Popular Posts

Tuesday, April 21, 2009

Kawl gam thu theih huai pawl khat!!!!!!!!!!!1

Tu kum kawlte tui buah pawi hangin, mi 4 in sih lawh a, 103 bangin liamna leh baina thuak uh hi. Kawl te upna hileh kum hoih ding cih dan hi in, ahizongin ei anungta Pasian a umte adingin bang mah phattuamna om tuanlo dinghi, kawl kumpi te akikhel mateng bangmah kum hoih ding cih bang lametna omthei peuhmahlo dinghi cih ngam ing.

Daw Aung San Suu Kyi suah taak nadinga phunggi sanga thungen mi 2 zong kumpi te' kepna ngah sawnsawn lai hi, suak tasak ding cih gen loh in, thungente nangawn mat beh beh laizaw uh h
i.

ထိုင်း လူမှုဖွံ့ဖြိုးရေးဝန်ကြီး မြန်မာပြည် အလည်အပတ် လာရောက်မည် Print E-mail
ဥဆာ ဖိချိုင်း
အင်္ဂါနေ့၊ ဧပြီလ 21 2009 22:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းလူမှု ဖွံ့ဖြိုးရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် လာရောက် လည်ပတ်မည်ဖြစ် ပြီး လူကုန်ကူးမှု တားဆီးရေးနှင့် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ ညီချက်များကို လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့် လူသား လုံခြုံရေးဝန်ကြီး အစ်ဆရာဆွန်ချိုင်း (Issara Somchai) သည် တနင်္လာနေ့က ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပကာ သူ၏ ခရီးစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား လူကုန်ကူးမှု ကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုအားဖြည့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်ဟု ပြောဆိုသွားခဲ့ပါသည်။

“ဆွေးနွေးပွဲရဲ့ အကြောင်းအရာကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် လူတွေခိုးသွင်းပြီး ကျေးကျွန်လို အခြေအနေမှာ အဓမ္မ ခိုင်းစေနေတဲ့ လူကုန်ကူးမှု လုပ်ငန်းတွေ ရပ်တန့်သွားအောင်နဲ့ ပပျောက်သွားဘို့ပါ” ဟု ဆုန်ချိုင်းက ပြောသည်။

“ဒီစနစ်က ‘လူ့အခွင့်အရေး’ မူတွေနဲ့အညီ ဆောင်ရွက် လုပ်ကိုင်သွားမှာဖြစ်ပြီး တိုင်းပြည်တွင်းမှာရှိတဲ့ ရွှေ့ပြောင်း လုပ်သားအရေအတွက် အတိအကျကို ခြုံငုံမိအောင် လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေအရ ရွှေ့ပြောင်း အလုပ်သမားတိုင်းဟာ ထိုင်းနိုင်ငံထဲကို မဝင်ခင် ကူးစက်ရောဂါ ရှိမရှိ စစ်ဆေး စမ်းသပ်ခံရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရသည် အခြား အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး စာချုပ်များ လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကာ ရလဒ်များမှာ ကျေနပ်ဘွယ်ကောင်းသည်ဟု ဝန်ကြီးဌာန၏ အပြောအရ သိရသည်။

လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုဌာနဖြစ်သော ဘန်ကောက်အခြေစိုက် Mirror Foundation ၏ အဆိုအရ လက်ရှိ စီးပွါးရေး အကျပ်အတည်းကြောင့် လူကုန်ကူးမှု လုပ်ငန်းမှာ တိုးတက်လာဦးမည်ဖြစ်ပြီး၊ အထူးသဖြင့် လိင် ဖျော်ဖြေရေး လုပ်ငန်းများနှင့် ငါးလုပ်ငန်းများတွင် ပေါ်ပေါက်လိမ့်မည်ဟု ဆိုပါသည်။ အကြောင်းမှာ ထိုလုပ်သားတို့ အနေဖြင့် ဝင်ငွေ လိုအပ်နေမှုကြောင့် လူကုန်ကူးသူများ၏ အလွယ်တကူ လိမ်ညာလှည့်ပတ်ခြင်းကို ခံကြရမည်ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ထိုအဖွဲ့အစည်း၏ ၂ဝဝ၈ ခုနှစ်က တွေ့ရှိချက်အရ၊ လူကုန်ကူးမှု လုပ်ငန်း၏ သားကောင်ဖြစ်ရသူ အများစုမှာ ကလေး သူငယ်များဖြစ်ကြပြီး၊ ဘန်ကောက်နှင့် အခြားမြို့ကြီးများတွင် တောင်းရမ်းစားသောက်ရန် ခိုင်းစေခြင်း ခံကြရသည်ဟု ဆိုသည်။

ဤအတောအတွင်း ငါးလုပ်ငန်းရှိ လူကုန်ကူးသူများ အနေဖြင့် အလုပ်သမား တယောက်ပေါ်မှ ခန့်မှန်းခြေ ဘတ် ၅ဝဝဝ မှ ၂ သောင်းအထိ ရရှိကြသည်။ ၂ဝဝ၈ ခုနှစ်အတွင်း ငါးလုပ်ငန်းရှိ လူကုန်ကူးမှုပေါင်း ၆ဝ ကို တိုင်ကြားမှုရှိခဲ့ပြီး၊ အခြား အများအပြားမှာ ဤသို့ တိုင်ကြားခြင်း မခံရဘဲရှိသည်။ အလုပ်ရှာသူများ အနေဖြင့် အပူတပြင်း အလုပ်လိုအပ်နေမှုကြောင့် ဤအခြေအနေမှာ ပို၍သာ ဆိုးရွားလာဘွယ် ရှိသည်ဟု အဆိုပါ လေ့လာချက် အစီရင်ခံစာက ဆိုပါသည်။


No comments:

Post a Comment