Popular Posts

Thursday, March 19, 2009

To be considered before wedding!!!!!!!!!!!!!!!!

Written by မောင်ဝဏ္ဏ   

ဖြစ်ပုံများ ပြောမပြော ချင်တော့ပါဘူးဗျာ။ မပြောချင်ဘူး ဆိုကတည်းက ပြောချင်နေလို့ပေါ့လေ။ ဒါမျိုးက ပြောလိုက်ရမှ စိတ်ထဲ နေသာထိုင်သာ ရှိသကိုးဗျ။ အတင်း ဆိုပါတော့ဗျာ။ အတင်း ဆိုကတည်းက ဟုတ်တာရော၊ မဟုတ်တာရော ပါတာပေါ့။ သူများ အကြောင်း အတင်းပြောမှာ မဟုတ်ဘူး။ ကိုယ့်အတင်းကို ကိုယ်ပြန်ပြောရမှာ။

ကျွန်တော်နဲ့ ကျွန်တော့ ဇနီး အိမ်ထောင်ကျခဲ့တာ ဒီနှစ်ဆို သုံးဆယ့် သုံးနှစ် ရောက်ပြီပေါ့ဗျာ။ စကားစပ်မိလို့ ပြောရဦးမယ်။ ကျွန်တော့် ဘော်ဒါကြီး ကိုတင်ထွန်း (မန္တလေး) တစ်ချိန်တုန်းက ပြောဖူးတယ်ဗျ။ အဲဒီ ပုဂ္ဂိုလ်က ခပ်ထွေထွေနဲ့ မှတ်သားလောက်ဖွယ် မိန့်ဆိုတာက "မိန်းမ တစ်ယောက်ကို ငါးနှစ်လောက် ပေါင်းနိုင်တဲ့ ယောက်ျားဟာ တကယ် သည်းခံနိုင်တဲ့ လူပဲ၊ ချီးကျူးဖို့ ကောင်းတဲ့ လူပေါ့"တဲ့။ ဒါဆို ကျွန်တော့်လို မိန်းမတစ်ယောက်ကို သုံးဆယ်နဲ့မှ သုံးနှစ်ကြီးများတောင် ပေါင်းသင်းနိုင်ခဲ့တဲ့မို့ဟာ ဧရာမ ချီးကျူးဖွယ် ပုဂ္ဂိုလ် ဖြစ်ကရောပေါ့၊ ဟုတ်ဖူးလား။
အမှန်တော့ မိန်းမတစ်ယောက်ကလည်း ယောက်ျား တစ်ယောက်ကို နှစ်ရှည်လများ သည်းခံပေါင်းရတာ လွယ်မှတ်လို့။ ခန္တီစိတ် ရှိမှဖြစ်တာ။ ထားပါတော့လေ။ ကျွန်တော်တို့ အိမ်ထောင်သက် ၃၃ နှစ် ရှိပြီပေါ့။

ဇာတ်ကြောင်း ပြန်လှန်ရရင် ကျွန်တော့် အသက် သုံးဆယ်လောက်မှာ ခု ကျွန်တော့် ဇနီး ဖြစ်နေရှာတဲ့ မချိုရီကို တွေ့ခဲ့တာဗျ။ သူငယ်ငယ်ကတော့ ကျွန်တော့် မျက်စိထဲ တော်တော် လှတာပဲဗျာ။ ဆံပင်က တံကောက်ကွေးထိ ရောက်တယ်။ ကျစ်ဆံမြီး ကျစ်ထားရင်တောင် ခါးလယ်ကျော်ကျော် ဆံပင်ကောင်းသဗျ။ မိန်းမတို့ရဲ့ ကောင်းခြင်းငါးဖြာမှာ ဆံပင်၏ ကောင်းခြင်း ဆိုတာ ပါမဟုတ်လားဗျာ။ (ခုတော့ ဆံပင်ကျွတ်၊ ဆံပင်ဖြူမို့ ကုပ်ဝဲဖြတ်ထားတယ်) ရုပ်ချောတယ်၊ မချောဘူး ဆိုတာတော့ ကိုယ်ထင်ခုတင် ရွှေနန်းပဲ။ အဲ ညားကြရော ဆိုပါတော့ဗျာ။ ဒါလည်း ကျွန်တော့် အစွမ်းအစ သိပ်မပါ ပါဘူး။ သူ့အစ်မတွေနဲ့ သူ့ သူငယ်ချင်းတွေက ကျွန်တော့်ဘက်က ဘေးတီးပေးလို့ ကျွန်တော့်ကို ပြန်ကြိုက် လိုက်တယ် ဆိုတာပဲ။ (ဒါက အိမ်ထောင်ကျပြီးမှ သိရတာ)

ယောက်ျား ဆိုတဲ့ ငနဲ တွေဟာ မိန်းမတစ်ယောက်ကို ကြိုက်ပြီဆိုရင် ယောက်ျား တံခွန် လူရည်ချွန်က မိုးစွန် တမွတ်ကြယ်ကို ဆွတ်မယ့် စိတ်မျိုးထားပြီး ကြားဖူးနားဝနဲ့ တတ်ကျွမ်းသမျှ နည်းအမျိုးမျိုး သုံးပြီး ကြံကြ ဖန်ကြတာ မဟုတ်လား။ ကျွန်တော်လည်း အဲသလိုပဲ နည်းပေါင်းစုံ သုံးပြီး လူပျိုလှည့်၊ ရည်းစားစာ ပေး စသည်ဖြင့်တွေ လုပ်ခဲ့တာပေါ့။ (မဟာဗျူဟာ၊ နည်းဗျူဟာ အစုံပေါ့လေ။)

ယောက်ျားတွေ ဆိုတာ မညားခင်က အဲဒီ မိန်းမမှ လှတယ်၊ တခြား မိန်းမတွေ မလှဘူးလို့ ထင်ပေမယ့် ညားလည်းပြီရော ကိုယ့်မိန်းမက လွဲရင် တခြား မိန်းမတွေ အားလုံး လှတယ်လို့ ထင်လေ့ ရှိကြသကိုး။ (ဆက်ဖတ်ရန်

No comments:

Post a Comment