Popular Posts

Thursday, September 24, 2009

Kawlgam-American kizopna hong hoih kik ding mawleh?


စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ နယူးယောက်မြို့သို့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကုလသမဂ္ဂညီလာခံ တက်ရောက်ခြင်းနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စစ်အစိုးရအပေါ်ထား ရှိသော လက်ရှိမူဝါဒများကို ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်အစိုးရခေါင်းဆောင်ပိုင်းကို ၁၉၉၀ခုနှစ်မှ စတင် တရားဝင် ခရီးသွားလာခွင့် ပိတ် ပင်ထားခဲ့သော်လည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား မြို့တော်ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမိသားစုများ အပြင်၊ ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဖြင့်လည်း ပြီးခဲ့သည် စနေနေ့ကတွေ့ဆုံခွင့် ပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် အမေရိကန်ပြည် ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့်လည်း တွေ့ဆုံလိမ့်မည် ဟု ၀ါရှင်တန်ပို့စ်သတင်းစာကြီးတွင် ရေးသားထားသည်။

“ဒီလိုအမေရိကန်က စစ်အစိုးရ လုပ်ရပ်ကို သိရဲ့သားနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ ခေါ်တာကိုတော့ လက်မခံဘူး၊ သူတို့ ကစားကွက်ကို ကွင်းကျယ်ကျယ် မပေးသင့်ဘူး” ဟု အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင် က ပြောသည်။

အကယ်၍ အမေရိကန်နိုင်ငံ အနေဖြင့် စစ်အစိုးရနှင့် ဆက်ဆံရေးကို ကောင်းမွန်ရန် ပြုလုပ်လိုသည့် ဆန္ဒရှိလျှင် တရား ၀င်သံတမန်ဆက်ဆံရေးမှ စတင်သင့်သည်ဟုထင်မြင်ကြောင်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင် က ပြောသည်။

“တကယ်လို့လုပ်ချင်ရင် သံတမန်ဆက်ဆံရေး လမ်းကြောင်းကသွားသင့်တယ်၊ ဒါမျိုးကို နားလည်ပေး လို့ရ တယ်၊ အခုလို ၀န်ကြီးချုပ်တို့ နိုင်ငံခြားရေးဝန်ကြီးတို့ကို ကြိုဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး” ပာု၎င်းက ဆိုသည်။

ထို့အပြင်အမေရိကန် အစိုးရ အနေဖြင့် စစ်အစိုးရ နှင့်ဆက်ဆံရေးကို ယခုကဲ့သို့သောပုံစံမျိုးဖြင့် ဆက်ဆံရေး မတိုးချဲ့သင့် ကြောင်း၊ ဤကဲ့သို့ ပုံမှန်မဟုတ်သော ဆက်ဆံရေးတိုးချဲ့ခြင်းသည် ဒီမိုကရေစီအင်အားစုကိုပါ ထိခိုက်နိုင်ကြောင်းလည်း ဦးဝင်းတင်ကသုံးသပ်သည်။

မြန်မာနိုင်ငံအပေါ်ထားရှိသည့် ဆက်ဆံရေးပေါ်လစီကို အမေရိကန်သမ္မတ အိုဘားမားအစိုးရက ပြန်လည်သုံးသပ် နေရာတွင် ယခု အခါ အချောသတ်ပြီးစီးနေပြီဖြစ်ပြီး၊ ထုတ်ပြန်ကြေညာ တော့မည်ဟုသိရသည်။

“ပေါ်လစီသုံးသပ်ချက်ထွက်မယ်ပြောတယ်၊ စစ်အစိုးရက တရုတ်၊ ရုရှားရှိတယ်ဆိုပေမယ့် စီးပွားရေးပိတ်ဆို့ထားတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး အရမ်းကောင်း ချင်နေတယ်၊ တကယ်ဖြစ်လာရင်တော့ ကျနော်တို့ တိုင်းပြည်အတွက် ကောင်းတာပေါ့၊ ၀မ်းသာစရာပဲ” ဟု မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက ဧရာဝတီကိုပြောသည်။

လက်ရှိအမေရိကန် အစိုးရအနေဖြင့် ယခင်အစိုးရများနှင့်မတူဘဲ မြောက်ကိုရီးယား ၊ အီရန် ၊ မြန်မာကဲ့သို့သော အာဏာရှင် နိုင်ငံများ နှင့် တွေဆုံဆွေးနွေးရေးကို ဦးစားပေးသော မူဝါဒဖြစ်ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကိုလည်း ပစ်ပယ် လိမ့်မည် မထင်ကြောင်း၊ ဒီမိုကရေစီနိင်ငံ တည်ဆောက်ချင်လျှင် ဒီမိုကရေစီနိုင်ငံဖြင့်ဆက်ဆံရမည်ဖြစ်ပြီး ဒီမိုကရေစီအ ရေးလှုပ်ရှားသူများ အနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ရေရှည်တိုင်းပြည် ဖွံဖြိုး ရေးအတွက် ကြည့်ရန် လိုကြောင်း ဦးအောင်နိုင်ဦးကသုံးသပ်သည်။

လက်ရှိ စစ်အစိုးရ နှင့် သံတမန်ဆက်ဆံရေးအဆင့်သည် အမေရိကန်အစိုးရက သံအမတ် အဆင့်ထား ရှိခြင်းမရှိဘဲ သံမှူးအဆင့် သာထား ရှိကြောင်းသိရသည်။

“အမေရိကန်နဲ့သံအမတ်အဆင့် ပြန်လာနိုင်တယ်၊ ဆက်ဆံရေးလည်း ပြန်ကောင်းလာလိမ့်မယ်လို့မျော်လင့်တယ်” ဟု ယခင်စစ်အာဏာသိမ်းခဲ့သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ( န၀တ ) အဖွဲ့ဝင် လယ်ယာနှင့် သစ်တောရေးရာ ၀န်ကြီး ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ချစ်ဆွေ (ငြိမ်း ) က ဧရာဝတီသို့ပြောသည်။

အမေရိကန် နိုင်ငံအနေဖြင့် စစ်အစိုးရ နှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းသည် ယခုချက်ခြင်း စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပစ် မည်မဟုတ်ဘဲ သံတမန်ဆက်ဆံရေးတွင် သံအမတ်ကြီးအဆင့်သို့တိုးမြှင့်ရန် နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အပစ် ရပ်နယ်မြေများတွင် ထုတ်လုပ်နေသော မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ရန်လည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သူများကသုံးသပ် နေကြသည်။

ပြီးခဲ့သည် သြဂုတ်လလယ်က မြန်မာစစ်အစိုးရနှင့် ပြန်လည်ချဉ်းကပ်ဆက်ဆံရေးအတွက် တိုက်တွန်းပြောဆိုနေသူ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်အစိုးရ နှင့် စစ်အစိုးရ ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည် ဟုဆိုနိုင်သည်။

ဂျွန်မက်ကိန်း(John Macain) ၊ရစ်ချတ်ရှယ်ဘီ (Richard Shelby )၊ဘီလ် ရစ်ချတ်ဆန်(Bill Richardson) စတီဖင်ဆိုးလပ်(ဇ)(Stepen Solarz)၊ ကော့ချန်း( Cochran ) ၊ မက်ဒလင်း အောဘရိုက် (Madeline Albright) တို့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် အမေရိကန် ဆီးနိတ် အမတ်များဖြစ်သည်။

No comments:

Post a Comment