Popular Posts

Thursday, June 18, 2009

Mizogam a, kawl gam mite ading patauh huai!!!!

မီဇိုရမ်သို့ တရားမဝင် ဝင်ရောက်သူများ ပြန်ရန် တရားရုံးက အမိန့်ချ Print E-mail
ကြာသပတေးနေ့၊ ဇွန်လ 18 2009 18:15 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများကို ၁၅ ရက်အတွင်း နိုင်ငံရင်းသို့ပြန်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“အဖမ်းခံရပြီး ရဲစခန်းမှာ တညအိပ်ရတယ်။ တရားရုံးမှာတော့ နောက်ထပ် ၁၅ ရက် အချိန်ပေးမယ်၊ မြန်မာပြည် ပြန်ဖို့။ နောက်တခါ ဒီမျက်နှာတွေ ထပ်တွေ့ရင် ဖမ်းပြီးတော့ ထောင်ထဲထည့်မယ်လို့ ပြောတယ်” ဟု ကိုယ်တိုင် အဖမ်းခံခဲ့ရသူ ရက်ကန်းသမတဦးက မဇ္စျိမကို ပြောသည်။

ပြည်နယ်မြို့တော် အိုက်ဇောရှိ တရားရုံးတွင် အမှုစစ်ဆေးစဉ် သူနှင့်အတူ မြန်မာနိုင်ငံသား ၅၀ ဦးခန့်ပါ ပါဝင်ခဲ့ပြီး၊ သတ်မှတ်ဒဏ်ငွေ ရူပီး ၅၀၀ ပေးဆောင်နိုင်သူများကို ပြန်လွှတ်ပေးကာ၊ မပေးနိုင်သူများအား မြန်မာနယ်စပ်သို့ ပြန်ပို့ခဲ့သည်။

မီဇိုရမ်တွင် လူဦးရေ ၈၀၀ တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ရှိကြောင်းနှင့် နှစ်စဉ် ဝင်လာသည့် မြန်မာနိုင်ငံသား အရေအတွက် မြင့်မားလာသဖြင့် နောက်ဆက်တွဲအဖြစ် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ဒေသခံတွင်းထုတ် သတင်းစာနှင့် ဂျာနယ်များက ရေးသားခဲ့သည်။

စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသားပေါင်း ၄ သောင်းကျော်ရှိပြီး၊ ရက်ကန်းခတ်၊ ပန်းထိမ်၊ လက်သမား၊ အိမ်ဖော်၊ တောင်ယာနှင့် လမ်းဖောက်လုပ်ငန်းအပြင် အခြား ကျပန်းအလုပ်များတွင် လုပ်ကိုင်နေကြသည်။

No comments:

Post a Comment