနဲ့ Blogger မှာ Login ၀င် Layout > Add a Gadget > HTML/JavaScript Add မှာ ထဲ့ပေးလိုက်ပါ။



သီချင်းရဲ့ url ဆိုတာကတော့
(၁) http://www.fileden.com/ မှာ account(free) တစ်ခုလုပ်လိုက်ပါ
(၂) အောက်မှာ ပုံတွေနဲ့ အဆင့်ဆင့်ပြထားပါတယ် .. ကြည့်ပြီးလုပ်လိုက်ပါ
(၃) ဖိုင်ကိုတင်ပါ တင်ပြီးတာနဲ့ Direct url link ကို ကော်ပီကူးပြီးအပေါ်က သီချင်းရဲ့ URL ကိုထည့်ပါ ဆိုတဲ့နေရာမှာ ထည့်လိုက်ပါ ...


ဖိုင်ကို အပေါ်ကလို ဆိုက်ကိုဝင်လိုက်ပါ...



အခုလိုမျိုး သီချင်းတင်လိုက်ပါ ..



အခုလိုမျိုး direct URL link ကို ကော်ပီကူးပြီး ဟိုးအပေါ်က သီချင်းရဲ့ URL ကိုထည့်ပါ ဆိုတဲ့နေရာမှာ ထည့်လိုက်ပါ ... ကဲဒီလောက်ဆိုရင် အဆင်ပြေပြီလို့ထင်ပါတယ် ...

Wednesday, July 22, 2009

India in Kawlgam banghangin gensia ding hiam?

အိန္ဒိယက မြန်မာနိုင်ငံကို ဘာကြောင့် ရှုတ်ချသင့်သလဲ Print E-mail

ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ် 15 နာရီ 35 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေသည့် ကိစ္စအပေါ် တကမ္ဘာလုံးက ဝိုင်းဝန်းဝေဖန် ပြစ်တင်နေကြချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးလည်းဖြစ်သော အိန္ဒိယနိုင်ငံက ရေငုံနှုတ်ပိတ် နေသည်ဟု ဆိုလျှင် အံ့သြစရာတော့ မရှိပါ။

အိန္ဒိယက ထိုသို့ နှုတ်ပိတ်နေခြင်းဖြင့်၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို ကတိများ ထပ်တလဲလဲပေးနေခြင်းဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုရရှိလာသည်။ နယ်စပ်တလျှောက် လုံခြုံရေးနှင့် အရှေ့တောင်အာရှတွင် ခြေချခွင့် ပိုမိုရရှိလာသည်။

၁၉၉ဝ စုနှစ်များ အစောပိုင်းကတည်းက စတင်ခဲ့သော နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးမှာ မအောင်မြင်ကြောင်း ပြသခဲ့ပြီးဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုနေလင့်ကစား အိန္ဒိယအစိုးရကမူ ဤသို့မထင်ပါ။ အလွန်ကြီးမားသော ဓာတ်ငွေ့သိုက်ကြီးကို တူးဖော်ခွင့် ရရှိထားသည်၊ သတ္တုတူးဖော်ခွင့်နှင့် ဆိပ်ကမ်းတည်ဆောက်ခွင့်များ ရရှိထားသည်ဟု သူတို့က ဆိုလိမ့်မည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး စတင် အဆင်ပြေလာကတည်းက ကုန်သွယ်မှုမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ နောက်နှစ်အတွက် အကျိုးတူ ကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ရှိရန် လျာထားသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အကျိုးတူကုန်သွယ်မှုပမာဏမှာ ယခင်ကတနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ သာ ရှိခဲ့ရာမှ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀၁ ဒဿမ ၃ သန်းသို့ တိုးတက်လာခဲ့သည်။ ဤကိန်းဂဏန်းတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန်တန်ဖိုးမှာ ၇၂၇ ဒဿမ ၈၅ သန်းဖိုး ရှိသည်။

သို့သော် ဤတိုးတက်မှုများသည် တန်ဖိုးတခုပေးပြီးမှ ရရှိလာခဲ့ခြင်းသာ ဖြစ်သည်။ နိုင်ငံတကာစင်မြင့်တွင် မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုများနှင့် စပ်လျဉ်း၍ ရေငုံနှုတ်ပိတ်နေရသည်။ နိုင်ငံတကာနယ်ပယ်တွင် မြန်မာစစ်အစိုးရကို တွက်ချက်ချိန်ဆ ထောက်ခံမှုများ လုပ်ရသည်။

၂၀၀၆ ခုနှစ် မတ်လအတွင်းက သွားရောက်ခဲ့သော ယခင် အိန္ဒိယနိုင်ငံ သမ္မတကြီး အဗ္ဗဒူ ကာလမ် (APJ Abdul Kalam) က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ကုလလူ့အခွင့်အရေး ကော်မရှင် အပါအဝင် နိုင်ငံတကာစင်မြင့်တွင် စစ်အစိုးရကို ထောက်ခံသွားပါမည့်အကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ရသည်။

မဇ္ဈိမက ရရှိထားသော ပြင်ပသို့ပေါက်ကြားလာသည့် နှစ်နိုင်ငံအကြီးအကဲများ၏ အစည်းအဝေး မှတ်တမ်းအရ မစ္စတာ ကာလမ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို အိန္ဒိယနိုင်ငံက မေးခွန်းထုတ်လိမ့်မည် မဟုတ်ကြောင်းနှင့် စစ်အစိုးရ၏ ဒီမိုကရေစီသို့ သွားရာလမ်းပြမြေပုံ ၇ ချက်ကို အိန္ဒိယနိုင်ငံက ထောက်ခံပါကြောင်း ကတိပြုပြောကြားခဲ့သည်။

ဤသို့ အိန္ဒိယနိုင်ငံက ကတိပြုသည်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း မြန်မာ့မြေပေါ်ရှိ အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများကို မောင်းထုတ်ပေးမည့်အကြောင်း ကတိပေးခဲ့သည်။ ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ တမူးနှင့် ကလေးဝသို့ ကားလမ်းဖောက်လုပ်ရေးကိုလည်း ခွင့်ြ့ပုခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုဖြစ်သော မီဇိုရမ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၌ တီးတိန်၊ ဖလမ်း၊ ရိဒ်ရေကန်တို့ကို ဆက်သွယ်သည့် ကားလမ်းဖောက်လုပ်ရာတွင် ထပ်မံအကူအညီပေးပါရန်လည်း ဗိုလ်ချုပ်မှူးကြီးက အိန္ဒိယနိုင်ငံကို ထပ်မံတောင်းဆိုခဲ့သည်။

နယ်စပ်တလျှောက် သောင်းကျန်းသူများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် လိုအပ်သည့် ကားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံ၏ အကူအညီကို လိုအပ်ကြောင်း၊ ဘူဒိုဇာများ၊ အကြီးစား မော်တော်ယာဉ်များ ထောက်ပံ့ပေးပါရန်လည်း တောင်းဆိုခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးက ဤသို့ ပြောဆိုနေသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သတင်းရပ်ကွက်များ၏ အဆိုအရ အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများ၊ အထူးသဖြင့် မဏိပူ သူပုန်များသည် မြန်မာစစ်တပ်မှ အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းကာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်း၌ ခိုလှုံနေထိုင်လျက်ရှိကြောင်းနှင့် အချို့ အဆင့်မြင့် အရာရှိအနည်းငယ်ဆိုလျှင် အိမ်များပင် ပိုင်ဆိုင်ထားကြပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံအကြီးအကဲများက နှစ်နိုင်ငံ အကျိုးတူစီမံကိန်းများ ဖြစ်ကြသော ကုလားတန် ဘက်စုံစီမံကိန်း၏ အစိတ်အပိုင်းတရပ်ဖြစ်သော ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း တိုးတက်ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းအတွင်း ထမံသီ ရေအားလျှပ်စစ်စီမံကိန်းတို့ကို ဆက်လက်ဆောင်ရွက်ရေးကို သဘောတူညီခဲ့ကြသည်။ ထမံသီစီမံကိန်းမှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွင်း ဆောင်ရွက်မည့် နီကယ်နှင့် ကြေးနီ တူးဖော်ရေးလုပ်ငန်း စီမံကိန်းများသို့ လျှပ်စစ်ဓာတ်အား ပေးပို့မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံက သူ့စစ်အစိုးရကို ထောက်ခံသွားရန် ကတိပြုသည်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရခိုင်ကမ်းရိုးတန်း အနောက်ပိုင်းရှိ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၌ ဓာတ်ငွေ့ထုတ်လုပ်ခွင့်နှင့် တင်သွင်းခွင့် ပေးရန်လည်း မစ္စတာကာလမ်ကို ပြန်လည် ကတိပြုခဲ့သည်။

အစောပိုင်းတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းချရန် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့သော်လည်း၊ မြန်မာနိုင်ငံသည် နောက်ထပ် ဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိရန် အလားအလာများ ရှိနေသဖြင့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း အလားတူ ကန်ထရိုက်စာချုပ်တရပ်ကို ရရှိနိုင်သေးကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံဟာ အလွန်ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက် ရှိတာကြောင့် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးကို ဓာတ်ငွေ့များ ရောင်းချပေးသွားနိုင်သည့် အခြေအနေ ရှိပါကြောင်း'' ဟု မြန်မာစစ်ခေါင်းဆောင်က မစ္စတာကာလမ်ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့အနီးတွင် သတင်းနှင့်ဆက်သွယ်ရေးနည်း ပညာဥယျာဉ် (ICT Park) တခု တည်ဆောက်နိုင်ရေးအတွက်လည်း ကူညီပါရန် သူက အိန္ဒိယကုမ္ပဏီများကို အကူအညီတောင်းခံခဲ့သည်။

