Popular Posts

Tuesday, October 12, 2010

ရွေးကောက်ပွဲ ကန့်ကွက်သူ မည်သူ့ကို မဆို အရေးယူရန် မီးစိမ်းပြ

ရွေးကောက်ပွဲ ကန့်ကွက်သူ မည်သူ့ကို မဆို အရေးယူရန် မီးစိမ်းပြ

အောက်တိုဘာ ၁၁၊ ၂၀၁၀

ရှေ့လဆန်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြက်ရယ်ပြု၊ ထိပါး၊ နှောင့်ယှက်သည့် မည်သူ့ကို မဆို ဖမ်းဆီးပြီး အဆင်ပြေသည့် ပုဒ်မဖြင့် အရေးယူရန် ဗိုလ်ချုပ်ကြီးတို့က အမိန့် ပေးထားသည်ဟု နေပြည်တော်မှ လာသော သတင်းများက ဆိုသည်။

`အခု ထွက်နေတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခိုင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်လာပြီးတော့ ထုတ်ပြန်လိုက်တာနေမှာပါ။ ဒါကတော့ အတွင်းစကားတွေ အရပါ။ အထက်က နှုတ်မိန့်နဲ့ ထုတ်ထားတဲ့ သဘောပဲ´ ဟု နေပြည်တော်မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရိုက်နှိပ်ထားသော စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟု ဆိုသော မွန်ပြည်နယ်မှ သံဃာတပါး၊ ရန်ကုန်မှ ကျောင်းသား ၁၀ ဦးထက်မနည်း တို့ ထိန်းသိမ်းခံခဲ့ရသည်ဟု ပြီးခဲ့သည့် လအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။


ဗိုလ်ချုပ်ကြီးတို့၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ “မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့် အရေး” ရှိသဖြင့် မဲပေးခြင်း မပြုရန် နိုင်ငံရေးသမား အများအပြားက နိုင်ငံတ၀န်း လှုံ့ဆော်လျက် ရှိသည်။ အထူးသဖြင့် NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနယ်နယ်သို့ သွားရောက် လှုံ့ဆော်နေသည်။ သို့သော်လည်း ထိုသို့ လှုံ့ဆော်သည့် NLD အဖွဲ့ဝင်တို့ကို ဖမ်းဆီးသည့် သတင်းများ ထွက်ပေါ်မလာသေးပေ။

No comments:

Post a Comment