Popular Posts

Monday, July 27, 2009

American Foreign Affair Ministry Mrs Clinton Hilary in ASEAN gam te in, kawnggakna kipan ding cih Galkap kumpi thusuahna ah gen!!

အမေရိကန်က အာဆီယံကို ခါးပိုက်ထဲထည့်ရန် ကြိုးပမ်းဟု နအဖ သတင်းစာပြော

Monday, 27 July 2009 18:17
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က အာဆီယံ နိုင်ငံများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိုမိုဖိအားပေးရန် တိုက်တွန်း ပြောကြားလိုက် ခြင်းသည် ၎င်းတို့၏ ခါးပိုက်ထဲထည့်ရန် အစပျိုးခြင်းဖြစ်နိုင်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ဖူးကက်ကျွန်းတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေးတွင် တွေ့ရသော မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AFP)

ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေး၌ မစ္စ ဟီလာရီ ကလင်တန်က မြန်မာ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်မပေးခဲ့လျင် အာဆီယံ အနေဖြင့် သင့်လျှော်သည့် ပေါ်လစီ အပြောင်းအလဲ လုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောသလိုသာ လိုက်နာ လုပ်ဆောင်မယ် ဆိုရင် အာဆီယံဟာ အမေရိကန်ရဲ့ သြဇာခံ အနေအထားကို ရောက်သွားပါလိမ့်မယ်။ ဒါဟာ အာဆီယံကို သွေးတိုးစမ်းတာ ဖြစ်သလို သူတို့ခါးပိုက်ထဲ ထည့်ဖို့ အစပျိုးလာ တာလည်း ဖြစ်နိုင်ပါတယ်”ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ယင်းသို့ မစ္စ ဟီလာရီက အာဆီယံကို မြန်မာနိုင်ငံအား ဖိအားပိုမိုပေးရန် ပြောကြားခြင်းသည် အာဆီယံ၏ အတွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ရောက်သည်ဟုလည်း သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံမှ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သည့် သခင်ချန်ထွန်းကမူ ယခုကဲ့သို့ သတင်းစာ၏ဖော်ပြချက်သည် မြန်မာပြည် သူပြည်သားများအတွက် ရလဒ်ကောင်းများ ရလာမည်မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အမေရိကန် အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပိုပြီးလုပ်လာနိုင်ဖွယ်ရှိတယ်၊ တကယ်တော့ မြန်မာနိုင်ငံဟာ နိုင်ငံ အသေးလေးဖြစ်တယ်၊ ဒါကြောင့် စစ်အစိုးရ အနေနဲ့ အခြားနိုင်ငံတွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ဖို့ ကြိုးစားရမယ့် အချိန်ဖြစ်တယ်”ဟု သခင်ချန် ထွန်းက ဆိုသည်။

ထို့အပြင် ဟီလာရီ ကလင်တန်က စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေး တိုးချဲ့မည်ဟု ပြောကြားခဲ့သည်။

“သူ့ကိုသာ လွှတ်ပေးလိုက်ရင် အခွင့်အလမ်းတွေ အများကြီးပွင့်လာမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကလည်း မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံတာမျိုး အပြင် မြန်မာပြည်နဲ့ဆက်ဆံရေးကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်”ဟု အာဆီယံဒေသတွင်း အစည်းအဝေး သို့ ရောက်ရှိစဉ် ဟီလာရီ ကလင်တန်က ပြောသည်။

ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ပြုလုပ်သည့် အာဆီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး (ARF) တွင် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

၎င်း အစည်းအဝေးတွင် ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များတက် ရောက်ခဲ့ ကြောင်း သိရသည်။

“ကျမတို့ဟာ ကာကွယ်ရေး(Defense) ၊ သံတမန်ရေး(Deplomacy) နဲ့ ဖွံ့ဖြိုးတိုးတက်ရေး(Development) ဆိုတဲ့ three D’s အပေါ်မှာ အာရုံစိုက်ဖို့ လိုအပ်ပါတယ်”ဟု မစ္စ ဟီလာရီ ကလင်တန်က သူနိုင်ငံခြားရေးဝန်ကြီး တာဝန် မထမ်းဆောင် ခင် သူ၏ နိုင်ငံခြားရေး မူဝါဒကို အမေရိကန် အထက် လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

No comments:

Post a Comment