ဤသဘောတူညီချက်များ အားလုံးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများ၊ နားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုးခြင်းများကို နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ၊ သံတမန်ဆွေးနွေးပွဲများ ကြိမ်ဖန်များစွာ ပြုလုပ်ပြီးနောက် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ `အရှေ့မျှော်မူဝါဒ´ နှင့်အညီ အဆိုပါ စီမံကိန်းအားလုံးကို မြန်မာ့မြေပေါ်တွင် ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံက လိုအပ်သည့် နည်းပညာနှင့် ဘဏ္ဍာရေး အထောက်အပံ့တို့ကို ပေးအပ်သွားမည်ဖြစ်သည်။

ကုလားတန် ဘက်စုံစီမံကိန်းတွင် စုစုပေါင်း ဘတ်ဂျက်ခန့်မှန်းခြေ အမေရိကန် ဒေါ်လာသန်း ၁၀၀ အနက် အိန္ဒိယနိုင်ငံက ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ကျန် ၁ဝ သန်းကို မြန်မာနိုင်ငံက ပေးအပ်မည်ဖြစ်သည်။

ဤစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အစပြုဆောင်ရွက်ချက်ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံက ထည့်ဝင်ရမည့် ဒေါ်လာ ၁၀ သန်းအတွက်လည်း အိန္ဒိယနိုင်ငံက အနည်းဆုံး အတိုးနှုန်းနှင့် ငွေထုတ်ချေးသွားမည် ဖြစ်သည်။

ကုလားတန်စီမံကိန်းသည် အိန္ဒိယအရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်ကာ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့သာမက အရှေ့တောင်အာရှ ဒေသတခုလုံးသို့လည်း လမ်းပေါက်သွားမည်ဖြစ်သည်။

ဤကိစ္စများအပြင် သောင်းကျန်းသူနှိမ်နင်းရေးနှင့် သက်ဆိုင်သည့် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စများကို ဆွေးနွေးနိုင်ရန် စစ်တပ်အဆင့် ဆွေးနွေးပွဲများ တနှစ် နှစ်ကြိမ် ပြုလုပ်ရန်လည်း သဘောတူညီခဲ့သည်။

ဤသို့စီမံကိန်းပေါင်း များစွာကို အကောင်အထည် ဖော်နေသည့်အတွက် ထိန်းသိမ်းခံ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေခြင်း အပေါ်လည်း ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေရခြင်း၊ နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကျောထောက်နောက်ခံ ပြုပေးနေရခြင်းတို့အတွက် အိန္ဒိယနိုင်ငံတွင် အကြောင်းပြချက်များ ရှိမည်မှာ သေချာပါသည်။ ဤအစီအမံများမှာ နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းနေခြင်းကြောင့်ပင် ဖြစ်ပါသည်။

Daw Suu Kyi, kawl gam vai ading asepna tomcing:

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း

Saturday, 20 June 2009 14:18

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။

၁၉၈၈ သြဂုတ် ၂၄

ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။

၁၉၈၈ သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)

၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။

“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။

၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။

၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။

၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။

“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။

၁၉၉၄ စက်တင်ဘာ ၂ဝ

ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။

၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။

၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။

၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။

၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။

၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။

၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။

၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။

၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။

၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။

၂ဝဝ၃ မေ ၃ဝ
မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။

၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။

၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။



North Korea Nuclear pilna Kawlgam te ki-ap leh ASEAN ading lunghimawh huai thu:

နျူကလီးယား နည်းပညာ အလွှဲအပြောင်း အမေရိကန် စိုးရိမ်

Wednesday, 22 July 2009 19:18
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဒေသ တနေရာ၌ လတ်တလော ကျင်းပနေသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ မစ္စ ဟီလာရီ ကလင်တန် က ပြောကြားလိုက်ခြင်းဖြစ်သည်။

ယနေ့တွင် မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်ပြီး ရုရှား၊ တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား နိုင်ငံတို့ ပါဝင်သည့် ဆွေးနွေးပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မစ္စ ဟီလာရီ က ထိုင်းနိုင်ငံ Nation TV နှင့် တွေ့ဆုံခန်းတွင်“မြန်မာ စစ်အစိုးရကို မြောက်ကိုရီးယားက နျူကလီးယား နည်းပညာ ဖြန့်ဝေလိုက်မှာကို ကျမတို့ စိုးရိမ်မှုရှိတယ်”ဟုလည်း ပြောသည်။

မစ္စ ဟီလာရီ ကလင်တန်သည် ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး မကြာသေး ခင်ပင် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး ဆက်ဆံမှုသည် အာဆီယံဒေသတွင်း တည်ငြိမ်မှုအား ခြိမ်း ခြောက်နိုင်သည်ကို စိုးရိမ်မိကြောင်းလည်း ပြောဆိုထားသည်။

အဆိုပါ မြောက်ကိုရီးယား၏ အကူအညီဖြင့် မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ယူဆရသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်း များကို ပြီးခဲ့သည့် ဇွန်လအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ထိုအတောအတွင်း Kang Nam 1 အမည်ရှိ စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သဘောင်္တစီးသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် မောင်းနှင်လာပြီး ရန်ကုန်မြို့ သီလဝါ ဆိပ် ကမ်းတွင် ဆိုက်ကပ်ဖွယ် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။ ထိုသဘောင်္နောက်သို့ အမေရိကန် ရေတပ် သဘောင်္တစီးကလည်း နောက်ယောင်ခံ လိုက်နေခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိန်ထောင်တွင် ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခဲ့သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များအတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့ကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာ စစ်အစိုးရအနေနှင့် ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်မပေးပါက အာဆီယံ အဖွဲ့မှ မြန်မာနိုင်ငံကို ထုပ်ပယ်ပစ်ရန်လည်း မစ္စ ဟီလာရီက ပြောဆိုခဲ့သည်။

“အာဆီယံဟာ အဖွဲ့ဝင်တွေနဲ့ သင့်တော်မယ့် မူဝါဒ အပြောင်းအလဲ လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။

ယခု ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်၍ မစ္စ ကလင်တန်က “အမေရိကန်အနေနဲ့ အာဆီယံ ဒေသ တွင်း ကိစ္စတွေမှာ အခိုင်အမာယုံကြည်မှုနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိပါတယ်၊ အနာဂတ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်ဝမှုတွေအတွက်လည်း ဖြစ်နိုင်ခြေရှိတဲ့အလားအလာတွေကို ကြိုးစားဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန်၏ ယခု အာရှ ခရီးသည် ဒုတိယ အကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ် အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခဲ့သည်။

Yangon Passport zum pan innkuan lai amanlo zang mi 20 val kiman!

နိုင်ငံကူးလက်မှတ်ရုံး ဖမ်းဆီးမှု ရန်ကုန်တွင် လူပြောများနေ

Wednesday, 22 July 2009 19:04
ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ်နှင့် သန်းခေါင်စာရင်း အတုအပ ပြုလုပ်ပေးသူ လူ ၂၀ ကျော်အား ဖမ်းဆီးလိုက်ကြောင်း ကြားသိရသည်။

၎င်းဖမ်းဆီးမှုသည် လိုဏ်ခေါင်း ဆောက်လုပ်ရေး အရာရှိ တချို့ ပြည်ပ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သူများ လွတ်မြောက်မှုနှင့် ပတ်သက်နေကြောင်း ရန်ကုန်တွင် သတင်းကြီးနေသည်။

ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ် လုပ်ပေးရေး အရာရှိ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက “ဥမင် လိုဏ်ခေါင်း ဆောက်တဲ့ အရာရှိ တွေက နေပြည်တော်ကနေ ရှမ်းပြည်ဘက်ကို ထွက်ပြေးတယ်၊ အဲဒီကနေတဆင့် ရန်ကုန်ကို ထွက်သွားတယ် လို့ကြားတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး“နေ့ ချင်းပြီး နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ ပွဲစားတွေ၊ သန်းခေါင် စာရင်း လုပ်ပေး တဲ့ သူတွေ တော်တော်များများကို ဖမ်းထားတယ်၊ ကျပ် ၆ သိန်း ၈ သိန်းလောက် ပေးပြီးလုပ်သွားတယ်လို့ ကြား တယ်၊ အတိအကျတော့ မသိဘူး” ဟုလည်း ပြောသည်။

အဆိုပါ လူပြောများနေသော သတင်းနှင့် ပတ်သက်ပြီး လွတ်လပ်သော အတည်ပြုချက်များ မရနိုင်သေးပါ။

ထို ဥမင် လိုဏ်ခေါင်း ဆောက်လုပ်ရေးမှ ထွက်ပြေးတိမ်းရှောင်သူ အရာရှိ ၆ ဦး အနက် ၄ ဦးမှာ ပြည်ပ နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန် နှစ်ဦးက နိုင်ငံကူး လက်မှတ်ပြုလုပ်နေစဉ် အတောအတွင်း သတင်းပေါက်ကြားမှုဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။

ယခု လဆန်းပိုင်းတွင် စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်သည့် သတင်းများလည်း ဧရာဝတီတွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။

၎င်းသတင်းများ၊ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်လ်ဂျာဇီးရား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။


Tuesday, July 21, 2009

59th veina Kawlgam SUAHTAAK NI Japan ah sandah piah na:

Mangngilh theihloh Azarni ni thu!!!!

