Popular Posts

Monday, July 27, 2009

Gam dang pan honglut neeksathau nam 4 kikhaktanh!

စားသုံးဆီအမှတ်တံဆိပ် ၄ မျိုး ပိတ်ပင်

Monday, 27 July 2009 16:37
ပြည်ပမှ ဝင်ရောက်လာသော စားသုံးဆီများကို စစ်အစိုးရက စားသုံးရန် မသင့်ဟုဆိုကာ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန် တားမြစ်လိုက် ခြင်းကြောင့် ယင်းအမှတ် တံဆိပ်များ ရောင်းချ လျက်ရှိသော ဆီကုန်သည်များ အခက်အခဲဖြစ်နေရကြောင်း ကြားသိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများအနက် အမှတ်တံဆိပ် ၄ ခုကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၅ ရက်ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒီလို စားသုံးရန်မသင့်ဘူး ဆိုပြီးသာ ခဏခဏကြေညာနေတယ်။ ရောင်းတဲ့သူကရောင်း၊ စားတဲ့သူက စား နေတာပဲ။ အခုလည်း ရေသန့်တွေကို စစ်နေပြန်ပြီ၊ လုပ်ငန်းဘယ်နှခုလောက် နားရဦးမလဲမသိဘူး” ဟု ရန်ကုန် မြို့ခံတဦးက ဆိုသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပြည်ပမှ တင်သွင်းသော အမှတ်တံဆိပ် ၄ ခုတွင် စားသုံးဆီသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသဖြင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအစားအသောက်နှင့် ဆေးဝါး စီမံကွပ်ကဲရေး အဖွဲ့မှ တာဝန်ရှိသူ တဦးကပြောသည်။

ယင်းတံဆိပ်လေးခုမှာ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင် (Star Oil ကြယ်နီပုံ) အမှတ်တံဆိပ် (၁၈ လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး)၊ ကျောက်ပုစွန်တကောင်အမှတ်တံဆိပ် (၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး)၊ ရေနဂါး (Twin Sea Horse) အမှတ်တံဆိပ် (၁၈လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး) နှင့် Manufactured by, A1 Energy company Limited.ထိုင်းနိုင်ငံထုတ် ငါးကြော် (Pamola Brand) အမှတ် တံဆိပ် များဖြစ်ပြီး ၎င်းတို့ကို ရောင်းချခြင်းမပြုရန် လိုက်လံအသိပေး လျက်ရှိကြောင်း ညောင်ပင်လေးဈေး ပလာဇာရှိ စားသုံးဆီ ရောင်းဝယ်ရေးဆိုင်မှ အရောင်းဝန်ထမ်းတဦးက ဧရာဝတီကိုပြောသည်။

ပြီးခဲ့သည့်လများက လက်ဖက်များတွင် ဆိုးဆေးပါသဖြင့် စားသုံရန်မသင့် ဟုဆိုကာ တားမြစ်ခဲ့ သော်လည်း ယခုရက်ပိုင်းတွင်ပြန်လည်ရောင်းချခွင့်ပြုခဲ့သည်။

မေလ နှင့် ဇွန်လ ကလည်း ဓာတ်ခွဲခန်းသုံး ဆိုးဆေး အသုံးပြုထားသည့် ငါးပိ တံဆိပ် ၇၉ မျိုး၊ ငရုတ်သီးမှုန့် တံဆိပ် ၆ မျိုး၊ ပဲနီလေး တံဆိပ် ၁ မျိုး၊ ယိုစုံ (အချဉ်ထုပ်) တံဆိပ် ၁ မျိုး တို့ကို ပိတ်ပင်ကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ထုတ် ငရုတ်သီးမှုန့်နှင့် ငါးပိ အမှတ်တံဆိပ် ၂၈ ခုတွင် အန္တရာယ်ကြီးသည့် ဓာတုဗေဒ ဆိုးဆေး ပါဝင်နေသဖြင့် စားသုံးရန် မသင့်ကြောင်း ယခုလ ၁၃ရက်နေ့ ကကြေညာခဲ့သည်။

No comments:

Post a Comment