Popular Posts

Tuesday, July 28, 2009

Galkap kumpi Than Shwe tapa in, Bargaya Tembaw khawlna civil company singluang sepna laksak!

ဗိုလ်ချုပ်မှူးကြီး၏သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက်

Tuesday, 28 July 2009 19:19
ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။

ထိုလုပ်ငန်းသည် နိုင်ငံခြားတင်ပို့မည့် သစ်လုံးများကို ဝန်ချီစက်ကြီးများဖြင့် အတင် အချ ပြုလုပ်ပေး နေသော လုပ်ငန်း ဖြစ်ကြောင်း၊ သောကြာနေ့ (ဇူလိုင်လ ၂၄ ၇က်နေ့)က လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည့် ဦးရဲထွန်းနိုင်နှင့် အခြား အစု ရှယ်ယာဝင် ၄ ဦးတို့သည် ထိုလုပ်ငန်းမှ အပြီးတိုင် နှုတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှာ အမည် ပေးထားခြင်း မရှိပေ။

“ဗားကရာမှာ သစ်လုံးသယ်တဲ့ ကရိန်းတွေ ရှိတယ်၊ မြန်မာပြည်မှ သုံးခုပဲ ရှိတယ် အကြီးဆုံးတွေပေါ့၊ ရင်းနှီး မြှုပ်နှံမှုလည်း များတယ်၊ တလကို အမြတ်ငွေ သိန်း၂ဝဝ (ဒေါ်လာ ၁၉ဝဝဝ ကျော်) လောက် ဝင်တယ်၊ လုပ်ငန်းက ခိုင်တော့ ဦးကြိုင်ဆန်းရွှေက မျက်စိကျတာ” ဟု အဆိုပါ လုပ်ငန်းအုပ်စု နင့် နီးစပ်သူ တဦးက ပြောကြားသည်။

ယင်းလုပ်ငန်း၏ အကျိုးအမြတ်ကို မျက်စိကျနေသော ဦးကြိုင်ဆန်းရွှေက အလှည့်ကျ လုပ်ကိုင်ရန် လွန်ခဲ့သော တလခန့်က စတင် ကမ်းလှမ်းခဲ့ကြောင်း၊ ဦးရဲထွန်းနိုင် တို့က လက်မခံသောကြောင့် လုပ်ငန်း တခုလုံးကို လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗားကရာ ဆိပ်ကမ်းရှိ ၎င်းတို့၏ ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရရှိပေ။

အဆိုပါလုပ်ငန်းသည် အငြိမ်းစား စစ်အရာရှိများ စုပေါင်း၍ လုပ်ကိုင်ထားသည့် လုပ်ငန်း ဖြစ်သည်။ ဦးရဲထွန်းနိုင်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အငြိမ်းစား ဗိုလ်ကြီး တဦး ဖြစ်သည်။

ယခုအခါ လုပ်ငန်းရှင် ဦးရဲထွန်းနိုင် အပါအဝင် အစုရှယ်ယာဝင် ငါးဦးသည် ၎င်းတို့ပိုင် လုပ်ငန်းသုံး ပစ္စည်းများကို ထုခွဲ ရောင်းချရန် စီစဉ် နေပြီး အလုပ်သမား ၅ဝ ခန့် ကိုလည်း လျော်ကြေး အဖြစ် မြန်မာငွေ ကျပ်၂သောင်းခွဲစီ ပေးလျော်ခဲ့ရကြောင်း အဆိုပါ လုပ်ငန်းအုပ်စု နှင့် နီးစပ်သူများက ဧရာဝတီကို ပြောပြသည်။

ဦးကြိုင်ဆန်းရွှေသည် စစ်အစိုးရ ချုပ်ကိုင်ထားသော စီးပွားရေးလောကမှ ဦးတေဇ၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သား ဦးအောင်သက်မန်း တို့ကဲသို့ နာမည်ကြီး စီးပွားရေး သမား မဟုတ်ပေ။ သို့သော်လည်း ကုမ္ပဏီများတွင် အစုရှယ်ယာ အဖြစ် ငွေကြေး ထည့်ဝင်ခြင်း မရှိဘဲ အကျိုး အမြတ် ရယူသူဟုလည်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောသည်။

No comments:

Post a Comment