Azarni nih myar
[arzarni.jpg]
မိုးသီးဇွန်-

ကျနော်တို့ ငယ်ငယ်က ကြုံဆုံခဲ့ရတဲ့ အာဇာနည်နေ့ ကို အထူးသတိရတယ်။ အာဇာနည်နေ့ အခန်းအနား က ကျနော်အတွက် နစ်ခုရှိခဲ့လိုပဲ။ တခုက ကျောင်းမှာ တခုက အိမ်မှာ။

အာဇာနည်နေ့ မရောက်ခင် တပတ်လောက်ကတည်းကလည်း ကျောင်းက ၁၉ ဇူလိုင်မမေ့နိင် အနီရောင်ပေါ်မှာ အဖြူရောင်စာသားနဲ့ရေးထားတဲ့ရင်ထိုးလေးတွေကိုဝေတယ်။ ရင်ထိုးက အလျား ၂လက်မ အနံတလက်မ ရှိတယ်။ ၁၉ရက်နေ့ မှာ ကျောင်းမှာလည်း စာစီစာကုန်းပြိုင်ပွဲ၊ စကားရေလုပွဲတွေကိုလုပ်ပေးပါတယ်။ အာဇာနည်ကြီးတွေအကြောင်းကိုဆရာတွေ ကျောင်းသားကြီးတွေက ဟောပြောပေးကြတယ်။ ဟောခန်းမှာ ကျောင်းသားတွေအားလုံးစုရုံးပြီးဟောပြောပေးကြတယ်။


ဒီဟောပြောပွဲတွေထဲမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးစောမောင်ရဲ့ ဟောပြောချက်ကို ကျနော်တို့ ကြိုက်ကြ တယ်။ ဆရာကြီးက အသားဖြုဖြူ၊ လူကောင်သေးသေး၊ခေါင်းတွေဖြူနေပြီ။ သူအတန်းထဲကိုလာရင် ရေနွေးအိုးကြီး ကို လက်က ဆွဲလာတာကိုမှတ်မိတယ်။

သူကကျနော်တို့ ၅ တန်းကျောင်းသားတွေကို မြန်မာ သဒ္ဒါကိုသင်ပါတယ်။ သူရင်ဘတ်ပေါ်မှာချိတ်ထားတဲ့ မော်ခွန်းဝင် တံဆိပ်ကိုလည်း ကျနော်တို့ သိချင်တယ်။ ကျနော်တို့ဝိုင်းအုံကြည့်ကြတယ်။ သူက တံဆိပ် အကြောင်းကို ရှင်းပြတယ်။

သူက ဘီအိုင်အေတပ်မှာပါခဲ့တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကိုအချုပ်ထဲမှာ တောင်ထည့်ခဲ့သူ လို့ ဆိုပါတယ်။ သူ စစ်သားလေးဘ၀နဲ့ ကင်းကြနေတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်က အကြောင်းမကြားပဲနဲ့ ၀င်ချလာတယ်။ သူက ဗိုလ်ချုပ်ကို မမြင်ဘူးဘူး။ သူ့ကိုအထက်ကအမိန့် ပေးထားတာက အချိန်မတော်ဝင်လာတဲ့သူဆိုရင် ဖမ်းချုပ်ထားရမယ်။ ဒီတော့ ညကြီးတကောင်ဆိုင်းမဆင့်ဗုံမဆင့်ဝင်လာတဲ့ဗိုလ်ချုပ်ကို သူက မင်္သကာတဲ့အတွက် အချုပ်ထဲဖမ်းထည့်ထားလိုက်တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းပုံကိုကြည့်ပြီး ဂျပန်လို့ ပဲထင်နေသတဲ့ ဒါနဲ့ နောက်မှာ ဗိုလ်ချုပ်မှန်းသိတယ်။ ဗိုလ်ချုပ်က သူကိုစိတ်မဆိုးဘူး။ စစ်စည်းကမ်းနဲ့အမိန့်ကို နာခံတဲ့အတွက် အလွန် သဘောကြသွားသတဲ့။ သူ့ကို ဗိုလ်ချုပ်က စာလေးတစောင်ရေးပေးခဲ့တယ်။ ဒီစာ လေးကို ကျနော်တို့ကို သူက မကြာခနထုတ်ပြပါတယ်။ ဟောင်နွမ်းနေတဲ့စာ လေးပါ။ တပ်သားလေးမောင်စောမောင် တာဝန်ကြေပြွန်စွာထမ်းဆောင်မှုကို ဗိုလ်ချုပ်က ချီးကြူးထားတဲ့စာ။


ဒီစာလေးမှာ ဗိုလ်ချုပ်အောင်ဆန်းဝိညဉ် ကိန်းဝပ်နေတယ်။ သူဟောပြောပွဲ မှာဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောရင် သူ မျက်ရည်လည်နေတယ်။ ၁၉ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို သူကြားလိုက်တဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူအသံတွေတိမ်ဝင်သွားတယ်။ ဟောခန်းတခုလုံး တိတ်သွားတယ်။ အာဇာနည်နေ့ ရောက်ပြီဆိုရင်တော့ မနက်ကိုးနာရီမှာ ဥသြစွဲပါတယ်။ အိမ်တွေက ရေဒီယိုတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြတယ်။ ၀ါခေါင်မိုးသားတိမ်သားကို ဖေါက်ပြီး လေးတွဲတွဲ ဥသြသံက ရပ်ကွက်အတွင်းမှာပြန့်နှံသွားတယ်။ အတိတ်ကိုသယ်ဆောင်လာတဲ့ အသံ၊ ဆွေးမြေ့စရာကောင်းတဲ့ အသံ၊ဒီအသံထဲမှာ မမြင်ရတဲ့ နိုးကြားမှု၊ သတိဝိရယနဲ့ တာဝန်သိမှုတွေကို နှလုံးသား ရဲ့ အနက်ရှိုင်းဆုံးနေရာ၊ ဒီနေရာမှာ နူးညံစွာနားခို၊ အလွန်ဆော့တဲ့ ကျနော်တို့ ငြိမ်သက်နေကြတယ်။

အာဇာနည်နေ့ ညများ

အာဇာနည်နေ့ ဟာ ရုံးပိတ်ရက် သတ်မှတ်ထားတဲ့အတွက် ကျနော်တို့ အိမ်မှာ လူစုံနေတတ်တယ်။ ရောင်တစောင်း ထားကာ မကျီးစေ့ရောင်တိုက်ပုံနဲ့ ကျနော်အဖိုး ဦးဟန်မက် ၊ ကျနော်ဘကြီး ဦးသိန်းမောင်၊ ဘကြီးခ၊ ဘကြီး ဦးရွေလူ၊ဘကြီးစိန်ဟန်၊ကျနော်အကို ကိုအောင်သန်း အားလုံးရှိနေတယ်။ ဘကြီးတွေက လွတ်လပ်ရေးကြိုးပန်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့သမိုင်းတွေရှိတယ်။ ကျနော်တို့ ကြားမှာ အသက်၊သမိုင်းနောက်ခံ၊ ခံစားချက် ခြားနားမှုပေါင်းစုံရှိနေကြတယ်။ ဒီခြားနားမှုတွေကို ဥသြသံက တူညီတဲ့ တန်ဖိုး (Value) အဖြစ်သတ်မှတ်ပေးလိုက်တယ်။

ကျနော်တို့ အသည်းနှလုံးထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို အောင်းမေ့တသ ဖြစ်စေခဲ့ကြတယ်။ မောင်းလာတဲ့ကားတွေကလည်း ဟွန်းတီးတယ်။ ရပ်ကြတယ်။ ကျနော်တို့ အပြင်မှာ ရောက်နေချိန် ဆိုရင် လမ်းလျောက်လာရင်ရပ်လိုက်ကြတယ်။ သူတို့ ရဲ့ စွန့်လွတ်မှုတွေအားလုံးအတွက် ကျနော်တို့ လွတ်လပ်ရေးအတွက် ကျနော်တို့ ခြေစုံရပ်ပြီး ကြည်ညိုစွာ ဦးညွတ်ခဲ့ကြ။ ဘယ်သူကမှာ ဒီလိုလုပ်ကြလို့ မတိုက်တွန်းခဲ့ကြရပါဘူး။

မိန့်ခွန်းက ညနေ ၇နာရီလောက်မှာတော့ ရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းလာပါတယ်။ ကျနော် ငယ်ငယ် က အာဇာနည်နေ့ရောက်တိုင်း မိသားစု ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ၀ိုင်းဖွဲ့ နားထောင်ခဲ့ကြ တယ်။ သူမိန့်ခွန်းက အလွန်အားရစရာကောင်းတယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။

ရိုးသားမှုတွေ အပြည့်နဲ့ လူတိုင်းကို ယုံကြည်မှုတွေ ပေးခဲ့တဲ့အသံ ကိုကျနော်တို့ စိတ်ဝင်တစား နားထောင် နေခဲ့ကြတာကို မှတ်မိတယ်။ အသက်ရှင်နေသလိုခံစားနေကြတယ်။

အာဇာနည်နေ့ ဟာ ကျနော် တို့ မိသားစု အတွက် အမှတ်တရဖြစ်စရာရှိတယ်။ အထူးသဖြင့် ကျနော့် မိဘနစ်ပါးအတွက် သတိရစရာတွေရှိတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြခံရတော့ ကြွင်းရစ်တဲ့ရုပ်ကလပ်တွေကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းအနီး ဂျူဘလီဟော နားမှာထားတယ်။ သူက ဘီအိုင်အေတပ်မှာ တပ်ကြပ်ဖြစ်နေပြီ။ သူက အာဇာနည်တွေအလောင်းပြင်ထားတဲ့အခန်းနားကို စောင့်ရတဲ့စစ်သား။ အသက် ၂၄ နစ်ရှိပြီလို့ ဆိုတယ်။ အာဇာနည်ကြီးတွေကို လူထုက နောက်ဆုံးဂါရ၀ပြပွဲ ကို တပတ်လောက်လုပ်တယ်။ အမေတို့ အိမ်က ရွှေတိဂုံဘုရားလမ်း ပေါ်မှာဆိုတော့ အိမ်က ဂျဗလီဟောနဲ့ နီးတယ်လို့ ပြောတယ်။ အမေက ညနေတိုင်းသူမိသားစုနဲ့ အတူ အာဇာနည်တွေကိုလာပြီးအလေးပြုတယ်။ ဒီမှာတင် အဖေနဲ့ အမေ ဖူးစာဆုံ တော့တယ်။ အာဇာနည်ကြီးတွေဈာပနပြီး မကြာခင်မှာ အဖေနဲ့ အမေ အိမ်ထောင်ပြုလိုက်ကြတယ်။ ကျနော်အထက်မှာ အကြီး သုံးရောက် ကိုမွေးပြီး ကျနော်ကို တော့ ၁၉၆၂ ဇွန်လ ၃၀ မှာမွေးတယ်။

