Popular Posts

Monday, July 27, 2009

Malaysia gam Ulian in, kawlgam mi nasem te azuak nahangin, kimanh !

မြန်မာအလုပ်သမားများကို ရောင်းစားသည့် မလေးရှား အရာရှိ တရားစွဲခံရ

Monday, 27 July 2009 18:43
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လ၀က) ထိန်းသိမ်းရေး စခန်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနယ်စပ်ရှိ လူကုန်ကူးသူများထံသို့ ရောင်းစားခဲ့သည့် မလေးရှား အရာရှိတဦးကို သက်ဆိုင်ရာ အာဏာပိုင်များက တရားစွဲဆို လိုက်ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ တောင်ပိုင်း ဂျဟိုး ပြည်နယ် လ၀က အရာရှိ Rahman Selamat သည် ယခုအခါ လူကုန်ကူးမှုနှင့် ပတ်သက်၍ တရားရုံးတွင် တရားရင်ဆိုင်ရမည် ဖြစ်သည်ဟု သူ၏ ရှေ့နေဖြစ်သူ Wan Mohamad Fadzil Maamor ၏ပြောကြားချက်ကိုလည်း ယင်းသတင်းက ကိုးကား ရေးသားထားသည်။

မြောက်ပိုင်း Kelantan ပြည်နယ်တရားရုံးက Rahman ၏ အာမခံကို ငြင်းပယ်ခဲ့ပြီး ၎င်းအနေဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၁၅နှစ် အထိ ကျခံရဖွယ် ရှိကြောင်းသိရသည်။

ယင်းအမှုကိုသြဂုတ်၂၅နေ့အထိ ရွှေ့ဆိုင်းထားပြီး အသေးစိတ်ကိုမှု မသိရှိရသေးကြောင်း သတင်းတွင် ပါရှိသည်။

ဇူလိုင်လ ၁၇ ရက်နေ့က တခြားသော လ၀က အရာရှိ ၄ ဦးနှင့်အတူ မြန်မာအလုပ်သမားများကို သယ်ယူ ပို့ ဆောင်ပေးခဲ့သော ကားသမား ၄ ဦးတို့ကိုလည်း Rahman နှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လဝက အရာရှိများသည် ထိုင်းနယ်စပ်ရှိ လူကုန်ကူးသူများထံသို့ တဦးလျှင် မလေးရှား ရင်းဂစ် ၆၀၀ ကျော်ဖြင့် ရောင်းချ လေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

လူကုန်ကူးသူများက ယင်း မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ တဦးလျှင် မလေးရှား ရင်းဂစ် ၂၀၀၀ ပေးမည်ဆိုလျှင် လွတ်လပ်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်လာသော မြန်မာများသည် အဆိုပါသတ်မှတ်ထားသော ငွေကြေးမပေးနိုင် ပါ က လိင်ဖြေဖျော်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ငါးဖမ်းစက်လှေများတွင် ၀င်ရောက်လုပ်ကိုင်ရန် ဖိအားပေးခြင်း ခံရသည်ဟု အမေရိကန် အထက်လွတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ က ဧပြီလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံအခြေစိုက် မြန်မာ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (BWRPC) ၏ စာရင်း ပြုစုထားချက်အရ အလုပ်သမားတဦးလျှင် မလေးရှားငွေ ၂၅၀၀ မှ ၂၈၀၀ အထိ လူကုန်ကူးသူများကို ပေးရပြီး လူကုန်ကူးခံရသူ စုစုပေါင်း ၃၀၀ ခန့် ရှိကြောင်း သိရသည်။

ယင်းရွှေ့ပြောင်းမြန်မာ အလုပ်သမားများသည် မည့်သည့် တိုင်းရင်းသားများဖြစ်သည်ကို ပြောဆိုခြင်းမရှိသော် လည်း မလေးရှားနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက် ကြသူအများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြောင်းသိရသည်။

လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် တခြားသော အရာရှိများနှင့် ကားသမားများအား အရေးယူ ဆောင်ရွက် ရေးကိုမှု ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရှိ ရသေးပေ။

မကြာသေးမီက Kajang ပြည်နယ် Semenyih လ ဝ က အချုပ်ခန်းတွင် ဆန္ဒပြခဲ့သော အထိန်းသိမ်းခံ မြန်မာ အလုပ်သမား ၅၉၈ ဦးကို ယခုအခါ KLIA(Kuala Lumpur International Airport) အကျဉ်းစခန်းသို့ ပြောင်းရွှေ့ လိုက်ပြီဖြစ်သည်။

မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် တရားဝင်မှတ်ပုံတင်ထားသော ဒုက္ခသည် အရေအတွက်မှာ ၄၈၀၀ ခန့်ရှိပြီး အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း လူထုနှင့် ထိစပ်လုပ်ကိုင်နေသော အဖွဲ့အစည်းမှ ခေါင်းဆောင်များက မလေးရှားနိုင်ငံရှိ မြန်မာ ဒုက္ခသည်များသည် ယင်းအရေအတွက်ထက် နှစ်ဆခန့် ပိုသည်ဟုဆိုသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် လျက်ရှိရာ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

မလေးရှားသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများ နှင့် ဆက်သွယ် ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။


No comments:

Post a Comment