Popular Posts

Tuesday, July 21, 2009

Kawlgam sung thupiang leh Thai te'n ahan thotna:

မြန်မာ့အရေး ထိုင်း ဖိအားပေး

Tuesday, 21 July 2009 15:09
မန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက် ပြောင်းလဲရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း (Kasit Piromya) က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက် အပန်းဖြေစခန်း တနေရာတွင် ပြုလုပ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် မြန်မာနိုင်ငံအပြောင်းအလဲ ကိစ္စ နှင့် ပတ်သက်၍ ကဆစ် ဖိရုမ်း က သတင်းထောက်များ ကို ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံ အဖွဲ့အနေနဲ့ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်ဆောင်ရွက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်”ဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ ဥက္ကဋ္ဌ ကဆစ် ဖိရုမ်းက ပြောသည်။

မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် လိုလားသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆန္ဒများကို မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသိအောင်လည်းပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးတွင် အမေရိကန် အပါအဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံ တက်ရောက်မည် ဖြစ် ကြောင်း သိရှိရသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်၍ ဒေသ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပြဿနာ မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံ အနေနဲ့ ကမ္ဘာကို ဆက်လက် ရှင်းပြနေရဦးမယ်” ဟု ဆူရင် ပစ်ဆူဝမ်က ဆို သည်။

ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက မေလအတွင်း ထုတ်ပြန်ကြေညာ၍ တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုမှုကို မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့် ကွက်သည် ဟူ၍ တန်ပြန် ကြေညာခဲ့ရာမှ နှစ်နိုင်ငံ တင်းမာမှုများ ရှိခဲ့သည်။

ယခု အာဆီယံ အစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့က သတင်းထောက်များကို ရှောင်ရှားနေသဖြင့် မြန်မာပြည် ဆိုင်ရာ မေးခွန်းများကို ထိုင်းနိုင်ငံ ခေါင်းဆောင်များကိုသာ အားကိုးနေရကြောင်း သတင်းထောက်များက ပြောသည်။

ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံရာတွင် သတင်းထောက်များ မေးသည့် မေးခွန်း အားလုံးနီးပါး မှာ လည်း မြန်မာပြည် နိုင်ငံရေးအခြေအနေနှင့် မြန်မာစစ်အစိုးရ အကြောင်းများ ဖြစ်နေကြောင်းလည်း သိရသည်။

သာကေတတွင် လေဆင်နှာမောင်းတိုက်

Tuesday, 21 July 2009 15:20
ရန်ကုန်၊ သာကေတမြို့နယ် ၁၀ တောင်ရပ်ကွက် သန်လျင်တံတား အိမ်ရာဝန်း အနီးတွင် လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့သောကြောင့် အိမ် ၄ လုံး၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လေဆင်နှာမောင်းကြောင့် ပျက်စီးသွားသည့် အိမ်အမိုးများ ပြန်လည် ပြင်ဆင်နေ (ဓာတ်ပုံ - ဧရာဝတီ)

၎င်း လေဆင်နှာမောင်းမှာ သာကေတမြို့နယ်အတွင်းသို့ ဇူလိုင် ၂၀ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ ခန့်က ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

“လမ်းဆုံထိပ်က လေထိတဲ့ အိမ် ၄ လုံးစလုံး အမိုးတွေလန်ကုန်တယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး၊ သေဆုံးတာလည်းမရှိဘူး” ဟု သန်လျင်တံတား အိမ်ရာဝန်းအတွင်း နေထိုင်သူတဦးက ပြောသည်။

အဆိုပါ အိမ်ရာဝန်းမှာ သန်လျင် - ရန်ကုန် တံတားဆောက်လုပ်ရေး ၀န်ထမ်းများအား ချထားပေးသော မြေနေရာဖြစ်ပြီး နေထိုင်သူ အများစုမှာ အစိုးရ၀န်ထမ်းများနှင့် အငြိမ်းစားများ ဖြစ်ကြောင်း သိရှိရသည်။

လေဆင်နှာမောင်းသည် အဆိုပါ အိမ်ရာဝန်းအတွင်း တိုက်ခတ်ခဲ့ပြီး ကြယ်ငါးပွင့် သင်္ဘောကျင်း အနောက်၊ ဆီအုန်းစက်ရုံကို အဖျားခတ် တိုက်သွားသောကြောင့် အမိုးတချို့လန်သွားခဲ့ကြောင်း သိရှိရသည်။

“အဲဒီ စက်ရုံ အမိုး ၂ ချပ်လန်သွားတာကို နေ့ခင်းပိုင်းမှာ ချက်ခြင်းပြင်ကြတယ်။ သက်ဆိုင်ရာကလည်း လာကြည့်ပေးတယ်။ လူနေအိမ် ၄ လုံး ထိသွားတာ နေမရတော့လို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ကြတယ်။ အခု အိမ်အမိုးတွေ ပြန်မိုးနေကြပြီ” ဟု စက်ရုံအနီး သာကေတ ၁၀ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

သာကေတ ဆီအုန်းစက်ရုံမှာ ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင်၏တူ ပိုင်ဆိုင်သည်ဟု သိရှိရသည်။ အဆိုပါ စက်ရုံမှ ဆီချက်သည့်အခါ ထွက်ပေါ်လာသော အနံ့ဆိုးများ၏ ဒဏ်ကို မခံနိုင်သောကြောင့် အဆိုပါ စက်ရုံနှင့် အနီးဆုံး သာကေတ ၆ ရပ်ကွက်တွင် နေထိုင်သူများက အာဏာပိုင်များကို တိုင်ခဲ့ဖူးကြောင်း သိရှိရသည်။

“ဆီအုန်းစက်ရုံနဲ့ ကပ်နေတဲ့ ရပ်ကွက်က အနံ့တွေ မခံနိုင်လွန်းလို့ အထက်ကို တိုင်ဖူးတယ်။ ဘယ်သူမှ အရေးမယူတဲ့အပြင် တိုင်တဲ့သူနေတဲ့ အိမ်ကိုတောင် စက်ရုံပိုင်ရှင်က ၀ယ်ဖို့လုပ်ခဲ့သေးတယ်” ဟု ၆ ရပ်ကွက် တွင် နေထိုင်သူ တဦးက ပြောဆိုသည်။

No comments:

Post a Comment