အာဇာနည်နေ့ မှာ အဖိုးက အမှတ်တရပြန်ပြောလေ့ရှိတာကတော့ အာဇာနည်ကြီးတွေ အလောင်းတွေကို ဂျူဗလီဟောရှေ့ ကသယ်ထုတ်လာတဲ့အချိန်မှာ အဖိုး ခြံထဲက တရုပ်ဇီးသီးပင်ကြီးပြိုကျသတဲ့။ လမ်းပိတ်သွားတဲ့ အတွက် အဖိုးတို့ မိသားစုတွေကမန်းကတန်း ခုတ်ထွင်ရှင်းလင်းခဲ့ကြတာကို အဖိုးကပြန်ပြောလေ့ရှိတယ်။ အမေ ကတော့ ဗိုလ်ချုပ်တရားပွဲတွေကို နားထောင်ဘူးတယ်။ သူက ဗိုလ်ချုပ်က ကာကီဘောင်းဘီအတို ၀တ်ထားတယ်။ တကိုယ်လုံးလှုပ်ရှားပြီး စကားပြောတယ်။ လူတွေကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လေ့ရှိသတဲ့။ လူကြီးတွေရဲ့ ဗိုလ်ချုပ်အပေါ် မှာ အမှတ်ရစရာတွေနဲ့ ပြန်ပြောကြ တယ်။ မရိုးနိင်တဲ့ ဒီဇတ်လမ်းကို လူကြီးတွေက နစ်စဉ်ပြောပြတယ်။ ကျနော်တို့ မိသားစုတခုလုံးတက်ကြွနေကြတယ်။ ဒါက ကျနော်တို့ မိသားစုရဲ့  အာဇာနည်နေ့ အခန်းအနား ဖြစ်နေခဲ့ရတယ်။

ဗိုလ်ချုပ်မိန့်ခွန်း ဆုံးသွားတဲ့အခါမှာ အာဇာနည်ကြီးတွေအတွက် ဂုဏ်ပြုထားတဲ့ မေလှမြိုင်သီချင်း သံက ကျနော်တို့ မိသားစုကို အတိတ်က နေ ပစ္စုပန် ကိုပြန်ရောက်စေခဲ့တယ်။ ဗိုလ်ချုပ်တို့ မရှိတော့ပါလားလို့ အဖေ တွေးကောင်းတွေးနေမယ်။ ကျနော်တို့ မိသားစုအိပ်ရာဝင်တော့မယ်။ အမေက အိမ်တခါးတွေကို လိုက်လံပိတ်ရင်း ဗိုလ်ချုပ်ကို တွေ့လိုက်ရင် အမြဲတမ်း ကာကာရောင်ဘောင်းဘီတိုနဲ့ ပဲ။ ပြုံးပြုံးနဲ့ လို့ အမေကပြန်ပြောလေ့ရှိတယ်။ ကျနော်ငယ်စဉ်ဘ၀တလျောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အကြိမ်ကြိမ် ပြောပြခဲ့ပေမဲ့ နားထောင်လို့ မရိုးခဲ့ပါဘူး။

အာကာသကောင်းကင်ဟာဇူလိုင်မိုးသားတွေ နဲ့ သိုင်းခြုံ နေတယ်။ ကျနော်တို့ မိသားစု လွမ်းဆွတ်ကြေကွဲမှုနဲ့ အတူ ယုံကြည်မှုကို ပေးခဲ့တဲ့ ဇူလိုင်၁၉ ရက်ညတွေကို ကျနော် အောင်းမေ့သတိရ နေ။


American Foreign Affair Minister Hilary Clinton in, Galkap kum pi tungah warning pia:



http://komoethee.blogspot.com/2009/07/blog-post_21.html


အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန် အနေနဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို သတိထားပြီး စောင့်ကြည့်နေ ပြီလို့ ပြောကြားသွားပါတယ်။ မြန်မာ နဲ့မြောက်ကိုးရီးယားဆက်ဆံရေးကိုတော့ သူမက အသေးစိတ်တွေ ကိုတော့မပြောသွားပါဘူး။ မြောက်ကိုးရီယား နဲ့မြန်မာ ဘာတွေကြံစည်နေတယ်လုပ်နေတယ်ဆိုတာ ကိုသူမအစိုးရ အနေနဲ့ သိရှိနေကြောင်း သတိပေး ပြောကြားသွားပါတယ်။ မြန်မာရဲ့ လုပ်ဆောင်ချက်တွေက ဒေသဆိုင်ရာတည်ငြိမ်ရေးနဲ့ အိမ်နီးနားချင်း ထိုင်းနိင်ငံတွေကို ခြိမ်းချောက်မှု ရှိနေပြီလို့ထောက်ပြသွားပါတယ်။ ထိုင်းနိင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ဆိုထားတဲ့ နိင်ငံဖြစ်ပါတယ်လို့လည်း သတိပေးသွားပါတယ်။ ကလင်တန်က ထိုင်းနိင်ငံကို ၃ ရက်အလည်ပတ်ရောက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး မှာ သတင်းထောက်တွေကို မြန်မာ နယူးကလီးယားကလက်နက် ကိစ္စကို ထုတ်ဖေါ်ပြောကြား သွားခဲ့တာဖြစ်ပါတယ်။ အမည်မဖေါ်လိုတဲ့ အမေရိကန် အစိုးရအရာရှိကတော့ မြောက်ကိုရီးယားက ဆီးရီးယား ကို နယူးကလီးယားဓါတ်ပေါင်းဖို တည်ဖို့ အတွက်ကူညီခဲ့ဘူးတယ်။ ဒီစက်ရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ တယ်လို့ ဆိုပါတယ်။ မြန်မာ ကို ကူညီလာရင်လည်း အလားတူဖြစ်ရပ်တွေ ဖြစ်လာနိင်မယ်လို့ ဆိုပါတယ်။

Thanlwin Hero gelh, Dawei tuipi alunggulhna:

အထူးသတင်း

အခုပဲ ဘလော့လျှောက်လည်နေတုန်း ၁၂ ထပ်ကနေ စင်္ကာပူကောင်းကင်ကို
ကြည့်လိုက်တာ UFO တစ်ခုပျံသွားတယ်ဗျို့။
လုံးဝအမှန်အကန်။ လေယာဉ်နဲ့လုံးဝမတူပါ (ကိုရွှေဘီးပါမျက်မြင်သက်သေ) ။
ကင်မရာမကောင်းလို့ ရိုက်တာမပေါ်ဘူးဗျာ ဖြူဖြူသေးသေးလေး...မလေးရှားဘက်ကို
ပျံသွားပါတယ်။ အချိန် ၆နာရီ ၁၅ မီနစ်

June 10, 2009

"လွမ်းတယ်..."

















လွမ်းတယ်...
ထားဝယ်မြို့ကြီးကိုလွမ်းတယ်...
မနက်တိုင်းတို့ဖူးနွေးသွားစားတဲ့ မာကျူရီကိုလွမ်းတယ်...
ညဘက်သူငယ်ချင်းတွေနဲ့ထိုင်ဖြစ်တဲ့ ပွင့်ဦးက ကိုးရီးယားတုတ်ထိုးကိုလွမ်းတယ်...
မောင်းမကန်သွားတိုင်းစားဖြစ်တဲ့ မရင်ဆိုင်က ပင်လယ်စာထမင်းကြော်ကိုလွမ်းတယ်...
အိမ်ရှေ့ဝက်သားကင်ဆိုင်က အခေါက်ကင်သုပ်ကိုလွမ်းတယ်...
သောကြာပြင်က ဘဲသားသုပ် နဲ့ ဆန်ပြုတ်ကိုလွမ်းတယ်...
3D ကကြေးအိုးဆီချက်. miss you ကပုစွန်အစိမ်းသုပ်. ကြက်လျှာစွန်းက ခေါက်ဆွဲကြော်. ဒေါ်ကြီးဆိုင်ကမုန့်ဟင်းခါး. စိုးစံပြကကွေးတရို့ကြော်.ရွှေဝယ်သီရိက မလိုင်.နံပြား တွေကိုလွမ်းတယ်... လွမ်းတယ်...လွမ်းတယ်...
ဆောင်းတွင်းမှာ စွတ်ကျယ်အကျီနဲ့ဆိုင်ကယ်စီးတဲ့အရသာကိုလွမ်းတယ်...
မနက်စောစော ထန်းပင်တန်းက ထန်းရည်ချိုမြမြ ကိုလွမ်းတယ်...
ဘုရားလှည့်.သပိတ်မျှော.သင်္ကြန်.တရုတ်ညဈေး. နဲ့ ဘုရားကြီးကဘုရားပွဲတွေကိုလွမ်းတယ်...
အခုထားဝယ်မှာမရှိတော့တဲ့ကောင်မလေးတစ်ယောက်ကိုလည်းလွမ်းတယ်...
စာအုပ်အသစ်ရောက်တိုင်းချန်ပေးထားတဲ့ မြကြေးစည်သံကိုလွမ်းတယ်...
ညဘက်ရောက်တိုင်းဂစ်တာတီးခဲ့တဲ့နေ့ရက်တွေကိုလွမ်းတယ်...
ကင်းတဲလေးမှာပေါ်ကာဆွဲတဲ့အချိန်တွေကိုလွမ်းတယ်...
ရွှေဝယ်သဇင်ကဘီယာအေးအေးလေးကိုလွမ်းတယ်...
အထက(၁)မှာ ပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝကိုလွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
ထားဝယ်ရယ် မင်းနဲ့ငါဘယ်တော့မှပြန်ဆုံမှာလဲ.....

