Popular Posts

Tuesday, July 21, 2009

Gandhi kilemna minphatna Suu Kyi kipia:

ဂန္ဒီ ငြိမ်းချမ်းရေးဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

Tuesday, 21 July 2009 16:01
မန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတကာ ဂန္ဒီ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို တောင်အာဖရိက နိုင်ငံ ဒါဘန်မြို့ တွင် ဇွန်လ ၂၀ ရက် နေ့ က ကျင်းပခဲ့သည်။

မဟတ္တမဂန္ဒီ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ က အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီ လမ်းစဉ်ကို ကျင့်သုံးသူများအား ချီးမြှင့်သည့် နိုင်ငံတကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မဟတ္တမဂန္ဒီ ဆုအတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးချယ်ခဲ့ပြီး ၊ သူမ ကိုယ်စား အဝေးရောက်ညွန့်ပေါင်း အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကလက်ခံရယူ ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

“လူတိုင်းလူတိုင်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုလက်ခံတာကို မြင်ချင်လိမ့်မယ်လို့ထင်ပါတယ်၊ ဒါပေမယ့် အခြေအနေက မပေးပါဘူး၊ အားလုံးသိတဲ့ အတိုင်းပါပဲ သူမဟာ အခုလောလောဆယ်မှာ မြန်မာစစ်အစိုးရ ရဲ့တရားစွဲဆို ခြင်းကို ခံနေရပါတယ်၊ စစ်အစိုးရရဲ့ အပြစ်ရှာဖမ်းဆီးထားတဲ့ ဒီအခြေအနေကို ကျနော်အင်မတန် စိုးရိမ်မိပါတယ်”ဟု ဒေါက်တာစိန်ဝင်း က အခုလိုပြောသည်။

ထိုဆု ကို ၂၀၀၃ခုနှစ်မှ စတင်ပြီး ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များ နှင့် ဘာသာရေးခေါင်းဆောင် များကို ရွေးချယ်၍ မဟတ္တမဂန္ဒီ အမှတ်တရ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တောင်အာဖရိက နိုင်ငံမှာ ရှေ့နေတဦးဖြစ်ခဲ့ပြီး တရားမျှတရေး ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြား စေ့ရေး အတွက် တစိုက်မတ်မတ်တိုက်ပွဲ ၀င်ခဲ့သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ထုတ်ဝေခဲ့သော Indian opinion သတင်းစာ ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ယင်းဆုကို စတင်ခဲ့ခြင်း ဖြစ်သည်။

အသားအရောင်တိုက်ဖျက်ရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ တောင်အာဖရိက နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလားက မဟတ္တမဂန္ဒီ ဆုကို ပြီးခဲ့သောနှစ်က လက်ခံရရှိခဲ့သည်။ ယခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် က ရရှိခဲ့ ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သောမေလ က အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော ( Mr. John William Yettaw ) ဆိုသူ နေအိမ် သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့မှုနှင့် တရားစွဲဆိုခြင်း ခံနေရသည်။

၂၀၀၃ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှု အပြီး မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံ နေရသည်မှာ ၅နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ခုနှစ် မှ စတင်၍ နေအိမ် အကျယ် ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


No comments:

Post a Comment