Popular Posts

Wednesday, July 22, 2009

North Korea Nuclear pilna Kawlgam te ki-ap leh ASEAN ading lunghimawh huai thu:

နျူကလီးယား နည်းပညာ အလွှဲအပြောင်း အမေရိကန် စိုးရိမ်

Wednesday, 22 July 2009 19:18
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဒေသ တနေရာ၌ လတ်တလော ကျင်းပနေသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ မစ္စ ဟီလာရီ ကလင်တန် က ပြောကြားလိုက်ခြင်းဖြစ်သည်။

ယနေ့တွင် မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်ပြီး ရုရှား၊ တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား နိုင်ငံတို့ ပါဝင်သည့် ဆွေးနွေးပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မစ္စ ဟီလာရီ က ထိုင်းနိုင်ငံ Nation TV နှင့် တွေ့ဆုံခန်းတွင်“မြန်မာ စစ်အစိုးရကို မြောက်ကိုရီးယားက နျူကလီးယား နည်းပညာ ဖြန့်ဝေလိုက်မှာကို ကျမတို့ စိုးရိမ်မှုရှိတယ်”ဟုလည်း ပြောသည်။

မစ္စ ဟီလာရီ ကလင်တန်သည် ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး မကြာသေး ခင်ပင် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး ဆက်ဆံမှုသည် အာဆီယံဒေသတွင်း တည်ငြိမ်မှုအား ခြိမ်း ခြောက်နိုင်သည်ကို စိုးရိမ်မိကြောင်းလည်း ပြောဆိုထားသည်။

အဆိုပါ မြောက်ကိုရီးယား၏ အကူအညီဖြင့် မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ယူဆရသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်း များကို ပြီးခဲ့သည့် ဇွန်လအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ထိုအတောအတွင်း Kang Nam 1 အမည်ရှိ စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သဘောင်္တစီးသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် မောင်းနှင်လာပြီး ရန်ကုန်မြို့ သီလဝါ ဆိပ် ကမ်းတွင် ဆိုက်ကပ်ဖွယ် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။ ထိုသဘောင်္နောက်သို့ အမေရိကန် ရေတပ် သဘောင်္တစီးကလည်း နောက်ယောင်ခံ လိုက်နေခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိန်ထောင်တွင် ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခဲ့သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များအတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့ကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာ စစ်အစိုးရအနေနှင့် ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်မပေးပါက အာဆီယံ အဖွဲ့မှ မြန်မာနိုင်ငံကို ထုပ်ပယ်ပစ်ရန်လည်း မစ္စ ဟီလာရီက ပြောဆိုခဲ့သည်။

“အာဆီယံဟာ အဖွဲ့ဝင်တွေနဲ့ သင့်တော်မယ့် မူဝါဒ အပြောင်းအလဲ လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။

ယခု ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်၍ မစ္စ ကလင်တန်က “အမေရိကန်အနေနဲ့ အာဆီယံ ဒေသ တွင်း ကိစ္စတွေမှာ အခိုင်အမာယုံကြည်မှုနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိပါတယ်၊ အနာဂတ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်ဝမှုတွေအတွက်လည်း ဖြစ်နိုင်ခြေရှိတဲ့အလားအလာတွေကို ကြိုးစားဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန်၏ ယခု အာရှ ခရီးသည် ဒုတိယ အကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ် အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခဲ့သည်။

No comments:

Post a Comment