P.S ဒီပို့စ်က ထားဝယ်မပြန်ခင် ၄လလောက်အလိုကရေးထားတာပါ။
ဓာတ်ပုံကို www.shwe-dawei.blogspot.com မှကူးယူထားပါသည်။

Gal gap Kumpi in, Suu Kyi tungah athukhen dan ding zia:

နအဖ စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်ရေး အသုံးချမှု Print E-mail
ဆောင်းပါး
ပြည်တွင်းမှ ရှေ့နေတဦး
တနင်္လာနေ့၊ ဂျူလိုင်လ 20 ရက် 2009 ခုနှစ် 16 နာရီ 19 မိနစ်


နအဖ စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်ရေး အသုံးချမှု


တရားမစွဲမီ အခြေအနေ
NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့သည် အထက်မြန်မာပြည် ပါတီစည်းရုံးရေးလုပ်ငန်းအတွက် သွားရောက်ဆောင်ရွက်ရာ ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး၌ ၃၀-၅-၂၀၀၃ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် ၃၁-၅-၂၀၀၃ ရက်နေ့မှစ၍ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (က) နှင့် ၁၀ (ခ) တို့အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေပုဒ်မတို့သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါဥပဒေများကို ၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် နိုင်ငံသားတဦး၏ မူလအခွင့်အရေးများကို လိုအပ်သလို ကန့်သတ်မိန့် ချမှတ်နိုင်သည့် ကိစ္စဖြစ်၍ ၀န်ကြီးအဖွဲ့သည် မိမိကိုယ်စား ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင်ရွက်စေခဲ့သည်။ ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။ ဗဟိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၀ (က) အရ ၃၁-၅-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၃ ရက်နေ့အထိ ၆ လ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်းဖြစ်၍ ၁၇-၉-၂၀၀၃ ရက်နေ့မှာ အာရှတော်ဝင်ဆေးခန်းသို့ ပို့ဆောင်ကုသခဲ့ပြီး ၂၆-၉-၂၀၀၃ ရက်နေ့ ဆေးရုံမှပြန်ဆင်းရချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပို့ပေး၍ ၂၇-၁၁-၂၀၀၃ ရက်နေ့ ဖမ်းဆီးချုပ်နှောင်ကုန်ဆုံးမည့် ရက်အထိ ထားခဲ့သည်။

ထို့နောက် အများပြည်သူ အေးချမ်းသာယာရေးကို ဆက်လက်ထိခိုက်ရန် အလားအလာရှိသည့်အတွက် ပုဒ်မ ၁၀ (ခ) အရ ၂၈-၁၁-၂၀၀၃ မှ ၂၇-၁၁-၂၀၀၄ ရက်နေ့အထိ ၁ နှစ် ကန့်သတ်တားဆီးမိန့်ဖြင့် နေအိမ်တွင် တားဆီးထားပြန်သည်။ ဗဟိုအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်း ပုဒ်မ ၄၆ (င) အခွင့်အာဏာအရ ပုဒ်မ ၁၀ (က) မှ ပုဒ်မ ၁၀ (ခ) သို့ ပြောင်းလဲတားဆီးမှု ပြုလုပ်ခဲ့ပါသည်။

ဗဟိုအဖွဲ့သည် ၎င်း၏ အခွင့်အာဏာ ကုန်ဆုံးပြီးနောက် ဆက်လက်တားဆီးရန် လိုအပ်သဖြင့် ယင်းဥပဒေပုဒ်မ ၁၄ အရ အစိုးရ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့် တကြိမ်လျှင် ၁ နှစ်ထက် မပိုစေဘဲ ပုဒ်မ ၁၀ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တားဆီးမိန့်များ ဆက်လက်ထုတ်ခဲ့သည်။ ထို့အပြင် စစ်အစိုးရက ချုပ်နှောင်ချိန်ကို လိုသလို တွက်ထားသည်။

ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီနှင့် ပြည်ထဲရေးဗဟိုအဖွဲ့ဝင် ရဲသတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့က ထုတ်ဖော်ရှင်းလင်းသော သတင်းစာရှင်းလင်းပွဲတွင် တွက်ပြပုံမှာ---
(က) ၂၈-၁၁-၂၀၀၄ မှ ၂၇-၁၁-၂၀၀၅ ရက်နေ့အထိ ပထမအကြိမ် - ၁ နှစ်
(ခ) ၂၈-၁၁-၂၀၀၅ မှ ၂၇-၅-၂၀၀၆ ရက်နေ့အထိ ဒုတိယအကြိမ် - ၆ လ
(ဂ) ၂၈-၅-၂၀၀၆ မှ ၂၇-၅-၂၀၀၇ ရက်နေ့အထိ တတိယအကြိမ် - ၁ နှစ်
(ဃ) ၂၈-၅-၂၀၀၇ မှ ၂၇-၅-၂၀၀၈ ရက်နေ့အထိ စတုတ္ထအကြိမ် - ၁ နှစ်
(င) ၂၈-၅-၂၀၀၈ မှ ၂၇-၅-၂၀၀၉ ရက်နေ့အထိ ပဉ္စမအကြိမ် - ၁ နှစ်

စုစုပေါင်း ၄ နှစ်နှင့် ၆ လသာ ရှိသေးသည်ဟု ဆိုသည်။ ကန့်သတ်တားဆီးမိန့်ကို စုစုပေါင်း ၅ နှစ်အထိ ထားနိုင်သည့်အတွက် နောက်ထပ် ၆ လ တားဆီးနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေသည်ကို အလေးအနက်ထား စဉ်းစားနေချိန်၌ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တရားမ၀င် ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား Mr. John Willam Yettaw ကို ၂ ရက်ဆက်တိုက် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းစသည့် ကူညီမှုများ ပြုလုပ်ခဲ့သည့်အတွက် တည်ဆဲဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခဲ့ရခြင်း ဖြစ်သည်ဟု ၁၆-၅-၂၀၀၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပါရှိသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုဒ်မ ၁၀ (က) နှင့် ၁၀ (ခ) တို့အကြောင်း ရှင်းပြမှုတွင် အစိုးရ၀န်ကြီးအဖွဲ့ ကိုယ်စား ဗဟိုအဖွဲ့၏ အမိန့်အရ ပုဒ်မ ၁၀ (က) ဖြင့် ၃၁-၅-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်မှု ၆ လအပြင် ပုဒ်မ ၁၀ (ခ) ကန့်သတ်တားဆီးမှု ၂၈-၁၁-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၄ ရက်နေ့အထိ ၁ နှစ်တို့ကို ဘာကြောင့် ထည့်သွင်းမရေတွက်ရပါသလဲ။ ဗဟိုအဖွဲ့သည် အစိုးရ၀န်ကြီးအဖွဲ့ကိုယ်စား ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးချုပ်နှောင်ခံရသည့်နေ့ရက်မှ ကန့်သတ်တားဆီးမိန့် ကုန်ဆုံးသည့်နေ့အထိ တဆက်တစပ်တည်း ဖြစ်နေပါသည်။ အဆိုပါ ပုဒ်မ၁၀ (ခ) အရ ကန့်သတ်တားဆီးမိန့် ၁ နှစ်ကိုလည်း ထည့်သွင်းရေတွက်ခွင့် မပြု၊ ချန်လှပ်ငြင်းပယ်ထားခြင်းမှာ ဥပဒေမဲ့ ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ထင်ရှားသည်။

အာဏာပိုင်အဖွဲ့အစည်းသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မ ၁၀ (က) ၊ ၁၀ (ခ) နှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်မှု၊ ကန့်သတ်တားဆီးမှုများကို ပွင့်လင်းစွာ ကြိုတင်ထုတ်ဖော် ကြေညာအသိပေးခြင်း မရှိခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အများပြည်သူတို့ဘက်မှ ခွင့်ပြုကာလ ၅ နှစ် ကျော်လွန်လျက်ရှိကြောင်း အငြင်းပွားလျက် ရှိနေကြပါသည်။

