Popular Posts

Wednesday, July 22, 2009

Yangon Passport zum pan innkuan lai amanlo zang mi 20 val kiman!

နိုင်ငံကူးလက်မှတ်ရုံး ဖမ်းဆီးမှု ရန်ကုန်တွင် လူပြောများနေ

Wednesday, 22 July 2009 19:04
ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ်နှင့် သန်းခေါင်စာရင်း အတုအပ ပြုလုပ်ပေးသူ လူ ၂၀ ကျော်အား ဖမ်းဆီးလိုက်ကြောင်း ကြားသိရသည်။

၎င်းဖမ်းဆီးမှုသည် လိုဏ်ခေါင်း ဆောက်လုပ်ရေး အရာရှိ တချို့ ပြည်ပ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သူများ လွတ်မြောက်မှုနှင့် ပတ်သက်နေကြောင်း ရန်ကုန်တွင် သတင်းကြီးနေသည်။

ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ် လုပ်ပေးရေး အရာရှိ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက “ဥမင် လိုဏ်ခေါင်း ဆောက်တဲ့ အရာရှိ တွေက နေပြည်တော်ကနေ ရှမ်းပြည်ဘက်ကို ထွက်ပြေးတယ်၊ အဲဒီကနေတဆင့် ရန်ကုန်ကို ထွက်သွားတယ် လို့ကြားတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး“နေ့ ချင်းပြီး နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ ပွဲစားတွေ၊ သန်းခေါင် စာရင်း လုပ်ပေး တဲ့ သူတွေ တော်တော်များများကို ဖမ်းထားတယ်၊ ကျပ် ၆ သိန်း ၈ သိန်းလောက် ပေးပြီးလုပ်သွားတယ်လို့ ကြား တယ်၊ အတိအကျတော့ မသိဘူး” ဟုလည်း ပြောသည်။

အဆိုပါ လူပြောများနေသော သတင်းနှင့် ပတ်သက်ပြီး လွတ်လပ်သော အတည်ပြုချက်များ မရနိုင်သေးပါ။

ထို ဥမင် လိုဏ်ခေါင်း ဆောက်လုပ်ရေးမှ ထွက်ပြေးတိမ်းရှောင်သူ အရာရှိ ၆ ဦး အနက် ၄ ဦးမှာ ပြည်ပ နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန် နှစ်ဦးက နိုင်ငံကူး လက်မှတ်ပြုလုပ်နေစဉ် အတောအတွင်း သတင်းပေါက်ကြားမှုဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။

ယခု လဆန်းပိုင်းတွင် စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်သည့် သတင်းများလည်း ဧရာဝတီတွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။

၎င်းသတင်းများ၊ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်လ်ဂျာဇီးရား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။


No comments:

Post a Comment