အမှုဖြစ်စဉ်နှင့် ထွက်ဆိုချက်များ
ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇ အရ ယင်း၏ မူလအခွင့်အရေးများကို ကန့်သတ်မိန့်ထုတ်ပြန်၍ ပုဒ်မ ၁၀ (က) အရ ဖမ်းဆီးချုပ်နှောင်မိန့်၊ ပုဒ်မ ၁၀ (ခ)၊ ၁၁ တို့အရ တားဆီးမိန့်နှင့် ပုဒ်မ ၁၃၊ ၁၄ တို့အရ ဆက်လက်တားဆီးမိန့်များ ထုတ်ပြန်ပြီး ကန့်သတ်တားဆီးထားရာ၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား Mr. John Willam Yettaw မှာ ၃၀-၁၁-၂၀၀၈ ရက်နေ့ ညအချိန် ခြံအနောက်ဘက် အင်းယားကန်အတွင်းမှ ရေကူးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပတို့နှင့် တွေ့ရှိ၍ Book for Mormon အမည်ရှိ စာအုပ်အား ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ချထားပေးခဲ့ကြောင်း၊ အလားတူ ၃-၅-၂၀၀၉ ရက်နေ့ညအချိန်တွင် အင်းယားကန်အတွင်း ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် ခြံအတွင်း တိတ်ဆိတ် ၀င်ရောက်၍ ၅-၅-၂၀၀၉ ရက်နေ့အထိ နေအိမ်အတွင်း နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ Mr. John Willam Yettaw နှင့် လက်ခံစကားပြောခဲ့ခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းပပတို့မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုအပေါ် အားပေးကူညီခဲ့ကြောင်း၊ ထိုသို့ ကန့်သတ်တားဆီးမိန့်များအား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့်လည်းကောင်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီသော ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပနှင့် Mr. John Willam Yettaw တို့ ၃ ဦးအား ယင်းဥပဒေပုဒ်မ ၂၂ ၊ ပြစ်မှုပုဒ်မ ၁၀၉ အရလည်းကောင်း အမှုဖွင့်အရေးယူပေးရန် ဒုရဲမှူးဇော်မင်းအောင်မှ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးထံသို့ ၁၁-၅-၂၀၀၉ ရက်နေ့တွင် တိုင်ကြားရာမှ ပေါ်ပေါက်လာသော အမှုဖြစ်ပါသည်။

ယင်းအမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်ခုံရုံး တရားသူကြီးဦးသောင်းညွန့် (ဥက္ကဋ္ဌ) နှင့် ဦးညီညီစိုး (အဖွဲ့ဝင်) တို့က ပြစ်မှုကြီးမှုအမှတ် ၄၇၊ ၂၀၀၉ဖြင့် လက်ခံစစ်ဆေးခဲ့ပါသည်။ တရားလိုရဲမှူးဇော်မင်းအောင်မှ တိုင်ချက်ပါအတိုင်း ထွက်ဆိုခဲ့ပြီးနောက် ဆက်လက်ထွက်ဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်ပေါ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်တားဆီးမိန့် ထုတ်ထားခဲ့ရာ၌ သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြောကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်၊ ၂၈-၅-၂၀၀၈ ရက်နေ့မှ ၂၇-၅-၂၀၀၉ ရက်နေ့အထိ ဆက်လက်တားဆီးမိန့် ပြုလုပ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ၅ ကြိမ် ထုတ်ခဲ့သော တားဆီးမိန့်နှင့် ဆက်လက်တားဆီးမိန့်များမှာ စုစုပေါင်း ၄ နှစ်နှင့် ၆ လ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို တားဆီးကန့်သတ်ထားပြီး ဖြစ်သည့်အတွက် ယခုကဲ့သို့ နိုင်ငံခြားသားအား ညအိပ်နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ တွေ့ဆုံစကားပြောခြင်းတို့မှာ ကန့်သတ်မိန့်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Mr. John Willam Yettaw ပေးခဲ့သော စာရွက်စာတမ်း (စာအုပ်)ကို လက်ခံခဲ့ခြင်းသည်လည်း တားဆီးမိန့်ပါစာဖြင့် ဆက်သွယ်ခြင်းကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ခြံဝင်းအတွင်း အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းပပတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ထုတ်ပြန်ထားသည်ကို သိရှိသူများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြုလုပ်ဆောင်ရွက်မှုများကို အားပေးခဲ့သူများဖြစ်ကြောင်း၊ Mr. John Willam Yettaw သည် ယခုအမှု ဖြစ်ပေါ်ရာတွင် အဓိက ဆောင်ရွက်အားပေးသူ တဦးဖြစ်ကြောင်း၊ သို့ဖြစ်၍ ကန့်သတ်တားဆီးမိန့်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ အရလည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပနှင့် Mr. John Willam Yettaw တို့အား ယင်းဥပဒေပုဒ်မ ၂၂၊ ပြစ်မှုပုဒ်မ ၁၀၉ အရလည်းကောင်း တရားစွဲဆိုရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

အင်းယားကန်အတွင်း အဖမ်းခံရသည့်အဖြစ်ကို မည်သူတို့က စီမံညွှန်ကြားခဲ့ပါသလဲ။ ပြည်ပ အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းများ၏ ပယောဂကြောင့်ဟု ရဲချုပ်မှ စွပ်စွဲထားသောကြောင့် ယင်းသို့ Mr. Yettaw အဖမ်းခံရအောင် စီမံပေးခဲ့သော ပြည်တွင်းပြည်ပရောက် နအဖ ဘက်တော်သားများ၏ နောက်ကွယ်က ကြိုးကိုင်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုကျူးလွန်သူအဖြစ် ကျရောက်အောင်၊ ထပ်မံချုပ်နှောင်ထားစေနိုင်အောင် လုပ်ကြံစီမံချက် ဖြစ်နေကြောင်း လူအများက ယုံကြည်နေကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၆-၅-၂၀၀၉ ရက်စွဲဖြင့် ခရိုင်တရားရုံး ခုံအဖွဲ့သို့ အပြစ်မရှိကြောင်း ကိုယ်တိုင် ထုချေရေးသား လျှောက်လဲတင်ပြရာ၌ ''၃၀-၁၁-၂၀၀၈ ရက်နေ့၊ အမည်မသိသေးသော ပထမအကြိမ် (Mr. Yettaw) အိမ်ခြံဝင်း အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်း ကိစ္စကို အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရ၍ ယင်းအကြောင်းကို စစ်ဆေးရန် လာခွင့်ရသူ ဒေါက်တာ တင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ သတင်းပို့ခဲ့သော်လည်း စုံစမ်းစစ်ဆေး မေးမြန်းခြင်း မပြုခဲ့သည့်အပြင် အရေးယူဆောင်ရွက်ကြောင်းလည်း မသိခဲ့ရကြောင်း၊ ခြံဝင်းအတွင်းသို့ လူဝင်ရောက်မှုရှိပါက အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးခဲ့ဖူးခြင်းလည်း မရှိ၊ Mr. Yettaw ဒုတိယအကြိမ် ၄-၅-၂၀၀၉ ရက်နေ့နံနက်ပိုင်း ၀င်ရောက်လာသည်ကို တွေ့မြင်သိရှိ၍ ပြန်ထွက်သွားရန် ပြောခဲ့ရာ၌ မိုးလင်း၍ ပြန်ထွက်လျှင် အဖမ်းခံရနိုင်သဖြင့် ညရောက်လျှင် ပြန်မည်ပြောခဲ့ပြီး ညရောက်သောအခါ ကျန်းမာရေး အခြေအနေအရ တညအိပ်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ယခုအချိန်တွင် များစွာသော ကျမ၏ လုပ်ဖော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး၊ အချုပ်အနှောင် မခံရစေရန် ကျမ တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခေတ္တခိုလှုံခွင့် ပေးခဲ့ခြင်းသာဖြစ်ပါသည်။ လစဉ်ဆေးစစ်ရန် ၇-၅-၂၀၀၉ ရက်နေ့တွင် ဒေါက်တာ တင်မျိုးဝင်း ရာက်လာပါက ယင်းသို့ ကျူးကျော်ဝင်ရောက်မှုကိစ္စကို တင်ပြရန် ရည်ရွယ်ထားပါသော်လည်း ထိုနေ့က ဒေါက်တာ တင်မျိုးဝင်း လာခွင့်မရတော့ဘဲ ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များ ချိုးဖောက်သည်ဟု စွပ်စွဲထားမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားနေပါသည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတဦး၏ မူလအခွင့်အရေး ကန့်သတ်မှုပုဒ်မ ဖြစ်၍ ၁၉၈၈ ခု အာဏာသိမ်းသည့်နေ့မှစ၍ အာဏာတည်ခြင်းမရှိတော့သည့် ပုဒ်မများအရ ကန့်သတ်မိန့်တို့မှာလည်း တရားဝင်မှု မရှိပါ။ ယခု အမှုအရင်းခံ အကြောင်းအရင်းများမှာ လုံခြုံရေးလစ်ဟင်းမှု၊ (သို့မဟုတ်) လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုအတွက် အရေးယူခြင်းမရှိဘဲ ကျမကိုသာ အရေးယူ တရားစွဲဆိုခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်'' ဟု ဖော်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပတို့ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေများက တရားလိုကို ပြန်လှန်စစ်မေးမှုတွင် ''၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော ပြဋ္ဌာန်းဥပဒေဖြစ်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ၄၆ နှစ်မြောက် တော်လှန်ရေးနေ့ ၂၇-၃-၁၉၉၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ကြောင်း မိန့်ခွန်းပြောကြားထားတာ ရှိသည်ကို သိသလား" ဟု မေးမြန်းရာ၌ ''တရားလိုမှ မသိရှိပါ'' ဟု ဖြေဆိုပြီး န၀တ ၏ ၂၄-၉-၁၉၈၈ ရက်စွဲပါ ကြေညာချက် အမှတ် ၆/ ၈၈ အရ အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့သည့် ၁၈-၉-၁၉၈၈ ရက်နေ့တွင် တည်ဆဲဥပဒေအားလုံးကို ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း မရှိသရွေ့ အတည်ဖြစ်သည် ဆိုသောကြောင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တည်ရှိနေကြောင်းသာ ဖြေပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နအဖ မှ အတည်ပြုထားပြန်သဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံနှစ်ခု ဖြစ်နေတာလားဟု မေးမြန်းချက်ကို တရားသူကြီးက အလှမ်းကွာဝေးသည့်အတွက် ယခုအမှုနှင့်မဆိုင်၍ မေးမြန်းခွင့် မပြုကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ စစ်ဆေးလျက်ရှိသော တရားရုံး တရားသူကြီးများသည် အုပ်ချုပ်ရေး အာဏာပိုင်၏ အလိုကျ ဘက်လိုက်စစ်ဆေးနေသော တရားစီရင်ရေး ချိနဲ့ယိမ်းယိုင်မှုပင် ဖြစ်ပါသည်။

ဥပဒေအရ ကန့်သတ်တားဆီးမိန့်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါ ၄ ဦးတို့အပေါ် စွပ်စွဲတရားစွဲနေချိန်မှာပင် ၂၅-၆-၂၀၀၉ ရက်နေ့၊ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ Mr. John Willam Yettaw ၀င်ရောက်လာမှုကို လုံခြုံရေးဆိုင်ရာတို့အား ချက်ချင်းအသိပေး အကြောင်းကြားခြင်းမရှိ၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှုတို့ကြောင့် ဖြစ်ရကြောင်း ရှင်းပြပါသည်။ လုံခြုံရေးပျက်ကွက်မှုကို ၀န်မခံဘဲ Mr. Yettaw ၏ ပထမအကြိမ် ၀င်၊ ထွက်ရာ လမ်းကြောင်းရှင်းလင်း၍ လွတ်မြောက်သွားခဲ့ခြင်း၊ ဒုတိယအကြိမ်တွင်လည်း ပထမအကြိမ်ဝင်ခဲ့သော လမ်းကြောင်းအတိုင်း ၀င်ခဲ့ပြီး ပြန်အထွက်၌ အချိန် ၅ နာခန့်ကြာ အင်းယားကန်မှ ရေကူးသွားရသော လမ်းကြောင်းအသစ်ကို ရွေးချယ်လျက် ဖမ်းဆီးခံရမှု ပေါ်ပေါက်လာစေခြင်းဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုပြီး ပြစ်ဒဏ်စီရင်နိုင်ရန် ဆောင်ရွက်မှု ဖြစ်ပါသည်။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအထက်ပိုင်းသို့ နိုင်ငံရေး စည်းရုံးရေးခရီး ထွက်ခဲ့ရာ၌ လူထုထောက်ခံမှုများ တိုး၍ရရှိနေသည့်အတွက် နအဖ အစိုးရအနေဖြင့် စိုးရိမ်တုန်လှုပ်မှုရှိလာသည်။ ထို့ကြောင့် အစိုးရအာဏာပိုင်များ ကြီးကြပ်စီစဉ်သော ၃၀-၅-၂၀၀၃ ရက်နေ့ ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားခဲ့ခြင်းမှ လက်မတင် လွတ်မြောက်လာနိုင်ခဲ့သော်လည်း ၃၁-၅-၂၀၀၃ ရက်နေ့တွင် အာဏာပိုင်တို့က ဖမ်းဆီးချုပ်နှောင်လိုက်ပါသည်။ ထို့ကြောင့် ယခုအမှုသည် နိုင်ငံရေးအရ လုပ်ကြံသော နိုင်ငံရေးအမှုဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ခံယူ၍ သဘောထားမှတ်ချက်ပေးပါသည်။

နအဖ အစိုးရသည် တရားစီရင်ရေးကို ကျင့်သုံးရာတွင် သူ့စစ်ဖိနပ်ကြိုး ချည်နှောင်ပေးနေရသော အဖွဲ့အစည်းတခုကဲ့သို့ သဘောထားသည်။ နိုင်ငံရေးနှင့် ပတ်သက်သောအမှု (သို့မဟုတ်) ရဲသတင်းတပ်ဖွဲ့မှ တရားစွဲဆိုသော အမှုတိုင်း၌ မူလတရားရုံးများသည် မိမိသဘောဖြင့် ဆုံးဖြတ်ခြင်း မပြုရဘဲ အထက်သို့ တင်ပြ၍ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ပေးရန် ညွှန်ကြားထားပါသည်။ ပြစ်မှုပုဒ်မ ၂ ခု၊ ၃ ခု ဖြင့် ပုဂ္ဂိုလ်တဦးတည်းအပေါ် တွဲစွဲထားသော အမှုများတွင်လည်း ပြစ်ဒဏ်ကို တပေါင်းတည်းပေးနိုင်ပါလျက် သီးခြားစီ အပြစ်ပေးရမည်ဟု မှာကြားထားပါသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု (Rule of Law) ဆိတ်သုန်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါ၍ ယခုအမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြဋ္ဌာန်းဥပဒေကို မည်သို့ပင်ခိုင်မာသော ခုခံဖြေရှင်းချက် ပေးနိုင်လင့်ကစား ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်မှာမလွဲပါ။ လာမည့် မြန်မာနိုင်ငံ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မရအောင် နအဖ မှ စီမံချက်ချထားပြီး ဖြစ်ပါသတည်း။

(၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

July 19, Martyr ni thu, Sangnaupang te athu thei tawm ta:

Gandhi kilemna minphatna Suu Kyi kipia:

ဂန္ဒီ ငြိမ်းချမ်းရေးဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

Tuesday, 21 July 2009 16:01
မန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတကာ ဂန္ဒီ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို တောင်အာဖရိက နိုင်ငံ ဒါဘန်မြို့ တွင် ဇွန်လ ၂၀ ရက် နေ့ က ကျင်းပခဲ့သည်။

မဟတ္တမဂန္ဒီ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ က အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီ လမ်းစဉ်ကို ကျင့်သုံးသူများအား ချီးမြှင့်သည့် နိုင်ငံတကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မဟတ္တမဂန္ဒီ ဆုအတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးချယ်ခဲ့ပြီး ၊ သူမ ကိုယ်စား အဝေးရောက်ညွန့်ပေါင်း အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကလက်ခံရယူ ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

“လူတိုင်းလူတိုင်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုလက်ခံတာကို မြင်ချင်လိမ့်မယ်လို့ထင်ပါတယ်၊ ဒါပေမယ့် အခြေအနေက မပေးပါဘူး၊ အားလုံးသိတဲ့ အတိုင်းပါပဲ သူမဟာ အခုလောလောဆယ်မှာ မြန်မာစစ်အစိုးရ ရဲ့တရားစွဲဆို ခြင်းကို ခံနေရပါတယ်၊ စစ်အစိုးရရဲ့ အပြစ်ရှာဖမ်းဆီးထားတဲ့ ဒီအခြေအနေကို ကျနော်အင်မတန် စိုးရိမ်မိပါတယ်”ဟု ဒေါက်တာစိန်ဝင်း က အခုလိုပြောသည်။

ထိုဆု ကို ၂၀၀၃ခုနှစ်မှ စတင်ပြီး ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များ နှင့် ဘာသာရေးခေါင်းဆောင် များကို ရွေးချယ်၍ မဟတ္တမဂန္ဒီ အမှတ်တရ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တောင်အာဖရိက နိုင်ငံမှာ ရှေ့နေတဦးဖြစ်ခဲ့ပြီး တရားမျှတရေး ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြား စေ့ရေး အတွက် တစိုက်မတ်မတ်တိုက်ပွဲ ၀င်ခဲ့သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ထုတ်ဝေခဲ့သော Indian opinion သတင်းစာ ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ယင်းဆုကို စတင်ခဲ့ခြင်း ဖြစ်သည်။

အသားအရောင်တိုက်ဖျက်ရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ တောင်အာဖရိက နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလားက မဟတ္တမဂန္ဒီ ဆုကို ပြီးခဲ့သောနှစ်က လက်ခံရရှိခဲ့သည်။ ယခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် က ရရှိခဲ့ ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သောမေလ က အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော ( Mr. John William Yettaw ) ဆိုသူ နေအိမ် သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့မှုနှင့် တရားစွဲဆိုခြင်း ခံနေရသည်။

၂၀၀၃ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှု အပြီး မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံ နေရသည်မှာ ၅နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ခုနှစ် မှ စတင်၍ နေအိမ် အကျယ် ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


Shan gam, Tachileih ah misi luang 2 kimu:

တာချီလိတ်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား Print E-mail
ကိုဝိုင်း
တနင်္လာနေ့၊ ဂျူလိုင်လ 20 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သားအဖ နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သည့် နှစ်လောင်းပြိုင် လူသတ်မှုတခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပုန်းထွန်လမ်းမကြီးပေါ်၌ နေထိုင်သော ဦးလီရှောက်ဝေ (ခ) ဦးစိုင်းလုံ (၅၂ နှစ်) နှင့် သားဖြစ်သူ စိုင်းထွန်းလှ (၂၉ နှစ်) တို့အား နေအိမ်၌ လူသတ်သမားက ၉ မမ ပစ္စတိုဖြင့် မွန်းလွဲပိုင်းတွင် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။

“စန်းရေ ရေသန့်ကုမ္ပဏီပိုင်ရှင်ပေါ့။ ဦးအိုက်လုံပေါ့။ ဦးစိုင်းလုံလည်း ခေါ်တယ်။ နေ့လည် တနာရီ လောက်က သူ့အိမ်မှာ ဝင်ပြီးတော့ ပစ်သွားတာပေါ့နော်။ သူက ပုန်းထွန်မှာပဲ နေတာ။ သူ့ကို ပစ်ပြီး အထွက်မှာ သူ့သားက လည်း အိမ်ထဲက ထွက်လာတော့ သူ့သားကိုလည်း ထပ်ပစ်သွားတာပေါ့။ နှစ်လောင်းပြိုင်ပေါ့” ဟု တာချီလိတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ရဲစခန်းသို့ မေးမြန်းရာ တာဝန်ကျ ရဲတဦးက “အဲဒါက ကျနော်တို့က ဖြေလို့ မရပါဘူး ခင်ဗျာ။ သတင်းဌာနအနေနဲ့ဆိုရင် ပိုင်ရှင်တို့၊ ရပ်ကွက်တို့ကိုပဲ စုံစမ်းကြည့်လိုက်ပါ” ဟု ပြန်ဖြေ၍ ဖုန်းချသွားသည်။

ပုန်းထွန် ရယက (ရပ်ကွက်ကောင်စီ) ရုံးနှင့် တာချီလိတ်ဆေးရုံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်မည့်သူ မရှိပေ။

ပစ်သတ်ခြင်းခံရသူ သားအဖ နှစ်ဦး၏ အိမ်သည် ပုန်းထွန်လမ်းမကြီး၏ဘေး၊ လမ်းစွယ် နံပါတ် (၄) လမ်းထိပ်အနီး၌ တည်ရှိပြီး လူသတ်သမားသည် ကားနှင့် လာခြင်းဖြစ်ပြီး အမျိုးသမီးတဦးလည်း ပါလာသည်ဟု အနီးအနားမှ မျက်မြင်များက ပြောကြောင်း အခြားမြို့ခံတဦးက ပြောသည်။

လူသတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက သတင်းထိန်ချန်ထားသော်လည်း မြို့ခံများအကြား၌ မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု သတင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“သတင်းထွက်နေတာက အကြွေးလာတောင်းတယ်ဆိုတဲ့ သဘောပေါ့။ သူတို့က ယာမားတွေဘာတွေ လုပ်ခဲ့တဲ့ လူတွေကိုး။ အပေးအယူတွေ ရှိမှာပေါ့။ ဝ’ ခေတ်ထလာတဲ့ အခါကျတော့ သူတို့ကိုယ်သူတို့ ရှမ်းတရုတ်လိုလို၊ ဝ’ လိုလို ဖြစ်လာကြတာပေါ့။ ဟိုတုန်းကတော့ ဝ’ တံဆိပ်ပါတဲ့ကား စီးတာပေါ့။ အခုတော့ သူတို့က ဒါတွေ နံပါတ်ပြောင်းထားတယ်လေ။ ဝ’ နဲ့ အဆက်အသွယ်ရှိတာတော့ definitely ပဲ” ဟု မြို့ခံက ပြောသည်။

ပြီးခဲ့သည့် ၄ နှစ်ကျော်ခန့်ကလည်း ပုန်းထွန်ရပ်ကွက် အတွင်းရေးမှူး ဦးကံမြင့်ဆိုသူကို ယခုကဲ့သို့ နေ့ခင်းကြောင်တောင် ပစ်သတ်ခဲ့မှုဖြစ်ဖူးကြောင်းနှင့် တရားခံစီးလာသည့် ကားအမျိုးအစားနှင့် နံပါတ်ကို အတိအကျ သိရသော်လည်း ဖမ်းမိခဲ့ခြင်း မရှိကြောင်း မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည် နယ်စပ်မှောင်ခိုလုပ်ငန်း၊ လူရောင်းဝယ်ရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းများဖြင့် နာမည်ကြီးသည့် မြို့ဖြစ်သည်။

ယခုလ ၁၀ ရက်နေ့ကလည်း တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆင်ရေးစခန်း၌ မိုင်းဆတ်မှ တာချီလိတ်သို့ ဝင်ရောက်လာသော နစ်ဆန်း ၆ ဘီးကားပေါ်မှ ဘိန်းဖြူ ဘလောက်တုံး ၂၁၀၀ ကျော် (ကီလိုဂရမ် ၇၀၀ ကျော်) အပါအဝင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃ သိန်း ၄ သောင်းတို့ကို ဖမ်းမိကြောင်း ယခုလ ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သေးသည်။

Kawlgam sung thupiang leh Thai te'n ahan thotna:

မြန်မာ့အရေး ထိုင်း ဖိအားပေး

Tuesday, 21 July 2009 15:09
မန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက် ပြောင်းလဲရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း (Kasit Piromya) က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက် အပန်းဖြေစခန်း တနေရာတွင် ပြုလုပ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် မြန်မာနိုင်ငံအပြောင်းအလဲ ကိစ္စ နှင့် ပတ်သက်၍ ကဆစ် ဖိရုမ်း က သတင်းထောက်များ ကို ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံ အဖွဲ့အနေနဲ့ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်ဆောင်ရွက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်”ဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ ဥက္ကဋ္ဌ ကဆစ် ဖိရုမ်းက ပြောသည်။

မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် လိုလားသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆန္ဒများကို မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသိအောင်လည်းပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးတွင် အမေရိကန် အပါအဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံ တက်ရောက်မည် ဖြစ် ကြောင်း သိရှိရသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်၍ ဒေသ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပြဿနာ မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံ အနေနဲ့ ကမ္ဘာကို ဆက်လက် ရှင်းပြနေရဦးမယ်” ဟု ဆူရင် ပစ်ဆူဝမ်က ဆို သည်။

ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက မေလအတွင်း ထုတ်ပြန်ကြေညာ၍ တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုမှုကို မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့် ကွက်သည် ဟူ၍ တန်ပြန် ကြေညာခဲ့ရာမှ နှစ်နိုင်ငံ တင်းမာမှုများ ရှိခဲ့သည်။

ယခု အာဆီယံ အစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့က သတင်းထောက်များကို ရှောင်ရှားနေသဖြင့် မြန်မာပြည် ဆိုင်ရာ မေးခွန်းများကို ထိုင်းနိုင်ငံ ခေါင်းဆောင်များကိုသာ အားကိုးနေရကြောင်း သတင်းထောက်များက ပြောသည်။

ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံရာတွင် သတင်းထောက်များ မေးသည့် မေးခွန်း အားလုံးနီးပါး မှာ လည်း မြန်မာပြည် နိုင်ငံရေးအခြေအနေနှင့် မြန်မာစစ်အစိုးရ အကြောင်းများ ဖြစ်နေကြောင်းလည်း သိရသည်။

သာကေတတွင် လေဆင်နှာမောင်းတိုက်

Tuesday, 21 July 2009 15:20
ရန်ကုန်၊ သာကေတမြို့နယ် ၁၀ တောင်ရပ်ကွက် သန်လျင်တံတား အိမ်ရာဝန်း အနီးတွင် လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့သောကြောင့် အိမ် ၄ လုံး၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လေဆင်နှာမောင်းကြောင့် ပျက်စီးသွားသည့် အိမ်အမိုးများ ပြန်လည် ပြင်ဆင်နေ (ဓာတ်ပုံ - ဧရာဝတီ)

၎င်း လေဆင်နှာမောင်းမှာ သာကေတမြို့နယ်အတွင်းသို့ ဇူလိုင် ၂၀ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ ခန့်က ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

“လမ်းဆုံထိပ်က လေထိတဲ့ အိမ် ၄ လုံးစလုံး အမိုးတွေလန်ကုန်တယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး၊ သေဆုံးတာလည်းမရှိဘူး” ဟု သန်လျင်တံတား အိမ်ရာဝန်းအတွင်း နေထိုင်သူတဦးက ပြောသည်။

အဆိုပါ အိမ်ရာဝန်းမှာ သန်လျင် - ရန်ကုန် တံတားဆောက်လုပ်ရေး ၀န်ထမ်းများအား ချထားပေးသော မြေနေရာဖြစ်ပြီး နေထိုင်သူ အများစုမှာ အစိုးရ၀န်ထမ်းများနှင့် အငြိမ်းစားများ ဖြစ်ကြောင်း သိရှိရသည်။

လေဆင်နှာမောင်းသည် အဆိုပါ အိမ်ရာဝန်းအတွင်း တိုက်ခတ်ခဲ့ပြီး ကြယ်ငါးပွင့် သင်္ဘောကျင်း အနောက်၊ ဆီအုန်းစက်ရုံကို အဖျားခတ် တိုက်သွားသောကြောင့် အမိုးတချို့လန်သွားခဲ့ကြောင်း သိရှိရသည်။

“အဲဒီ စက်ရုံ အမိုး ၂ ချပ်လန်သွားတာကို နေ့ခင်းပိုင်းမှာ ချက်ခြင်းပြင်ကြတယ်။ သက်ဆိုင်ရာကလည်း လာကြည့်ပေးတယ်။ လူနေအိမ် ၄ လုံး ထိသွားတာ နေမရတော့လို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ကြတယ်။ အခု အိမ်အမိုးတွေ ပြန်မိုးနေကြပြီ” ဟု စက်ရုံအနီး သာကေတ ၁၀ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

သာကေတ ဆီအုန်းစက်ရုံမှာ ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင်၏တူ ပိုင်ဆိုင်သည်ဟု သိရှိရသည်။ အဆိုပါ စက်ရုံမှ ဆီချက်သည့်အခါ ထွက်ပေါ်လာသော အနံ့ဆိုးများ၏ ဒဏ်ကို မခံနိုင်သောကြောင့် အဆိုပါ စက်ရုံနှင့် အနီးဆုံး သာကေတ ၆ ရပ်ကွက်တွင် နေထိုင်သူများက အာဏာပိုင်များကို တိုင်ခဲ့ဖူးကြောင်း သိရှိရသည်။

“ဆီအုန်းစက်ရုံနဲ့ ကပ်နေတဲ့ ရပ်ကွက်က အနံ့တွေ မခံနိုင်လွန်းလို့ အထက်ကို တိုင်ဖူးတယ်။ ဘယ်သူမှ အရေးမယူတဲ့အပြင် တိုင်တဲ့သူနေတဲ့ အိမ်ကိုတောင် စက်ရုံပိုင်ရှင်က ၀ယ်ဖို့လုပ်ခဲ့သေးတယ်” ဟု ၆ ရပ်ကွက် တွင် နေထိုင်သူ တဦးက ပြောဆိုသည်။